လူသားတို့ အသက်ရှည်ရန် အားနှစ်မျိုးလိုအပ်သည်။ ထိုအားနှစ်မျိုးမှာ သွေးအားနှင့် လေ အားတို့ဖြစ်သည်။ဓာတ်သဘောအားဖြင့်ဆိုလျှင်သွေးသည် အာပေါဓာတ်ဖြစ်ပြီး လေသည် ဝါယောဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက်ဓာတ်နှစ်မျိုးဖြစ်သည်။ ထိုဆန့်ကျင်ဘက်ဓာတ်နှစ်မျိုး ပေါင်းစပ် ကာ သွေးဟူသောအာပေါဓာတ်က တွန်းပို့လျက်ရှိပေသည်။ ဆန့်ကျင်ဘက်ဓာတ်နှစ်မျိုးပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ်တွင်းက သက်သေပြလျက်ရှိပေသည်။အသက်ကြီးလာသောအခါ သွေး အားယုတ်လာသည်ဟု ပြောစမှတ်ပြုကြသည်။ အမှန်က သွေးက ခန္ဓာကိုယ်အတွင်းတွင် အပြည့်ရှိ သည်။ သွေးကိုတွန်းပို့ပေးမည့် ဝါယောဓာတ်က အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်း ဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသောလက္ခဏာကို အစွန်အဖျားနေရာများမှပြသည်။ ငယ် ထိပ်တွင် ဆံပင်များကျွတ်ပြီး ပြန်မပေါက်တော့သောကြောင့် ထိပ်ပြောင်လာသည်။ ခြေထောက် ရှိ ခြေသန်း၊ ခြေသူကြွယ်ခြေချောင်းလေးများတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်ကို တွေ့ရ မည်ဖြစ်သည်။ ခန္ဓာကိုယ်အရေပြားတွင် အက်ကွဲရာများပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။
အသက်ကြီးလာလျှင် လေဆက်စေရန် အခါးစားပေးရမည်ဟု ရှေးလူကြီးများကဆိုသည်။ အခါးဟူရာတွင်လည်း နှစ်မျိုးရှိသည်။ ပူခါး နှင့် အေးခါးဟူ၍ အာယုဗ္ဗေဒဆေးကျမ်းများတွင် တမာအခါးကိုလည်းကောင်း၊ မုရားကြီးရွက်အခါးကို လည်းကောင်း၊ တောင်မရိုးအခါးကို လည်း ကောင်း ဝါး၍ လျှာဖြင့်စမ်းကြည့်သောအခါ အပူခါးအရသာကို တွေ့ရမည်ဖြစ်သည်။ တမာအခါးမှာ ပိုးကိုနိုင်သည်။ တောင်မရိုးအခါး မှာ အဖျားကိုနိုင်သည်။ မုရားကြီးရွက်အခါးမှာ ပန်းနာ၊ ချောင်းဆိုး နှင့် အဆုတ်နာရောဂါအမျိုးမျိုးတို့ကို နိုင်သည်ဟုဆိုသည်။ ခွေးတောက်ရွက်သည်လည်း ပူခါး မျိုးဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများသည့် ပါဒရက်ရောဂါအမျိုးမျိုးကိုနိုင်သဖြင့် ခွေးတောက်ရွက်ဟင်းချိုကို ကြက်ရိုးဖြင့်ချက်၍ ရှေးဆရာကြီးများက ဓာတ်စာပေးသည်ကို တွေ့ရဖူးသည်။
ရှေးလူကြီးများသည် လက်ဖက်စစ်စစ်ကို နှမ်းဆီဖြင့်စိမ်ပြီး နေ့လယ်ထမင်းစားပြီးတိုင်း အနည်းငယ်စားပေးကြသည်။ လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသောဆေး ဖြစ်သည် ဟုဆိုသည်။ လက်ဖက်သည် အေးခါးအရသာဖြစ်သဖြင့် ပူခါးအရသာဖြစ်သွားအောင် နှမ်းဆီဖြင့်စိမ် စားခြင်းဖြစ်သည်။ အသက်ရာကျော်ရှည်သောဘိုးဘွားများသည် ဤဓာတ်စာကို စားခဲ့ကြသည်ဟု မှတ်သားရဖူးသည်။ လေမသက် အနေခက်၊ လေမစုန် ငွေကုန်ဟု ရှေးလူကြီးများပြောကြသည်။ လူကြီးများအတွက် ကျန်းမာရေးမှာ လေကအရေးကြီးဆုံးဖြစ်သည်ဟုဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟုယူဆကြသော်လည်း လေလည်နေသည့်လူကြီးများမှာ ကျန်းမာနေသည်ကို တွေ့ရပေ သည်။ ဆေးပညာအရလည်း အသက် ၆၅ နှစ်ကျော်လျှင် လေအရွယ်ရောက်ပြီ ဖြစ်သဖြင့် လေဆက် မည့်ဓာတ်စာများ စားပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
