မန်ကျည်းစေ့တွင် ဖော့စဖရပ်စ်၊ မဂ္ဂနီ ဆီယမ်၊ ဗီတာမင် - C ၊ ပိုတက်ဆီယမ်၊ ကယ်လ်စီ ယမ်နှင့် အမိုင်နိုအက်စစ်တို့ ကြွယ်ဝစွာ ပါဝင်သည်။ မန်ကျည်းစေ့ ၏အပြင်လွှာက ဝမ်းပျက်၊ ဝမ်း လျှောခြင်းကို သက်သာစေနိုင်သည်။
နှလုံးကျန်းမာစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့တွင် ပိုတက်ဆီယမ် ပါဝင်နေသောကြောင့် သွေးတိုးကျစေနိုင်သကဲ့သို့ နှလုံး ကျန်းမာစေရန်အတွက် လည်း အကောင်းဆုံးအထောက်အပံ့ ပေးနိုင်သည်။
ကင်ဆာကိုကာကွယ်ပေးနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့သည် အူမကြီးကင်ဆာ အပါအဝင် ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်သည်။
အဆစ်ရောင်ခြင်းကိုသက်သာ စေနိုင်သောမန်ကျည်းစေ့
မန်ကျည်းစေ့သည် နာကျင်ရောင်ရမ်း ခြင်းကိုသက်သာစေနိုင်ပြီး အဆစ်ရောင် ရောဂါ ကြောင့် အဆစ်နာခြင်းများကို သက်သာစေနိုင်သည်။ မန်ကျည်းစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက် ရည် ဇွန်းတစ်ဝက်စာ တစ်ရက် လျှင် နှစ်ကြိမ်သောက်ပေးခြင်းဖြင့် အဆစ်များအတွင်း ချောဆီ များဖြစ်ပေါ်စေပြီး အဆစ်နာခြင်းကို သိသာစွာ သက်သာစေနိုင်သည်။ ဒူးနာသူများအတွက်များစွာ အဆင်ပြေစေနိုင်သည်။
သွားနှင့်ခံတွင်းကျန်းမာစေနိုင်သော မန်ကျည်းစေ့
သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း၊ သွားတွင် သွားချေးများဖြစ်နေခြင်းကို သက်သာစေ ရန် မန်ကျည်းစေ့အမှုန့်ကို အသုံးပြုနိုင်သည်။ မန်ကျည်းစေ့ကိုလှော်ပြီး အမှုန့်ကြိတ်၍ ရလာသည့် အမှုန့်ဖြင့် သွားတိုက်ပေးနိုင်သည်။
အစာမကြေခြင်းကို သက်သာစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့က သည်းခြေရည် ထုတ်လုပ်မှုကိုတိုးစေနိုင်ပြီး အစာမကြေခြင်းကို သက်သာ စေနိုင်သည်။ အစာအိမ် ပြဿနာရှိခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အစာ မကြေခြင်းများကို အထိရောက် ဆုံး သက်သာစေနိုင်သည်။ ကိုလက်စထရော ပါဝင်မှုနည်းသောကြောင့် ကျန်းမာရေးအတွက် များ စွာအသုံးဝင်သည်။
ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သော မန်ကျည်းစေ့
ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့် အာနိသင်ရှိသောကြောင့် အဆုတ်ရောင် ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့ ဗက်တီးရီး ယားပိုးကူး စက်ခြင်းကြောင့် ဖြစ်နိုင်သည့်ရောဂါများ ကို ကာကွယ်ပေးနိုင်သည်။ ချောင်းဆိုး ခြင်း၊ အာသီးရောင်ခြင်းနှင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။ ထို့ပြင် မန်ကျည်းစေ့ ကို အာလုတ် ကျင်းဆေးအနေဖြင့် အသုံးပြုနိုင်သည်။ မန်ကျည်းစေ့အမှုန့်ကို ချင်းအနည်း ငယ်၊ သစ်ကြံပိုး ခေါက်မှုန့်အနည်းငယ်တို့နှင့် ရောစပ်၍ ရေနွေးနွေးနှင့်ဖျော်ပြီး အာလုတ်ကျင်း ပေးပါက ခံတွင်းထဲမှ ဗက်တီးရီးယားများ ကိုတိုက်ဖျက်ပေးနိုင်သဖြင့် အအေးမိ ခြင်းကြောင့်ဖြစ် သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အာသီးရောင်ခြင်းတို့ကို အထိရောက်ဆုံး သက် သာစေနိုင်သည်။
သွေးချိုကျစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့က အင်ဆူလင်ထွက်ရှိမှု ကိုတိုးစေနိုင်သကဲ့သို့ ပန်ကရိယကိုကျန်း မာစေနိုင် သောကြောင့် သွေးတွင်းသကြား ဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင် သည်။ မန်ကျည်းစေ့တွင် ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးတိုးကျစေနိုင်သည်။
အသားအရေကိုတင်းရင်းစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့က အရေပြားကို အစိုဓာတ်ထိန်းပေးသကဲ့သို့ အပြစ်အနာ အဆာကင်းစေနိုင် သည်။ အရေးအကြောင်း များကိုသက်သာစေပြီး တင်းရင်းလှပစေ နိုင်သည်။ အရေပြားအတွက် လိုအပ်သည့် ရေဓာတ်ကို အကောင်းဆုံးဖြည့် ပေးနိုင်ပြီး အရွယ်တင်နုပျိုသည့် အသားအရေကို ပိုင် ဆိုင်လိုသူတိုင်း မန်ကျည်းစေ့ကို မေ့ထား၍မဖြစ်ပေ။
အရေပြားကျန်းမာစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့တွင် Xyloglucan ပါဝင်နေသောကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာများ ကို သက်သာစေနိုင်သည်။
အရိုးကျိုးခြင်းအတွက်အသုံးပြုနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့ကို ပျစ်ပျစ်သွေးပြီး အရိုးကျိုးသည့်နေရာတွင် ခပ်ထူထူလူး ပေးခြင်းဖြင့် အရိုး မြန်မြန်ဆက်စေရန် အထောက်အကူပြုနိုင်သည်။
ပိုးကောင်ကိုက်သည့်အခါ သက်သာစေသော မန်ကျည်းစေ့
ပိုးကောင်ကိုက်သည့်အခါ မန်ကျည်းစေ့ကို သွေးလူးပေးခြင်းဖြင့် အရောင်ကျစေ နိုင်သကဲ့သို့ အနာသက်သာစေနိုင်သည်။
ကိုယ်ခံအားကောင်းစေနိုင်သော မန်ကျည်းစေ့
မန်ကျည်းစေ့တွင် ကိုယ်ခံအားကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်သည့် အာဟာရ ဓာတ်များပါဝင်နေသည်။ ထို့ကြောင့် ရောဂါပိုးများစွာကို ကာကွယ် ပေးနိုင်သည်။
အနာကျက်မြန်စေနိုင်သော မန်ကျည်းစေ့
ထိခိုက်ရှနာဖြစ်သည့်အခါ အနာကျက်မြန်စေရန် မန်ကျည်းစေ့ကို အသုံးပြုနိုင်ပြီး မန်ကျည်း ခေါက်ကိုသွေးလူးပေးနိုင်သည်။ မန်ကျည်းစေ့ကိုသွေးပြီးအနာပေါ်လူးပေးမည်ဆိုလျှင် ၁၀ ရက် အတွင်းသိသာသည့်ရလဒ်ကိုရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဆေးဖက်ဝင်သော မန်ကျည်းစေ့ကိုလွှင့် မပစ်ဘဲ သေချာသိမ်းထားပြီး လိုအပ်လာသည့့်အခါ အသုံး ပြုနိုင်သည်။
မန်ကျည်းစေ့ အသုံးမပြုသင့်သူများ
မန်ကျည်းစေ့နှင့် ဓာတ်မတည့်သူများ၊ ရောဂါအခံရှိသူများ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် အတွက် ဆေးသောက်နေရသူများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ နှင့် ကလေးများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ အသုံးပြုသင့်သည်။ မန်ကျည်းစေ့က ဆေးဖက်ဝင်သည် မှန်သော် လည်း အ လွန်အကျွံ အသုံးမပြု ရန်လည်းလိုအပ်သည်။
မန်ကျည်းစေ့အနှစ်ချုပ်
မန်ကျည်းသီးမှည့်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ တင်ပို့ရောင်းချ ရသည့်အပြင် ပြည်တွင်း၌လည်းစားသုံးမှုများသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပြီး ပြည်ပဝင်ငွေရရှိနိုင်ခြင်း၊ အစား အစာ များထုတ်လုပ်ရာတွင် အဖိုးတန်အသုံးဝင် ခြင်းအပြင် ဆေးဖက်အလွန်ဝင်သည်။ ထို့ အတူ မန်ကျည်းစေ့ကလည်း ကျန်းမာရေးကို အထောက်အကူပြုသကဲ့သို့ ဘေးထွက် ဆိုးကျိုးလည်း အနည်းငယ်ရှိသဖြင့် ဆင်ခြင်သုံးစွဲသင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
Source: ဒေါက်တာလပြည့်ခင်
DOCA(ပြည်ထောင်စုနယ်မြေ)
