အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ (၁၀၀'x၅၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)ရှိသော သိုရုံအမှတ်- ၅၃ ၊ ၅၄ ၊ ၅၅ (၃)လုံးတွဲ သိုလှောင်ရုံအား ၃ နှစ်သက်တမ်း ၁ နှစ် တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၂-၁၂-၂၀၂၅ ရက်မှ ၁၅-၁၂-၂၀၂၅ ရက်ထိ
( ခ) တင်ဒါပိတ်မည့်နေ့/ အချိန် - ၁၅-၁၂-၂၀၂၅ ရက် ညနေ(၁၆:၀၀)နာရီ
( ဂ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/ - သတင်းစာတွင် ထပ်မံ ကြေညာမည်မဟုတ်ဘဲ
အချိန် တင်ဒါပုံစံဝယ်ယူထားသူများထံသို့ သီးခြား
အကြောင်းကြားသွားမည် ဖြစ်ပါသည်
(ဃ) တင်ဒါစည်းကမ်းချက်များ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
ရှင်းလင်းမည့်နေရာ၊ အချိန် တင်ဒါယှဥ်ပြိုင်ရမည့်နေ့ရက်၏ နံနက်(၁၀း၃၀)နာရီ
( င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
( စ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်။
(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရန်ကုန်မြို့။
( ဇ) စပေါ်ငွေပေးသွင်းနိုင်သည့်ဘဏ်- တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင်ဖော်ပြပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုရုံအမှတ် - ၅၃ ၊ ၅၄ ၊ ၅၅ (၃)လုံးတွဲ သိုလှောင်ရုံအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
