Main menu

လက်သည်းခွံကို ကျန်းမာစေသော အစားအစာများ

Powered by Drupal
Tue, 12/09/2025 - 12:55 -- consumer_admin

 

လက်သည်းခွံကို ကျန်းမာစေသော အစားအစာများ

ကျန်းမာကြံ့ခိုင်တဲ့ လက်သည်းရဖို့ သင့်တင့်လျောက်ပတ်တဲ့ အစားအစာတွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် လက်သည်းခြောက်သွေ့ အားနည်းလာပြီး  အလွယ် တကူ ကွဲအက် ပဲ့ထွက်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးရင် သင့်လက် သည်းကို ကောင်းစွာစောင့်ရှောက် ထားနိုင်ပါလိမ့်မယ်။

ခရမ်းချဉ်သီး

ဗီတာမင်- C ကို ခရမ်းချဉ်သီးကနေ အလုံအလောက်ရရှိနိုင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ ပါရှိတဲ့  Lycopene နဲ့ ဘိုင်အိုတင်တို့က လက်သည်းခွံ တွေအတွက်  ထူထဲမာကျောမှုကို ပေးစွမ်းနိုင် ပါတယ်။ ဒါ့ပြင် လက်သည်းတွေ   ကွဲအက်ပဲ့ထွက်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။ လက်သည်းခွံ မျက်နှာပြင်ကိုလည်း ပြောင်လက်ချောမွေ့စေပါတယ်။ ဒါပေမဲ့ အနီ ရောင်ရဲရဲခရမ်းချဉ်သီးကို တစ်ရက်ကိုနှစ်လုံး နေ့စဉ်အစိမ်းလိုက်ဝါးစား မှသာ ဖော်ပြပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါလိမ့် မယ်။

သောက်ရေသန့်

ခန္ဓာကိုယ်ကို အမြဲတစေရေဓာတ် ပြည့်ဝနေဖို့လိုပါတယ်။ ရေဓာတ် ချို့တဲ့ခြင်းက ဘက်စုံ ကျန်းမာရေးကို ကြီးစွာသော ဒုက္ခပေးနိုင်သကဲ့သို့ လက်သည်းခွံတွေအတွက်ကိုလည်း ဆိုးကျိုး ဖြစ်စေပါတယ်။ ရေဓာတ်က   လက်သည်းခွံတစ်ပြင်လုံးရဲ့ အောက်ခြေမှာရှိတဲ့ အသားလွှာမျက်နှာ ပြင်ကိုကျန်းမာစေပြီး  လက်သည်းတွေရှည်ထွက်လာစေဖို့ အထောက် အပံ့ကောင်းဖြစ်စေပါတယ်။

ကန်စွန်းဥ

ခန္ဓာကိုယ်အတွက်  မရှိမဖြစ်လိုအပ်တဲ့   ဘီတာကယ်ရိုတင်း(ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးကို ကန်စွန်းဥထဲမှာ ကြွယ်၀စွာရရှိနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ခန္ဓာကိုယ်ထဲ ရောက် ရှိသွားတဲ့အခါ ဗီတာမင် - A အဖြစ်ပြောင်းလဲ သွားပြီးနောက် ဆဲလ်တွေကို ကြီးထွားလာစေပြီး လက်သည်းတွေကိုလည်း ဖွံ့ဖြိုးလာအောင် အကူအညီပေးပါတယ်။ လက်သည်း တွေကွဲအက် ခြောက်သွေ့နေခြင်းက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် - A ချို့တဲ့နေတဲ့လက္ခဏာပါ။

ရွှေဖရုံစေ့

ဇင့်ဓာတ်က  လက်သည်းတွေ ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်တဲ့အရာပါ။  ဇင့်ဓာတ်အမြောက် အမြားကို ရွှေဖရုံစေ့ကနေ လုံလောက်စွာရရှိနိုင်ပါတယ်။ ရွှေဖရုံစေ့က ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းထုတ်လုပ်မှုကို အကူအညီပေးပါတယ်။ အဲဒီအခြေအနေကပဲ လက်သည်းတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ပြင် လက်သည်းပေါ်မှာရှိတဲ့ အဖြူရောင်အစက်အပြောက်တွေ ကိုလျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် ရွှေဖရုံစေ့လှော် လက်တစ်ဆုပ် စာ ပမာဏကိုစားပေးခြင်းက    အခုလို  အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါလိမ့်မယ်။

ဗိုလ်စားပဲသီး

အစိမ်းရောင်ဗိုလ်စားပဲသီးထဲမှာပါရှိတဲ့ ဆီလီကွန်ဓာတ်က လက်သည်းတွေ  မာကျောစေ တာ၊  လက်သည်းခွံ သိပ်သည်းဆထူထဲတာ၊ လက်သည်းအရှည်မြန ်တာတို့ကို ထောက်ပံ့ပေးနိုင်ပါ တယ်။

