Main menu

မြေပဲအစိုပြုတ်၏အာဟာရအကြောင်း

Powered by Drupal
Tue, 12/23/2025 - 10:25 -- consumer_admin

     ဆောင်းဦးကာလ၌ ထွက်ပေါ်လေ့ရှိသော အာဟာရပြည့်ဝသည့် ရာသီပေါ်မြေပဲ အစိုပြုပ်များသည် လူအများစုမှာ ကြိုက်နှစ်သက်၍ အဆာပြေစားသုံးကြသည်။ အာဟာရဓာတ် မြင့်မားစွာပါဝင်သော မြေပဲအစိုတွင် ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် သတ္တုဓာတ်တို့ ပါဝင်သဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိကြောင်းသိရှိရသည်။ ဗီတာမင်အီးနှင့် မဂ္ဂနီဆီယမ် ပါဝင်သောကြောင့် နှလုံးနှင့် အာရုံကြောစနစ်အားဖြည့်ပေး၍ ကိုလက်စထရောကိုလျော့ချပေးသလို သွေးတွင်သကြားဓာတ်ကို ထိန်းချုပ်ပေးကြောင်း၊ အမျှင် ဓာတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် ဗိုက်ပြည့်စေပြီးကိုယ်အလေးချိန် ထိန်းချုပ်ရာမှာ အထောက် အကူပြုသည်။ မြေပဲပြုပ်ကို စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေး၍ နှလုံးသွေးကြောကိုအားဖြည့်ပေးပြီး နှလုံးနှင့် သွေးကြောစနစ်ကိုကျန်းမာ၍  ဆဲပျက်စီးမှုကို ကာကွယ်ပေးသလို အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်။ သည်းခြေအိတ်အတွင်း ကျောက်တည်ခြင်း ကိုလျှော့ချပေးကြောင်း၊ မြေပဲတွင် အဆီနှင့် ကယ်လိုရီမြင့်မားစွာ ပါဝင်သောကြောင့် သင့်တင့်သော ပမာဏကိုသာ ထိန်းချုပ်စားသုံးသင့်ကြောင်း၊ အာဖလာ တော့စင် မှိုဆိပ်ကင်းသော သန့်ရှင်းလတ်ဆတ်သည့် မြေပဲအစိုများကို ရွေးချယ်ဝယ်ယူ စာသုံးခြင်းဖြင့် မှိုဆိပ်သင့်ခြင်းကြောင့်ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေး ကြောင်း ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)