ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား(National Interest) ကို မြှင့် တင်အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးစွမ်းပကား(Political Might)၊ စီးပွား ရေးစွမ်းပကား(Economic Might)နှင့် ကာကွယ်ရေးစွမ်းပကား(Military Might)တို့ တောင့်တင်း ခိုင်မာနေရန် ကြိုးပမ်းတည်ဆောက်လျက်ရှိကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစွမ်း အားစုသုံးခုလုံး ဟန်ချက်ညီညီအချိုးကျကျ ဖွံ့ဖြိုးတိုးတက်နေမှသာ နိုင်ငံသူနိုင်ငံသားတို့၏ လူမှု စီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားစွမ်း အားလည်း တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးစွမ်းပကား(Economic Might)ကို အကောင်အထည်ဖော်ဆောင်ရာ၌ စိုက်ပျိုး ရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံများမှသည် စက်မှုထုတ်ကုန်များကို အခြေခံသော ဖွံ့ဖြိုးပြီးနိုင်ငံ များ တိုင်အောင် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များ အရည်အသွေး ကောင်းမွန်စေရန်နှင့် ဈေးကွက် လိုအပ်ချက်ပြည့်မီစေရန် အလေးထား ထုတ်လုပ်ကြရမြဲဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် အမျိုးသား အကျိုးစီးပွား တောင့်တင်းခိုင်မာမှုနှင့် စက်မှုလုပ်ငန်း တိုးတက်ဖြစ်ထွန်းမှုတို့အပေါ် မူတည်၍ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟူ၍ သတ်မှတ်ခွဲခြားထားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ အားလုံး တွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှုထုတ်ကုန် လုပ်ငန်းများကို အခြေခံထား လုပ်ဆောင် နေကြကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို အခြေခံသည့် ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ဤယနေ့ နိုင်ငံ တော် အစိုးရက ဖော်ဆောင်တိုက်တွန်း ထောက်ပံ့မှုမျိုး စုံ လုပ်ဆောင်ပေး နေခြင်းဖြစ်သည်။
မျက်မှောက်ခေတ်တွင် နိုင်ငံအများစုသည် မိမိတို့နိုင်ငံ့စွမ်းအား တောင့်တင်းခိုင်မာရန် အတွက် အဓိကကျသည့် စီးပွားရေးစွမ်းအားစုများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထား လုပ်ဆောင်လျက်ရှိကြသည်။ နိုင်ငံအများစုသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ရန်အတွက် စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကိုအခြေခံ၍ တည်ဆောက်ကြသည်။ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များအနေဖြင့် နိုင်ငံ့ဓနအင်အားအခြေအနေအရ စက်မှုနိုင်ငံအဖြစ်သို့ တိုက်ရိုက်တက်လှမ်းရန် အခွင့် အလမ်းနည်းပါးပေသည်။ ထို့ကြောင့် စက်မှုလက်မှုကိုအခြေခံသည့် စိုက်ပျိုးရေးနိုင်ငံမှသည် စက်မှု ဖွံ့ဖြိုးသောနိုင်ငံဆီသို့ ဦးတည်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။ မိမိတို့ဒေသအတွင်း အာရှနိုင်ငံ များဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံတို့သည် အမျိုးသား စွမ်းအား ဖွံ့ဖြိုးတိုးတက်လာပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ အဆင့်သို့ရောက်ရှိလာသည်ကို တွေ့ရသည်။
ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှာ နည်းပညာကိုအခြေခံသည့် စက်မှုကဏ္ဍဖြင့် နိုင်ငံ ဖွံ့ဖြိုးမှုအဆင့်အတန်းကို မြင့်မားစေခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအရအချက်အချာကျသော တည် နေရာကိုပိုင်ဆိုင်ထားသည့်စင်ကာပူနိုင်ငံမှာ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အထူးအခွင့်အရေးများပေး၍ ဖိတ်ခေါ်ခဲ့သည်။ အသေးစားနှင့် အလတ်စား ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများစွာ စီးဝင်လာခဲ့သောကြောင့် နိုင်ငံအနေဖြင့် အဆင့်မြင့်သိပ္ပံနည်းပညာ များရရှိကာ ထွန်းသစ်စစက်မှုကုန်ချောထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။