ကြက်ဥ

လက်သည်းတွေကို သဘာ၀အလျောက် Keratin ပရိုတင်းတစ်မျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။ တောကြက်ဥ(ခေါ်)အဖြူရောင် ကြက်ဥထဲမှာ အဆင့်အတန်းမီ ပရိုတင်းဓာတ်တွေပါ ရှိနေပါတယ်။ ကြက်ဥထဲမှာရှိတဲ့ ပရိုတင်းက ခန္ဓာကိုယ်ကိုကောင်းကျိုးပြုပြီး လက်သည်း ပရိုတင်း ကိုလည်း အားဖြည့်ပေးပြီး လက်သည်းတွေ ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး တစ်နေ့နှစ်လုံးစားပါ။  ငှက်ပျောသီးမှည့်ထဲမှာရှိတဲ့ ဇင့်နဲ့စီလီကာ သတ္တုဓာတ် တွေက  လက်သည်းတွေကို  ကြံ့ခိုင်စေပါတယ်။ ဒါ့ပြင်  ငှက်ပျောသီးထဲမှာရှိတဲ့ သဘာ၀ ဗီတာမင်-B6 ဓာတ်ကလည်း လက်သည်းခွံတွေကို ကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။

အဆီများသောငါး

အဆီများတဲ့ငါးတွေမှာ Omega - 3 Fatty Acid  ကြွယ်၀စွာပါရှိနေ ကြပြီး ယင်းအက်စစ်က ခန္ဓာကိုယ်တစ်ခုလုံးအတွက်သွေးလည်ပတ်စီးဆင်းမှုကိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ပြင်လက် သည်း တစ်ပြင်လုံးကို  အာဟာရဖြစ်စေပြီး  ကျန်းမာကြံ့ခိုင်စွာ  လက်သည်း အရှည်မြန်စေပါတယ်။ ငါးသေတ္တာ၊မက်ကရယ်ကဲ့သို့သော ပင်လယ် ငါးကြီးတွေ၊ တူနာငါး၊ ဆယ်လ်မွန်ငါးတို့က လက်သည်း ကို အာဟာရ ဖြစ်စေပြီး ချောမွေ့စေတာ၊  အရောင်တောက်ပတာတို့ကို ကောင်းကျိုးပြု ပါတယ်။

မုန်လာဥနီ

ဗီတာမင်-A ကြွယ်၀တဲ့  မုန်လာဥနီကို အစိမ်းလိုက် ဝါးစားပေးပါ ဒါမှမဟုတ် မုန်လာဥနီ ဖျော်ရည်သောက်ပါ။ မုန်လာဥနီက လက်သည်း တွေ  ပျော့တာ၊  ပဲ့ထွက်တာ၊ ကျိုးတာနဲ့  ခြောက် သွေ့တာတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

နွားနို့

ကယ်လ်စီယမ်အရင်းအမြစ်ဖြစ်တဲ့ နွားနို့က လက်သည်းတွေအတွက် ခွန်အားဖြစ်စေ တာ၊  အရှည်မြန်စေတာ စတဲ့ကောင်းကျိုးပြုပါတယ်။ အကယ်၍ သင့်ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီ ယမ်ဓာတ်အားနည်းနေရင် လက်သည်းတွေ ကြွပ်ဆတ်ပဲ့ထွက်ပြီး ခြောက်သွေ့လာပါလိမ့်မယ်။  နွား နို့ကို နံနက်တစ်ကြိမ်၊  ညတစ်ကြိမ်တစ်ခွက်စီသောက်ပါ။  နွားနို့ သောက်စဉ်မှာ ဗီတာမင်-D ကြွယ်၀ တဲ့မှိုနဲ့ကြက်ဥတို့ကို  တွဲဖက် စားသောက်ပေးခြင်းက  လက်သည်းတွေကို  ပိုမို မာကျောပြီး အရှည် မြန်စေပါတယ်။

ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း

သံဓာတ်က သွေးနီဥဆဲလ်ကို  အာဟာရပြုပြီး  တစ်သျှူးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုးပွားစေနိုင်တာကြောင့် ခန္ဓာကိုယ်နဲ့ လက်သည်းတွေအတွက် မရှိမဖြစ်အရာပါ။  ဒါ့ပြင် လက် သည်းတွေ အရောင်မွဲခြောက်ခြင်းနဲ့    ကွဲအက်ပဲ့ထွက်ခြင်းကနေ  ကာကွယ်ပေးနိုင်ပါတယ်။

ပရိုတင်းကြွယ်၀သောအစားအစာများ

လက်သည်းကျန်းမာရေးအတွက် မိမိစားသုံးတဲ့ တစ်နေ့တာအာဟာရ ကနေ ပရိုတင်းဓာတ် အလုံအလောက်ရနိုင်ဖို့ အရေးကြီးပါတယ်။ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေကတော့ အနီရောင် ခြေလေးချောင်းသားတွေ၊  ကြက်၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊  ငါး၊ ကြက်ဥ ၊  ဘဲဥနဲ့ ဥအမျိုးမျိုး၊  တိရစ္ဆာန်အသည်း၊ ကောက်နှံအမျိုးမျိုး၊   အခွံမာသီးအစေ့ အဆန်တွေ ၊  ပဲပိစပ်တို့ဖြစ်ကြပါတယ်။

