Main menu

ကျောက်ကပ်အတွက်အားကောင်းစေသောအသီးအနှံများ

Powered by Drupal
Tue, 12/23/2025 - 10:37 -- consumer_admin

      ပန်းဂေါ်ဖီသည် ပိုတက်ဆီယမ်နည်းပြီး အမျှင်ဓာတ်ကြွယ်ဝ၍ ခန္ဓာကိုယ်ထဲက အဆိပ် အတောက်တွေကို လျော့ကျစေနိုင်တယ်။ ဂေါ်ဖီထုပ်သည် ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ကျောက်ကပ်အတွက်အကျိုးပြုကြောင်း၊ ငရုတ်သီးစိမ်းကိုစားသုံးခြင်းဖြင့် ပိုတက်ဆီ ယမ်နည်းပြီး ဗီတာမင် စီ နဲ့ အေ ကြွယ်ဝ၍ ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းကြောင်း၊  ကြက်သွန်ဖြူသည် ရောင်ရမ်းမှုကို လျော့ကျစေပြီး ကျောက်ကပ်ကို သွေးစီးဆင်းမှု ကောင်းစေ ကြောင်း၊ ကြက်သွန်နီသည် ဆားမထည့်ဘဲ အရသာရှိအောင် ချက်နိုင်ပြီး ပိုတက်ဆီယမ်နည်း၍ ကျောက်ကပ်အတွက် အားကောင်းစေသည်။ ပန်းသီးမှာအမျှင်ဓာတ် ကြွယ်ဝပြီး ကိုလက်စထရော၊ ဆီးချို သွေးချိုကို ထိန်းပေးသလို ကျောက်ကပ်ကိုလည်း ကာကွယ်ပေးကြောင်း၊ ဘလူးဘယ်ရီသီး၌ ကျောက်ကပ်ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ကြောင်း၊ စတော်ဘယ်ရီသည် ပိုတက်ဆီယမ်နည်းတဲ့ အသီးဖြစ်ပြီး ရောင်ရမ်းမှုကို လျော့ကျစေတယ်။ သရက်သီးတွင် ကျောက်ကပ်ဆဲလ်တွေကို ကာကွယ်ပေးတဲ့ resveratrol ပါတယ်။ နာနတ်သီးက ပိုတက်ဆီယမ်နည်းတာကြောင့် စိတ်ချရတဲ့ အသီးတစ်မျိုးဖြစ်ကြောင်း၊ ကြက်ဥအကာ၌ ဖော့စဖရပ်မပါဘဲ အရည်အသွေးမြင့် ပရိုတင်းပါဝင်ပြီး၊ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ အတွက်စားသုံးရန် သင့်တော်ပါသည်။ ဆယ်လ်မွန်ငါးနှင့် ငါးကြင်းငါးမှာ ကျောက်ကပ်ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အိုမီဂါ-၃ ပါဝင်သောကြောင့် သင့်တင့်စွာ စားသုံးသင့်သည်။ သံလွင်ဆီသည် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဆိုဒီယမ်နဲ့ ဖော့စဖရပ် နည်းသဖြင့် ကျောက်ကပ်အတွက် အထူးသင့်တော်ကြောင်း၊ ဆန်သည် ပိုတက်ဆီယမ် နည်းပြီး အစာကြေလွယ်တယ်။ တိုဟူးသည် ပိုတက်ဆီယမ်နည်းပြီး ပရိုတင်းအစားထိုးရန် စားသုံးပါက အားကောင်းကြောင်း၊ ပန်းဂေါ်ဖီစိမ်း၌ ဗီတာမင်ကြွယ်ဝပေမယ့် ပိုတက်ဆီယမ်ပါတာမို့ အနည်းငယ်သာ စားသင့်ပါသည်။ ဆလတ်ရွက်မှာ ပိုတက်ဆီယမ် အလွန်နည်းပြီး ကျောက်ကပ်ကို အကျိုးပြုကြောင်း၊ ဖရဲသီးသည် ရေဓာတ်ဖြည့်ပေးပြီး ကျောက်ကပ်နဲ့ သင့်တော်သော်လည်း ကျောက်ကပ်ရောဂါ ပြင်းထန်ရင်တော့ သင့်တင့်ရုံသာ စားသုံးသင့်ကြောင်း၊ ချင်း(ဂျင်း)သည် ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာကြေလွယ်ကာ ပိုတက်ဆီယမ် လုံးဝမပါသောကြောင့် စားသုံးပါက ကျောက်ကပ်‌ရောဂါ သည်များ စားသုံးရန် သင့်တော်သော အစားအစာဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)