တရုတ်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့သည်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စက်မှုဇုန်များတည်ထောင်၍ စက်မှုကုန်ချောများ ထုတ်လုပ်မှုဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေလျက်ရှိကြောင်း တွေ့ရှိရသည်။
ယနေ့ နိုင်ငံတော်အစိုးရသည် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းနှင့် အခွင့်အလမ်းများအပေါ် သုံးသပ်၍ မိမိတို့နိုင်ငံ၏ စီးပွားရေး အားသာချက်အခြေခံကောင်းများကို မဏ္ဍိုင်ပြုလျက် MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပ ပို့ကုန် တိုးမြှင့်ရေး ဦးတည်ချက်ထား လမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိသည်။ MSME စက်မှုလုပ်ငန်း များဆိုသည်မှာ (Micro, Small and Medium Enterprises) “အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး လုပ်ငန်းများ”ကိုခေါ်ဆိုခြင်းဖြစ်သည်။ ယင်းအပြင် MSME ဆိုသည်မှာ ကုန်ထုတ် လုပ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ကုန်ပစ္စည်းရောင်းဝယ်ခြင်း လုပ်ကိုင်နေကြသော အသေးစား လုပ်ငန်းများနှင့် လက်လီဆိုင်များမှအစ အသေးစားထုတ်လုပ်ရေး စက်ရုံများအဆုံး အားလုံးကိုခြုံငုံ ၍ ခေါ်ဆိုခြင်းဟုလည်း တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရပိုင်းအနေဖြင့် MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေးနှင့် အမယ်သစ်ပို့ကုန်ရရှိရေးကို ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်းလည်း တွေ့ရှိရသည်။
အထူးသဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေးအရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အခြားလိုအပ်ချက်များဖြစ်သည့် ပြည်ပဈေးကွက်ကို ချိတ်ဆက်ပေးပြီး ဈေးကွက်ခိုင်မာစွာရရှိရေး၊ လိုအပ်သည့်နည်းပညာနှင့် လူသားအရင်းအမြစ်များရရှိရေးတို့ကို နိုင်ငံ တော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည်။
နည်းပညာနှင့် လူသားအရင်းအမြစ်များ ရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနများအပြင် စက်မှုဝန်ကြီးဌာနနှင့် အေဂျင်စီများပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးသော နည်းပညာသင်တန်းများ နှင့် ဆွေးနွေးပွဲများ၊ ဝန်ကြီးဌာနအလိုက်ဖွင့်လှစ်သည့် MSME ဆိုင်ရာသင်တန်းများ၊ KG+9 အောင်မြင်ပြီးသူများကို စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ် သင်ကြား ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ အနေဖြင့်အနာဂတ်တွင် ကုန်ထုတ်လုပ်ငန်းများ၏ သဘောသဘာဝကို ထဲထဲဝင်ဝင်သိရှိပြီး ရေရှည် ရပ်တည်နိုင်ရန် ဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်သော ပြည်တွင်း/ပြည်ပ ဈေးကွက်များ၌ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလုပ်ဆောင်နိုင်စေရန် အတွက်လည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနှင့် အေဂျင်စီများက ကူညီဆောင်ရွက် ပေး သွားမည်ဖြစ်သည်။
ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ နိုင်သည့် အရည်အသွေးပြည့်မီသော တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပဝင်ငွေရရှိရေး ဆောင်ရွက်ရန် အခွင့်အလမ်းများ ပေါ်ထွန်းနေချိန်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ယခင်ကာလများက ကျင်းပခဲ့သည့် ပြည်တွင်း/ပြည်ပ MSME ပြပွဲနှင့် ပြိုင်ပွဲများမှ အတွေ့အကြုံကောင်းများလည်း ရရှိထားခဲ့ပြီးဖြစ်သည်။ One Stop Service ဖြင့် ပြည်ပပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဆိုင်ရာ ကိုယ်စားလှယ်များမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှု သဘောတရားများအရ ပို့ကုန်ပေးပို့မှုအပေါ် နိုင်ငံတကာကုမ္ပဏီများ၊ လုပ်ငန်းကိစ္စဘဏ်များနှင့်အခြား ချိတ်ဆက်ရသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၌ စိတ်ချ လုံခြုံစွာ ဆောင်ရွက်တတ်ကြရမည်ဖြစ်သည်။ ထို့အတွက် အင်တာနက်ဝန်ဆောင်မှုနှင့် ဒစ်ဂျစ် တယ်နည်းပညာရပ်များ၊ အသုံးချလုပ်ဆောင်ရမည့် စီးပွားရေးဆိုင်ရာ နည်းပညာရပ်များကို မဖြစ်မ နေကျွမ်းကျင်စွာ တတ်မြောက်ထားရန် မဖြစ်မနေလေ့လာ ဆည်းပူးသွားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများဖြစ်သည့် ရေအရင်းအမြစ်နှင့် မြေဆီအာဟာရကြွယ်ဝသည့် မြေလွတ်မြေရိုင်းများစွာပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင် ရာသီဥတုများရှိသည့်အတွက် ကမ္ဘာအရပ်ရပ်မှ ခြံထွက်သီးနှံမျိုးစုံကိုသာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများကိုပါ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်သော အားသာချက်များရှိနေသည်။
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအနေဖြင့် သမားရိုးကျစိုက်ပျိုးသည့်စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းသည့် စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းဆောင် ရွက်နိုင်ကြရန်လိုသည်။ အထူးသဖြင့် စိုက်ပျိုးရေးအခြေခံ ပြည်ပဈေးကွက်ဝင် အရည်အသွေးပြည့် မီသော စိုက်ပျိုးရေးကုန်ချောထုတ်လုပ်သည့် စီးပွားရေးစနစ်သို့ ကူးပြောင်းဆောင်ရွက်သွား ကြရ မည်ဖြစ်သည်။ ၎င်းရည်မှန်းချက်ပြည့်ဝ အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရပိုင်းအနေဖြင့် လိုအပ်သည့်အရင်းအနှီး၊ နည်းပညာ၊ လုပ်သားအင်အား အရင်းအမြစ်နှင့် ဈေးကွက်ဖော်ဆောင် ချိတ်ဆက်မှုများကို စီမံဆောင်ရွက်ပေးလျက် ရှိသည်ကိုလည်း တွေ့ရသည်။
မိမိတို့နိုင်ငံအနေဖြင့် သားငါးထုတ်လုပ်သည့် နယ်ပယ်တွင်လည်း အားသာချက်များစွာ ရှိနေသည်။ မိမိတို့နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းမှာ ဘင်္ဂလားပင်လယ်အော်မှ မုတ္တမပင်လယ်ကွေ့ နှင့် ဆက်စပ်လျက် တောင်ဘက်ကော့သောင်း အငူအထိရှိရာ အရှည်အားဖြင့် ၂၈၃၂ ကီလိုမီတာ အထိ ပိုင်ဆိုင်ထားသည်။ ထိုအချက်မှာ ကမ်းရိုးတန်းဒေသနေပြည်သူများနှင့် ငါးလုပ်ငန်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ရေထွက်နှင့်သားငါးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင် အောင်မြင် နိုင်ရန် အထူးအရေးပါသည့် အခွင့်အလမ်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် မြန်မာ့ပင်လယ်ရေပြင် အနည်းငယ်ကိုသာ ငါးဖမ်းလုပ်ငန်းအတွက် သုံးစွဲလျက်ရှိပြီး ငါးနှင့်ရေထွက်လုပ်ငန်းအတွက် ရေချိုငါးကန် ဟက်တာပေါင်း ၅၀၀၀၀ ကိုသာ အဓိကအားထား လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ကမ်းနီး၊ ကမ်းဝေး ရေထွက်နှင့် သားငါးမွေးမြူထုတ်လုပ်ခြင်းကဏ္ဍ နယ်ပယ်တွင် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်သည့် အလားအလာကောင်းများ ပိုင်ဆိုင်ထားကြောင်း တွေ့ ရှိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေး ကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agrobased Industries) ဖွံ့ဖြိုးတိုး တက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဟူ၍ ပါရှိပေသည်။ လက်တွေ့နယ်ပယ်၌လည်း နိုင်ငံတော်အစိုးရအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများမှ ကမ္ဘာ့ ဈေးကွက်အတွင်း၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်အသီးသီးကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည်ကိုတွေ့ရသည်။
ထို့ကြောင့်ပင် မိမိတို့နိုင်ငံမှ MSME စီးပွားရေးလုပ်ငန်း အသီးသီးအနေဖြင့် သွင်းကုန် အစားထိုး ကုန်ပစ္စည်းများ အပါအဝင် ပြည်တွင်းသုံးနှင့် ပြည်ပပို့ကုန်များကို နယ်ပယ်အသီး သီးအတွက် ကုန်ပစ္စည်းများကို တိုးတက်ထုတ်လုပ်ခြင်းအပြင် အရည်အသွေးပြည့်မီသော အမယ် သစ်ထုတ်ကုန်များ တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် မိမိတို့နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို တက်ညီလက်ညီ ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်သွားကြရမည်သာဖြစ်ပါ သည်။
DOCA(ပြည်ထောင်စုနယ်မြေ)