ကိုက်လန်

သဘာ၀ဟင်းသီးဟင်းရွက် အစိမ်းရောင်ကိုက်လန်ထဲမှာ ဗီတာမင်-C ကြွယ်၀စွာပါရှိနေတဲ့ အပြင် လက်သည်းတွေ ကျန်းမာကြံ့ခိုင်စေဖို့  မရှိ မဖြစ်လိုအပ်တဲ့  ဗီတာမင်နှင့် သတ္တုဓာတ်တွေ ကိုလည်း ကိုက်လန်ကနေ ရရှိနိုင်ပါတယ်။   ကိုက်လန်လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက် ဝါးစားပါ။

ဘိုင်အိုတင် (Biotin) ကြွယ်၀သောအစားအစာများ

ဘိုင်အိုတင်လို့ခေါ်တဲ့ ဗီတာမင်-B ဓာတ်က ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေကို ကောင်းစွာ ကုသပေးနိုင်ပါတယ်။ လက်သည်းတွေ မာကျောစေပါတယ်။  ဒါ့ပြင်  လက်သည်း ခြောက်သွေ့ တာ၊ လက်သည်းအရောင်မည်းတာကိုလည်း ကာကွယ်ပေးပါတယ်။ ဘိုင်အိုတင် ကြွယ်၀တဲ့အစား အစာတွေကတော့ ဗာဒံစေ့၊ မြေပဲ၊ ဆိတ်နို့ရည်၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ဘဲဥတို့ဖြစ်ပါတယ်။

ဆာလ်ဖာ (Sulpha) ဓာတ်ကြွယ်၀သော အစားအစာများ

ဆာလ်ဖာဓာတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့  အယ်လ်ကာလီအက်စစ်ကို မျှတစေရုံသာမက လက်သည်းတွေ ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ်အရာပါ။ ဒါကြောင့် ဆာလ်ဖာဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်ကြတဲ့ ငါး၊ အသား၊  ချိစ်၊ အခွံမာသီးအစေ့အဆန်တွေနဲ့  ကြက်ဥ၊ ဘဲဥ  စတဲ့ဥ အမျိုးမျိုးတို့ကို နေ့စဉ်အစားအစာအဖြစ်မှီဝဲပါ။

သတိပြုရန်

အကယ်၍ သင့်လက်သည်းက  အရောင်ဖျော့ဖျော့  ဒါမှမဟုတ် ပြာလဲ့လဲ့အရောင်ဖြစ်နေ ရင် သွေးအားနည်းရောဂါဖြစ်နေလို့   သတိပြုပါ။  ထိခိုက်အနာတရဖြစ်ခြင်းကြောင့် လက်သည်းပေါ် မှာ  အဖြူရောင်အစက်အပြောက်တွေပေါ်လာရခြင်းဖြစ်ပါတယ်။ လက်သည်းပေါ်မှာ အနက်ရောင် အစက်အပြောက်ပေါ်ခြင်းက Melanoma (ခေါ်)ကုသမရနိုင်တဲ့  အရေပြားအဖုအကျိတ် ရောဂါ တစ်မျိုးဖြစ်နေတဲ့  လက္ခဏာပဲဖြစ်ပါတယ်။

လက်သည်းကို ခွန်အားဖြစ်စေတဲ့ အစားအစာတွေစားရုံနဲ့တော့ ခန္ဓာကိုယ်တွင်းက ရောဂါ တွေပျောက်ကင်းအောင်  မစွမ်းဆောင်နိုင် ပါဘူး။  အထက်ဖော်ပြပါ အစားအစာတွေက လက်သည်း ကိုကျန်းမာပြီး  အရှည်မြန်စေရုံသာဖြစ်ပါတယ်။ လက်သည်းမှာ ရေဓာတ်(အစိုဓာတ်) ထိန်းသိမ်း ပေးဖို့ရေများများသောက်ပါ။  လက်သည်းကို သန့်သန့်ရှင်းရှင်း ထားခြင်းက မှိုမစွဲစေနိုင်တော့ပါဘူး။

သင့်လက်သည်းအရောင်က ဝါကြင်ကြင်ဖြစ်နေပါသလား၊ကွဲထွက်နေပါသလား၊ လက်သည်း အရှည်နှေးကွေးနေပါသလား။ အထက်ဖော်ပြပါ အစားအစာတွေက  သိသိသာသာ ကောင်းကျိုးပြု တာကို ခံစားရပါမယ်။  ယင်းအစားအစာထဲမှာ ပါရှိတဲ့  Keratin  ပရိုတင်းက လက်သည်းအရှည် မြန်စေရုံသာမက  ဆံပင်တွေကိုပါ  မြန်မြန်ရှည်လာအောင်  ကူညီပေးပါမယ်။

 


DOCA(ပြည်ထောင်စုနယ်မြေ)