Main menu

ဆောင်းရာသီကျန်းမာရေးအတွက် ချင်း(ခေါ်)ဂျင်းပြုတ်ရည်၏ဈေးကွက်

Powered by Drupal
Mon, 11/24/2025 - 10:32 -- consumer_admin

  မြန်မာနိုင်ငံရှိ ရာသီဥတုသုံးမျိုးတွင် ဆောင်းရာသီသည် စိုစွတ်မှုနှင့်အပူဒဏ်များ မရှိသောကြောင့် အေးချမ်းသက်သာမှုအနေဖြင့် “ဆောင်းလေတိုက်လေ စိတ်လည်းအေးလေ”ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ဆောင်းရာသီတွင် မိဘပြည်သူအများစုသည် အအေးမိခြင်း၊ နှာစေး ချောင်းဆိုးခြင်းနှင့် အသံဝင်ခြင်းများဖြစ် တတ်ကြသေးသည်။  ချင်းပြုတ်ရည်သည် ခန္ဓာကိုယ်ကို နွေးထွေးစေသည့်အတွက် အဆိုပါရောဂါလက္ခဏာ များကို ကာကွယ်ပေးနိုင်သည်ဟု ကြားဖူးနားဝ ရှိပါသည်။  ချင်းသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံ အားတိုးစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေခြင်း ခရီးသွားယာဉ်စီးပါက ချင်းကို ပါးပါးလှီး၍ ငုံထားခြင်းဖြင့်လည်း မူးမောခြင်းများကို သက်သာစေနိုင်သည်ဟု လေ့လာသိရှိရသည်။

   မြန်မာနိုင်ငံတွင် ချင်းကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးများမှာ အများဆုံး စိုက်ပျိုးကြပြီး ချင်းသည် မြန်မာဟင်းများချက်ပြုတ်ရာတွင် ဟင်းလျာများကို အနံ့အရသာတိုးစေရန်နှင့်အညှီ နိုင်စေရန်အတွက် စားဖိုဆောင်တွင်မပါမဖြစ် အခြေခံသုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ တောင်ငူမြို့နယ်ဈေးကွက်အတွင်းသို့ ယခုနှစ်ထွက် ရှိသော ချင်းအသစ်များ စတင်ရောင်းချလျက်ရှိသည်။ ချင်းအသစ်နှင့်အဟောင်းကွာခြားမှုအနေဖြင့် ယခုနှစ်ထွက်ရှိ သော ချင်းအသစ်သည် ခြောက်သွေ့မှုမရှိ၍ အစိုဓါတ်များစွာရှိသည့်အတွက် သိုလှောင်ထားမှုမပြုဘဲ လတ်တလောအသုံးပြုရန်အတွက်သာ သင့်တော်ပါသည်။

တောင်ငူမြို့နယ်အတွင်း ရောင်းချနေသော ချင်းဈေးကွက်အသစ်မှာ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ ၁ ပိဿာ လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်နှစ် ချင်းအဟောင်းကို ၂၅ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး လက်ကားဝယ်သူများအတွက် ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးထံမှ မေးမြန်းသိရှိရသည်။

DOCA(ပဲခူး)