Main menu

တောင်ငူမြို့ရှိထောပတ်သီး၏ကျန်းမာရေး

Powered by Drupal
Wed, 11/19/2025 - 13:20 -- consumer_admin

  တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် ရှမ်းပြည်ဒေသမှဝင်ရောက်သော ထောပတ်သီးများ ပေါ်နေပြီဖြစ်ပါသည်။ ထောပတ်သီးမှာ စားသုံးသူအများစုကြိုက်နှစ်သက်သော အသီးတစ်မျိုး ဖြစ်တဲ့အပြင့် အအေးဖျော်ရည်အရောင်းဆိုင်များတွင်လည်း ဖျော်ရည်အဖြစ်ရောင်းချနိုင်သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျှက်ရှိပါသည်။

          ထောပတ်သီးတွင် အဆီများစွာပါဝင်သောကြောင့် အချို့သောသူများက ကျန်းမာရေးနှင့်မညီ ညွတ်ဟုထင်မြင်ယူဆကြပါသည်။ သို့သော် ထောပတ်သီးမှာပါဝင်သော အဆီဓါတ်အများစုမှာ မပြည့်ဝ ဆီ ဖြစ်ပါသည်။ကျန်းမာရေးအတွက်သင့်တော်မှုမရှိသောပြည့်ဝဆီမှာ အနည်းငယ်သာ ပါဝင်သောကြောင့် ထောပတ်သီးစားသုံးခြင်းဟာ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း လေ့လာသိရှိ ရပါသည်။ ထောပတ်သီးတွင် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း အားလည်း ကာကွယ်နိုင်ပါသည်။ အစာအိမ်အူလမ်းကြောင်းမကောင်းသူများအလွန်အကျွံစားပါက လေပွခြင်း ဖြစ်စေနိုင်သောကြောင့် ချင့်ချိန်စားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)