
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ အသက် ၃၀ မှ ၇၉ နှစ်ကြား အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၃၃ ရာခိုင်နှုန်း (၁ ဒသမ ၄ ဘီလီယံ) ခန့်သည် သွေးတိုး ရောဂါကို ခံစားနေကြရသည်။ သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် အရွယ်မတိုင်မီသေဆုံးရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်သည်။ သွေးတိုး ရောဂါရှိသော အသက် ၃၀ မှ ၇၉ နှစ်ကြား အရွယ် ရောက်ပြီးသူဦးရေ၏ သုံးပုံနှစ်ပုံသည် ဝင်ငွေနည်းပြီး အလယ် အလတ်ရှိသော နိုင်ငံများ၌ နေထိုင်ကြကြောင်း သိရသည်။ သွေးတိုးရောဂါရှိသူဦးရေ၏ ၄၄ ရာခိုင် နှုန်း သည် ၎င်းတို့တွင်ရောဂါရှိကြောင်းမသိကြဘဲ ၄၄ ရာခိုင်နှုန်းသာ ရောဂါရှိကြောင်း သိပြီး ကုသမှုခံယူနိုင်ကြသည်။ ခန့်မှန်းခြေအားဖြင့် သွေးတိုးရောဂါရှိသူ၏ ၂၃ ရာခိုင်နှုန်းကိုသာ ထိန်းချုပ် နိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မကူးစက်နိုင်သော ရောဂါများအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များထဲမှ တစ်ခုသည် သွေးတိုးရောဂါ မထိန်းချုပ်နိုင် မှုကို၂၀၁၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂၅ ရာခိုင် နှုန်း လျှော့ချရန်ဖြစ်သည်။
ကျန်းမာရေးနှင့် မညီညွတ်သော နေ့စဉ်အစားအသောက် လူနေမှုပုံစံနှင့် သတိမပြုမိသော အလေ့ အကျင့်အမှားများကြောင့် နှလုံးနှင့်သွေးကြောများ ကို ဖြည်းဖြည်းချင်းဖိအားဖြစ်စေပြီး နှလုံးသွေးကြော ကျန်းမာရေးကို သိသိသာသာထိခိုက်စေနိုင်သည်။
ဖော်ပြပါအလေ့အကျင့်များစွာသည် အန္တရာယ်မရှိဟု ထင်ရသော်လည်း အချိန်ကြာလာ သည်နှင့် အမျှ တိတ်တဆိတ်သွေးပေါင်ချိန် တိုးလာနိုင်သည်။
အနည်းငယ်နာကျင်မှုများအတွက် အကိုက်အခဲ ပျောက်ဆေးများ အလွန်အကျွံသုံးစွဲခြင်း
အနည်းငယ်နာကျင်မှုများကို သက်သာစေရန် Ibuprofen သို့မဟုတ် အလားတူအကိုက် အခဲပျောက်ဆေးများကို မကြာခဏအသုံးပြုခြင်းသည် သွေးဖိအားကိုတိုးစေနိုင်သည်။ အကိုက်အခ ဲပျောက်ဆေး များသည် ကျောက်ကပ်လုပ်ငန်း ဆောင်တာအပေါ် သက်ရောက်မှုရှိပြီး ခန္ဓာကိုယ်မှ ဆိုဒီယမ်နှင့်အရည်များ စွန့်ထုတ်မှုကို အကျိုးသက်ရောက်စေကာ သွေး တိုးရောဂါဖြစ်နိုင်ခြေနှင့် ဆက်စပ်နေသည်။
နံနက်စာမစားခြင်း
နံနက်စာသည် စွမ်းအင်အတွက်သာမက သွေးပေါင်ချိန်ထိန်းညှိရာတွင်လည်း အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်သည်။ သုတေသနများအရ နံနက် စာပုံမှန်မစားသူများသည် သွေးတိုး ရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေပိုများကြောင်း အကြံပြုထားသည်။ မျှတသော နံနက်စာသည် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး သွေးဖိအားတိုးစေသည့် စိတ်ဖိစီးမှု ဟော်မုန်းများ ထုတ်လွှတ်ခြင်းမှ ကာကွယ်ပေးသည်။
ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများ စားခြင်း
