
ကြာစွယ်သည် ကြာပင်၏ရေအောက်မြေအောက်မှာ ပေါက်ရောက်သော ပင်စည်အမြစ်အပိုင်း တစ်ခုဖြစ်ပြီး ရေထဲမှာပေါက်ရောက်သောကြာပင်များသည် အမြစ်များနှင့်မြေကြီးကိုဆွဲထားပြီး မြေအောက်တွင် ကန့်လန့်ဖြတ်ပေါက်နေသော အဖြူရောင် သို့မဟုတ် အညိုရောင်ရှိသော အဆစ်အမြစ်တစ်ခုဖြစ်ပြီး ကြာစွယ်လို့ခေါ်ပါသည်။ ကြာစွယ်သည် ရေအောက်မြေကြီးထဲတွင် တစ်နှစ်ပတ်လုံးရှင်သန်နိုင်သော်လည်း ကြာစွယ်ကို အဓိကခူးယူပြီး စားသုံးနိုင်တဲ့ကာလများကတော့ မိုးအကုန်ဆောင်းဦးရာသီကနေ ဆောင်းရာသီအကုန်အထိဖြစ်ပါသည်။
ကြာစွယ်သည် သဘာဝအတိုင်းချိုမြိန်သောအရသာရှိပြီး အရသာမှာအတော်အတန်ပေါ့ကာ အနံ့မှာလည်း သစ်သီးအနံ့၊ အစိုဓာတ်ရှိသောမြေကြီးအနံ့ သို့မဟုတ် ဟင်းသီးဟင်းရွက်ရနံ့မျိုး ရှိပါသည်။ ကြာစွယ်ကို ပါးပါးလှီးကာ အကြော်မှုန့်ကပ်၍ကြော်စားခြင်း၊ အစိမ်းသုပ်စားခြင်း၊ ဟင်းချို အဖြစ်ချက်စားခြင်း၊ တရုတ်အစားအစာများဖြစ်သော မာလာရှမ်းကော၊ မာလာမောက်ချိုက်များ ပြုလုပ်ရာတွင် ထည့်သွင်းစားသုံးခြင်းဖြင့် အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ ကြာစွယ်သည် စားလိုက်လျှင် ကြွပ်ကြွပ်ဆတ်ဆတ်နှင့်အဆီစုပ်ယူနိုင်စွမ်းရှိပြီး မည်သို့ပင် ချက်ပြုတ်သည်ဖြစ်စေ ပြင်းထန်သောအရသာမျိုးမရှိဘဲ ဟင်းလျာတစ်ခုလုံးကို အသွင်အပြင်ဖြင့် အထောက်အကူပေး နိုင်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
DOCA(ပဲခူး)
