
ကြက်သဟင်းရွက်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ပါတယ်။ ကြက်သဟင်းရွက်ဟာ အမဲသားထက် သံဓာတ် အဆများစွာ ပိုမို ကြွယ်ဝစွာပါဝင်ပြီး အမဲသား ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၆ မီလီဂရမ်ခန့်သာ ပါဝင်စွာသိရှိရပြီး၊ "ကြက်သဟင်းရွက်" ၁၀၀ ဂရမ် မှာတော့ သံဓာတ် ၁၅.၇ မီလီဂရမ်အထိ ပါဝင်တယ်လို့ သိရှိရပြီး၊ အမဲသားထက် သံဓာတ် ၆ ဆနီးပါး ပိုများပါသည်။
ကြက်သဟင်းရွက်ကို စားသုံးခြင်းဖြင့် သံဓာတ်ကိုဖြည့်တင်းပေးပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ် မြင့်မားစွာ ပါဝင်လို့ အရိုးနဲ့ သွားများကို အားကောင်းစေပြီး
အမျှင်ဓာတ်များစွာပါဝင်လို့ အစာခြေစနစ်က ကူညီပေးသလို ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ကြောင်း၊ မုန်ညှင်းဆီနဲ့ ကြော်ပြီး ကြက်ဥဖြင့် ရောစားခြင်း၊ ဝက်သား နုပ်နုပ်စဉ်းပြီးရေသန့်ဖြင့် ဟင်းချိုချက်စားခြင်း၊ ငါးခြောက်နဲ့ရောပြီး ဟင်းချိုအချဉ် ချက်စားခြင်း၊ ရေနွေးဖျောပြီး ငရုတ်သီးထောင်းနဲ့ တို့စားခြင်း၊ မကြာခဏ စားသုံးပေးခြင်းဖြင့် ဝိတ်မတက်စေဘဲ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အားအင်ပြည့်ဝ စေကြောင်းသိရှိရသည်။
DOCA(မန္တလေး)
