Main menu

အမျိုးသမီးများအတွက် ကျန်းမာရေး အထောက်အကူပြုမည့် ခရမ်းချဉ်သီး နှင့် အမျိုးမျိုး စားသုံးလို့ရသော ဖျော်ရည် အဖြစ်သောက်သုံးသင့်သော ခရမ်းချဉ်သီး

Powered by Drupal
Mon, 12/15/2025 - 11:36 -- consumer_admin

    ခရမ်းချဉ်သီး ဖျော်ရည်တွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်သောကြောင့် ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်သုံးသင့်သည်။ သန့်ရှင်းလတ်ဆတ်သော ခရမ်းချဉ်းသီးဖျော်ရည်ကို နေ့တိုင်း သောက်သုံးပေးပါက ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ခရမ်းချဉ်သီးဖျော်ရည်ဟာ ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးသလို ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကိုလည်း တားဆီးပေးသည်။

    ခရမ်းချဉ်သီးဟာ နေ့စဉ်အစားအသောက်ထဲမှာ အဓိကနေရာကပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီး အမျိုးအစားအများကြီးရှိပြီး ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ခရမ်းချဉ်သီးဟာ ဝိတ်ကျချင်တဲ့ သူတွေနဲ့ သွေးတိုးကျချင်တဲ့သူတွေအတွက်တော့ အထူးသင့်လျော်သည်။ နောက်ပြီး ပါဝါမျက်မှန် တပ်နေရတဲ့ မျက်စိအားနည်းသူတွေနဲ့ ဆီးချိုသွေးချိုသမားတွေအတွက်လည်းကောင်းသည်။

    ဟင်းပဲချက်ချက်၊ သုပ်ပဲစားစား၊ ဆော့စ်ပဲ ဖျော်ဖျော် အရ သာ ရှိသလို ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားရင်လည်း အရသာရှိတဲ့ ခရမ်းချဉ်သီး က ကျန်းမာရေးအတွက် အာနိသင်များသလို အသားအရေ ကိုလည်း ကျန်းမာစေပါတယ်။

ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၆) ချက်

   ကျွန်တော်တို့သည် နေ့စဉ်စားသုံးဖို့ အခွင့်ရေးများစွာရှိပါသည်။ခရမ်းချဉ်သီးကို ယိုပြုလုပ် ၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း၊ အသားများချက်ရာတွင် အနှစ်အဖြစ် လည်းကောင်း၊ လက်ဖက်သုပ်စားရာတွင်ထည့်၍ သော်လည်းကောင်း၊ အခြားသီးနှံများနှင့် ရောကြော်၍သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့်် ပြုလုပ်စားသုံးကြသည်။ ခရမ်းချဉ်သီးကို ကြိုက်လွန်းသော လူအချို့သည် သွားရေစာအဖြစ် ရေဆေးပြီး အလုံးလိုက်ပင် အစိမ်းစားသုံး တတ်ကြသည်။

    ခရမ်းချဉ်သီးကိုစားလျှင် အသားအရေလှသည်ဟူသော အချက်ကို လူတိုင်းနီးပါး ကောင်းစွာသိကြ မည်ဖြစ်ပါသည်။ထိုကဲ့သို့ ခရမ်းချဉ်သီးကို စားလျှင် ရရှိနိုင်မည့် အကျိုးကျေးဇူး (၆) ချက်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

 (၁) ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း ဟူသောရောင်ခြယ် ပစ္စည်းပါ ဝင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုကြောင့် ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံး နှင့်ဆံပင်တို့ကိုပါ ကျန်းမာကောင်းမွန်စေပါသည်။

(၂) ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်သောကြာင့် ခန္ဓာကိုယ်ရှိ အရိုးများ ၊ သွားများကိုလည်း ကျန်းမာ ကောင်းမွန်စေပါသည်။

(၃) ခရမ်းချဉ်သီးတွင် မျက်လုံးအားကောင်းစေသော ဗီတာမင်အေ လည်းပါဝင်ပါသည်။ ထို့ကြောင့် အမြင်အာရုံအားနည်းသူများ ခရမ်းချဉ်သီးကို ပိုမိုစားသုံးသင့်ပါသည်။

(၄) ခရမ်းချဉ်သီးတွင် ရေဓာတ်များစွာပါဝင်သည့် အတွက် အစိမ်းလိုက်စားသုံးပေးပါက ဆီးကျောက် ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

(၅) တစ်နေ့ (၁)လုံး ပုံမှန်စားသုံးပေးပါက အဆုတ်ကိုလည်း ကျန်းမာစေသည်။ ဆေးလိပ်သောက်သုံး သူများသည် ခရမ်းချဉ်သီးကိုနေ့စဉ်ပုံမှန်စားသုံးသင့်ပါသည်။

(၆) ခရမ်းချဉ်သီးသည် ကင်ဆာရောဂါဖြစ်ပွားမှုများမှလည်း ကာကွယ်ပေးနိုင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုအများဆုံးဖြစ်ပြီး ဗီတာမင်စီ နှင့် ဗီတာမင်အေတို့လည်း ပါဝင်သဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်သည်ဟု ကျန်းမာရေးစာစောင်များ၊ တက်ကျွမ်းသော ဆေးပညာသုတေသီများထံမှ သိရ၍ ဖော်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)