ဆားအလွန်အကျွံစားသုံးခြင်းသည် ခန္ဓာကိုယ်မှအရည်များကို ထိန်းသိမ်းစေပြီး သွေးတိုး စေသည်။ အစားအသောက်များတွင် ပိုတက်ဆီယမ်ပမာဏနည်းပါးပါက ခန္ဓာကိုယ်တွင်း ဆား ဓာတ်မျှတမှုကို ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေ သည်။ ကျန်းမာရေးနှင့် မညီ ညွတ်သောအဆီများနှင့် ပြုပြင်ထားသော အစားအစာများသည် သွေးတိုးရောဂါကို ဖြစ်စေနိုင်သည်။ အရသာရှိသောဒိန်ချဉ်များ သို့မဟုတ် Oat ရောစပ်ထားသော ဖျော်ရည်များကို ကျန်းမာရေးနှင့် ညီညွတ်သည်ဟု စျေးကွက်တင် ထားသော်လည်း အများစုတွင် လျှို့ဝှက်သကြားများနှင့် ဆိုဒီယမ် များပါရှိသည်။ ထိုကဲ့သို့သောအစား အစာများကို ပုံမှန်စားခြင်းသည် သတိမထားမိဘဲ တိတ်တ ဆိတ် သွေးတိုးရောဂါကိုဖြစ်စေသည်။
သရက်သီးသနပ်နှင့်အချဉ်ဖောက်ထားသော အစားအစာများကို အလွန်အကျွံစားသုံးခြင်း
သရက်သီးသနပ်နှင့် အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများကို အလွန် အကျွံစားသုံးခြင်းသည် ဆားပါဝင်မှု အလွန်မြင့်မားသောကြောင့် သွေးပေါင်ချိန် တက်စေ နိုင်သည်။
အရသာရှိသော်လည်း တွဲဖက်ပါ၀င်သည့် လျှို့ဝှက်ဆားများကို သတိပြုမိခြင်းသည် ကျန်း မာသောသွေးပေါင်ချိန်ကို ထိန်းသိမ်းရန် အဓိကအချက်ဖြစ်သည်။ ရိုးရာအရန်ဟင်းလျာများ သည် ပမာဏအနည်းငယ် တွင် အန္တရာယ်မရှိဟု ထင်ရသော်လည်း ဆားပါဝင်မှု အလွန်မြင့်မားခြင်းသည် သွေးတိုးရောဂါအတွက်ဖုံးကွယ်ထားသော တရားခံဖြစ်နိုင်သည်။ ငန်သောအစား အစာများစား သုံးခြင်းကို ကန့်သတ်ခြင်းသည် ဆိုဒီယမ်ပမာဏကို ထိန်းချုပ်နိုင်ပြီး နှလုံးသွေးကြော ကျန်းမာရေး ကို ကာကွယ်ပေးသည်။
တစ်နေ့တာလုံး ရေလုံလောက်စွာမသောက်ခြင်း
တစ်နေ့တာအတွင်း ရေလုံလောက်စွာ မသောက်ပါက ရေဓာတ်ခန်းခြောက်ခြင်းသို့ ဦးတည် စေကာ သွေးကိုပျစ်စေသောကြောင့် နှလုံးကညှစ်ထုတ်ရန် ပိုမိုခက်ခဲစေပြီး အချိန်ကြာလာသည် အမျှ သွေးပေါင်ချိန်တက်လာနိုင်သည်။ တစ်နေ့တာလုံး ရေအနည်းငယ်ကို ပုံမှန်သောက်ခြင်းက သွေးပျစ်ခြင်းကို လျှော့ချပေးပြီး ကျန်းမာသော သွေးပေါင်ချိန်ကိုဖြစ်စေသည်။
ဆူညံသောပတ်ဝန်းကျင်တွင် ရေရှည်နေထိုင်ရခြင်း
ယာဉ်ကြောပိတ်ဆို့မှုများ၊ ပတ်ဝန်းကျင်ဆူညံသံ များနှင့် အိမ်တွင် ကျယ်လောင်သော TV သို့မဟုတ် ဆူညံသံများကို ဆက်တိုက်ထိတွေ့ခြင်း၏ နောက်ဆက်တွဲစိတ်ဖိစီးမှုများက သွေးပေါင် ချိန်ကို သိသိသာသာတိုးစေနိုင်သည်။ လေ့လာမှုများအရ အဆက်မပြတ် ဆူညံသံများသည် ဦး နှောက်အတွင်းရှိ ဟိုက်ပိုသဲလ်မတ်စ်၊ ပစ်ကျုထရီ၊ အက်ဒရီနလ်ဝင်ရိုးကို လှုံ့ဆော်စေပြီး ကော် တီဆောထုတ်လွှတ်မှု သို့မဟုတ် အာရုံကြောစနစ်မှ နောက်ဆက်တွဲကက်တီကောလ် အေမင်းကို ထုတ်လွှတ်ခြင်းဖြင့် စိတ်ဖိစီးမှုတုံ့ပြန်မှု ကို ဖြစ်စေသည်။
ဆီးအိမ်ထဲတွင် ဆီးကို ကြာရှည်စွာ ထိန်းချုပ်ထားခြင်း
အလုပ်များနေချိန်တွင် ဆီးသွားရန်လှုံ့ဆော်သော်လည်း လူအများက လျစ်လျူရှုပြီး ထိန်း ချုပ်ထားတတ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဆီးအိမ်နှင့် ကျောက်ကပ်ကို ထပ်တလဲလဲ ဖိအားဖြစ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးလည်ပတ်မှုစနစ်တွင် ဖိစီးမှုဖြစ်စေပြီး သွေး ပေါင်ချိန်ကို ပိုမြင့်လာစေနိုင်သည်။
အိပ်ချိန်မလုံလောက်ခြင်း သို့မဟုတ် အိပ်ချိန်လွန်ကဲခြင်း
