Main menu

ဆေးဖက်ဝင်မန်ကျည်းစေ့အစွမ်းအံ့မခန်း

Powered by Drupal
Mon, 12/29/2025 - 10:04 -- consumer_admin

     မန်ကျည်းစေ့တွင်ပါဝင်သော ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်-C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နှင့် အမိုင်နိုအက်စစ်တို့ကြွယ်ဝစွာ ပါဝင်သည်။ မန်ကျည်းစေ့၏ အပြင်လွှာသည် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေနိုင်သည်။ မန်ကျည်းစေ့တွင် ပိုတက်ဆီယမ် ပါဝင်နေသောကြောင့် သွေးတိုးကျစေနိုင်သကဲ့သို့ နှလုံးကျန်းမာစေရန်အတွက်လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်သည်။ မန်ကျည်းစေ့သည် အူမကြီးကင်ဆာအပါအဝင် ကင်ဆာရောဂါ တော်တော်များများကိုလည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်သည်။ မန်ကျည်းစေ့သည် နာကျင် ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ မန်ကျည်းစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက် လျှင်နှစ်ကြိမ်သောက်ပေးခြင်းဖြင့် အဆစ်များအတွင်း ချောဆီများဖြစ်ပေါ်စေပြီး အဆစ်နာခြင်း များကို သိသာစွာ သက်သာစေနိုင်သည်။ ဒူးနာသူများအတွက် များစွာအဆင်ပြေစေနိုင်သည်။ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း၊ သွားတွင် သွားချေးများဖြစ်နေခြင်းကို သက်သာစေရန် မန်ကျည်းစေ့အမှုန့်ကို အသုံးပြုနိုင်သည်။ မန်ကျည်းစေ့ကိုလှော်ပြီး အမှုန့်ကြိတ်၍ရလာသော အမှုန့်ဖြင့် သွားတိုက်ပေးနိုင်သည်။ မန်ကျည်းစေ့သည် သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေခြင်းကို သက်သာ‌စေနိုင်သည်။ အစာအိမ်ပြဿနာရှိခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အစာမကြေ ခြင်းများကို အထိရောက်ဆုံး သက်သာစေနိုင်သည်။ ကိုလက်စထရောပါဝင်မှု နည်းသောကြောင့် ကျန်းမာရေးအတွက်များစွာ အသုံးဝင်သည်။

          ဗက်တီးရီးယးများကို တိုက်ဖျက်ပေးနိုင်သည့် အာနိသင်ရှိသောကြောင့် အဆုတ်ရောင်ခြင်း၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ဗက်တီးရီးယား ပိုးကူးစက်ခြင်းကြောင့် ဖြစ်နိုင်သည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။ ချောင်းဆိုးခြင်း၊ အာသီး ရောင်ခြင်းနှင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။ ထို့ပြင်မန်ကျည်းစေ့ကို အာလုတ် ကျင်းဆေးအနေဖြင့် အသုံးပြုနိုင်သည်။ မန်ကျည်းစေ့အမှုန့်ကို  ချင်းအနည်းငယ်၊ သစ်ကြံပိုးခေါက် မှုန့်အနည်းငယ်တို့နှင့် ရောစပ်၍ ရေနွေးနွေးနှင့်ဖျော်ပြီး အာလုတ်ကျင်းပေးပါက ခံတွင်းထဲမှ ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်ပါသဖြင့် အအေးမိခြင်းကြောင့်ဖြစ်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အာသီးရောင်ခြင်းတို့ကို အထိရောက်ဆုံး သက်သာစေနိုင်သည်။ မန်ကျည်းစေ့သည် အင်ဆူလင်ထွက်ရှိမှုကို တိုးစေနိုင်သကဲ့သို့ ပန်ကရိယကို ကျန်းမာစေနိုင် သောကြောင့် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးသည်။ မန်ကျည်းစေ့တွင် ပိုတက်ဆီယမ်ပါဝင်သောကြောင့် သွေးတိုးကျစေနိုင်သည်။ ထို့ပြင် မန်ကျည်းစေ့သည် အရေပြားကို အစိုဓာတ်ထိန်းပေးသကဲ့သို့ အပြစ်အနာဆာကင်းစေနိုင်သည်။ အရေးအကြောင်း များကိုလည်း သက်သာစေပြီး တင်းရင်းလှပစေနိုင်သည်။ အရေပြားအတွက်လိုအပ်သည့် ရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေသည့်အသားအရေကို ပိုင်ဆိုင်လိုသူတိုင်း မန်ကျည်း စေ့ကိုမေ့ထား၍မရပေ။ မန်ကျည်းစေ့နှင့်ဓာတ်မတည့်သူများ၊ ရောဂါအခံရှိသူများ၊ ကျန်းမာရေးပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသောသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးများအနေဖြင့် ဆရာဝန်နှင်တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါသည်။ မန်ကျည်းစေ့သည် ဆေးဖက်ဝင်သည်မှန်သော်လည်း အလွန်အကျွံအသုံးမပြုရန်လည်း လိုအပ်သည်။ မန်ကျည်းသီးမှည့်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့တင်ပို့ရသည့်အပြင် ပြည်တွင်း၌လည်း စားသုံးမှုများသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည်။ မန်ကျည်းစေ့သည် ကျန်မာရေးကောင်းကျိုး အဖုံဖုံကို ပေးစွမ်းနိုင်ကြောင်းရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)