Main menu

ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ၏ ဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးပြုပုံများ

Powered by Drupal
Tue, 12/23/2025 - 11:45 -- consumer_admin

      ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက သခွား၊ ဘူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီး (ပဲလင်းမြွေသီး) ဟာ ကျန်းမာရေးအာဟာရများသလို စားရတာလည်း အရသာ ရှိတဲ့ အဖြူရောင် ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပါသည်။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော် လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာ အသား တစ်မျိုးမျိုးဖြင့် အဆာသွတ်ပြီး ချက်စားကြတဲ့အသီးတစ်မျိုးဖြစ်ပါသည်။ ဗုံလုံသီး (ပဲလင်းမြွေသီး) ကို ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက် လေ့ရှိပြီး အာရှဒေသတွင်းနိုင်ငံအများစုမှာ ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားသုံး လေ့ရှိကြပါသည်။ ဗုံလုံသီး (ပဲလင်းမြွေသီး) သည် ပူနွေးသော ရာတုဥတု၊ မြေဩဇာ အသင့် အတင့်ရှိပြီး ရေစီးရေလာကောင်းသော သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီသဲဝန်း စသော မြေများ တွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။     ဗုံလုံသီး (ပဲလင်းမြွေသီး) သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် အထူးစိုက်ပျိုးဖြစ်ထွန်း ပါသည်။     ဗုံလုံသီး (ပဲလင်းမြွေသီး)ကို စိုက်ရာတွင် ရေလောင်းမလွန်ရန် အထူးဂရုစိုက်ရန် လိုအပ်ပြီး ရေလောင်းလွန်ပါက အမြစ်များပုပ်ပြီး အပင်သေကြေပျက်ဆီး နိုင်ပါသည်။ ဗုံလုံသီး (ပဲလင်းမြွေသီး)မှာ ကယ်လ်လိုရီ၊ ရေဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ ကိုလက်စထရော၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင်C၊ ဗီတာမင် E၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ အိုင်အိုဒင်း တို့ ပါဝင်နေပါသည်။ အရသာ ရှိလှတဲ့ ဗုံလုံသီးကို စားသုံးပေးမယ်ဆိုရင် ဆီးချိုကာကွယ်နိုင်ခြင်း၊ အသားဝါ သက်သာစေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးခြင်း၊ နှလုံးကျန်းမာစေနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေခြင်း၊ ဗောက်ပျောက်စေခြင်းစတဲ့ ကျန်းမာရေး အကျိုး‌ကျေးဇူးများစွာရရှိစေနိုင်ပါသည်။ ထို့ကြောင့် ဗုံလုံသီး (ပဲလင်းမြွေသီး) ဈေးနှုန်းအနေဖြင့် တစ်တောင့်လျှင့် ၂၀၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)