
ဝါးပင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုနှုန်းမှာ အခြားသောအပင်များထက် ပိုမိုစုပ်ယူမှု အားကောင်းသောအပင်ဖြစ်သည်။ ယခုကျွန်ုပ်တို့လက်ရှိအသုံးပြုနေသော တစ်ခါသုံး ဝါးတူများသည် ပြည်တွင်းထုတ်နှင့် အိမ်နီးချင်းတရုတ်နိုင်ငံမှ ဝင်ရောက်လာသော ပစ္စည်းများဖြင့် အသုံးများ ကြောင်းသိရသည်။ ထိုဝါးတူများကို ထုတ်လုပ်သည့်အခါ သန့်စင်ကြေးချွတ်ရန်အတွက် ဓာတုဆေးရည် တစ်မျိုးကို အသုံးပြုကြသည်။ ထိုဆေးရည်နှင့်ကြေးချွတ်ပြီးသောအခါ အခြောက်လှန်းပြီး ပါကင်ပိတ်၊ စျေးကွက်ကိုတင်ပို့ကြသည်။ စုပ်ယူမှုအားကောင်းသော ဝါးသည် ထိုဆေးရည်များကို အလွယ်တကူပင် စုပ်ယူသွားပေလိမ့်မည်။ အခြောက်လှန်းလိုက်သည်ဆိုသော်လည်း ထိုဆေးရည်သည် ပျောက်ပျယ် မသွားနိုင်ပေ။ နောက်တစ်ချက်မှာ ဝါးတူတွင်ပါလာသောမှိုသည်လည်း လူကိုဒုက္ခဖြစ်စေနိုင်သေးသည်။ အစားအသောက်များစားသုံးသောအခါတွင် ဝါးတူကိုအသုံးပြုခြင်းဖြင့် အစားအသောက်၏အပူဓာတ်နှင့် ထိတွေ့သောအခါ ဝါးတူတွင်ပါသော ဓာတုဆေးရည်အကြွင်းအကျန်နဲနဲနှင့် ဝါးတူတွင်ကပ်ပါနေသော မှိုများသည် အစားအသောက်ထဲတွင်ဝင်သွားပြီး စားသုံးသူများ၏ ကျန်းမာရေးကို ဒုက္ခပေးစေ နိုင်ပါသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီး ကျန်းမာရေးအတွက်လည်း မည်သို့မှကောင်းကျိုးမပြုသောတစ်ခါသုံးဝါးတူများကို အသုံးပြုမည့်အစား ဇွန်းခရင်းကိုသာ အသုံးပြု သင့်ပေသည်။ အကယ်၍ တူဖြင့်စားသုံးခြင်းကို နှစ်ခြိုက်သောသူများအနေဖြင့်ဆိုလျှင်လည်း ကိုယ်ပိုင် စတီးတူများဆောင်ထားသင့်ပါသည်။ ကိုယ်ပိုင်တူအသုံးပြုခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေ သည့်အပြင် သစ်တောပြုန်းတီးမှုကိုလည်း လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပေသည်။
