Main menu

ကြက်မောက်သီးကောင်းကျိုး

Powered by Drupal
Wed, 12/24/2025 - 10:21 -- consumer_admin

    ကြက်မောက်သီး၏ မူရင်းဒေသမှာ အင်ဒိုနီးရှားနှင့် မလေးရှားဒေသ တို့ဖြစ်သည်။ ကြက်မောက်ပင်ကို  အင်္ဂလိပ်အမည် RAMBUTAN ၊ရုက္ခဗေဒအမည်မှာ Naphelium lappacum ၊   မျိုးရင်းအမည်မှာ SAPINDACEAE ဟူ၍ခေါ်ဝေါ်ကြသည်။ကြက်မောက်သီးသည် ကျန်မာရေးဆိုင် ရာ ကောင်းကျိုးများသည့် ဆေးဖက်ဝင်အသီးဖြစ်သည်။ကြက်မောက်သီးသည် ဆီးချိုရောဂါကုသ ရာတွင်အသုံးဝင်ခြင်း၊ ဝိတ်ထိန်းနိုင်ခြင်း၊ နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေးနှင့် အစာခြေစနစ် ကောင်းမွန်ခြင်းအစရှိသည့် ဂုတ်သတိ္တများ ပိုင်ဆိုင်ခြင်းကြောင့် စားသုံးသင့်သည့် အသီးအမျိုးအ  စာဖြစ်သည်။ မန္တလေးမြို့ဈေးများတွင်း ယခု ဒီဇင်ဘာလဆန်းပိုင်းတွင်  ကြက်မောက်သီးဈေးနှုန်း အနေဖြင့် အလုံးအရေအတွက် ဖြင့်ရောင်းချကာ အလုံးကြီး ကြက်မောက်သီးတွင်(၁၀)လုံး ၆၀၀၀ မှ၇၀၀၀ ကျပ်နှင့် အလုံးသေး (၁၀)လုံးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရ ပါ သည်။

DOCA(မန္တလေး)