အရည်အသွေးကောင်းမွန်သော အိပ်စက်ချိန်လုံလောက်စွာမရရှိခြင်းသည် သွေးတိုးခြင်းနှင့်ဆက် စပ်နေသည်။ အိပ်ချိန်မလုံလောက်ခြင်း သို့မဟုတ် အိပ်ချိန်လွန်ကဲမှု နှစ်ခုစလုံး (ခြောက်နာရီ အောက်သို့မဟုတ် ကိုးနာရီအထက် ပုံမှန်အိပ်စက်ခြင်း) သည် ခန္ဓာကိုယ်၏ဇီဝနာရီစည်းချက်ကို နှောင့်ယှက်သည်။ အိပ်စက်ချိန်မညီမျှမှုသည် ကော်တီဆောကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများကို ထုတ်လွှတ်သောကြောင့် သွေးဖိအားကို တိုးလာစေသည်။
ဖန်သားပြင်များရှေ့တွင် နာရီပေါင်းများစွာထိုင်ခြင်း
အချိန်ကြာကြာထိုင်ခြင်းသည် နှလုံးပြဿနာများနှင့်ဆက်စပ်နေသည်။ ကြာကြာထိုင်ခြင်းက သွေးစီးဆင်းမှုကို ကန့်သတ်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် သွေးလည်ပတ်ရန် ပိုမိုကြိုးပမ်းရသော ကြောင့် သွေးဖိအားကို တဖြည်းဖြည်းတိုးလာစေနိုင်သည်။
စိတ်ဖိစီးမှုများသော အခြေအနေများ
စိတ်ဖိစီးမှုအခြေအနေများကို ခံစားရခြင်းသည် သွေးပေါင်ချိန်ကို ယာယီမြင့်တက်စေပြီး ဆေးလိပ် သောက်ခြင်း၊ အရက်အလွန် အကျွံသောက်ခြင်းနှင့် အစားအလွန်အကျွံစားခြင်းကဲ့သို့သော စိတ်ဖိစီးမှုဆိုင်ရာ ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထများကြောင့် သွေးပေါင်ချိန်ကို ပိုမြင့်လာစေနိုင်သည်။
ကိုယ်လက်လှုပ်ရှားမှုလုံလောက်စွာမရှိခြင်း
ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာမရှိခြင်းကြောင့် အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေး ချိန်ပိုနေခြင်းသည် နှလုံးကို ပိုမိုအလုပ်လုပ်စေပြီး သွေး ဖိအားကိုတိုးစေသည်။
လူနေမှုပုံစံနှင့် အလေ့အကျင့်အမှားများ
ကိုကင်း သို့မဟုတ် အမ်ဖီတမင်းကဲ့သို့သော စိတ်ကြွဆေးများအသုံးပြုခြင်း၊ ဆေးရွက်ကြီး ဝါးခြင်း၊ Vaping နှင့်ဆေးလိပ်သောက်ခြင်း၊ အရက် သို့မဟုတ် ကဖိန်းဓာတ်အလွန်အကျွံ သောက် သုံးခြင်းသည် သွေးပေါင်ချိန်ကို ချက်ချင်းမြင့်တက်စေနိုင်သည်။
သွေးတိုးရောဂါဖြစ်နိုင်သော အကြောင်းရင်းများအနက်မှ မျိုးရိုးဗီဇနှင့် အသက်အရွယ်ကြီး၍ သွေးတိုးခြင်းကို ရှောင်လွှဲ၍မရသော်လည်း တခြားပြုပြင် ပြောင်းလဲနိုင်သောအချက်များရှိသည်။ လူနေမှုပုံစံ ပြောင်းလဲခြင်းများသည် သွေးတိုးရောဂါကို ကာကွယ်ရန်နှင့်လျှော့ချရန် ကူညီပေးနိုင် သည်။ ကျန်းမာရေး နှင့်ညီညွတ်မျှတသော အစားအသောက်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်များစားသုံးခြင်း၊ ဆားနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အဆီများလျှော့ချစားသုံး ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့် ခွဲခြင်းနှင့် လုံလောက်သော အိပ်စက်ခြင်းကို သေချာစေခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်နှင့်ကဖိန်း ဓာတ်အလွန်အကျွံသုံးစွဲမှုကို ကန့်သတ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အချိန်ကြာကြာမထိုင် ခြင်းနှင့် ပိုမိုတက်ကြွသောလူနေမှုပုံစံပြောင်းလဲခြင်း တို့သည် သွေးပေါင်ချိန်ကိုလျော့ကျစေသည်။
သို့ဖြစ်၍ သွေးပေါင်ချိန်မြင့်တက်စေနိုင်သော နေ့စဉ်အပြုအမူများကို သတိပြုရှောင်ကြဉ် ခြင်းဖြင့် သွေးတိုးရောဂါ၏ နောက်ဆက်တွဲ နှလုံးအမောဖောက်ခြင်း၊လေဖြတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် တခြားသောကျန်းမာရေး ပြဿနာများကို ကာကွယ်နိုင်ရန် ရည်ရွယ် ရေးသားလိုက် ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
