Main menu

ဒစ်ဂျစ်တယ်ခေတ်တွင် ကလေးငယ်များ၏ အာရုံစူးစိုက်မှု ကောင်းမွန်စေသော နည်းလမ်းများ

Powered by Drupal
Wed, 11/12/2025 - 09:42 -- consumer_admin

     ယနေ့ခေတ်ဒစ်ဂျစ်တယ်လောကတွင်   ကလေးငယ်များ၏ အာရုံစူးစိုက်မှုနှင့် စွမ်းဆောင် ရည်များကို အားနည်းသွားစေနိုင်သည့် ဖန်သားပြင်များမှ အာရုံထွေပြားမှုများစွာကို ရင်ဆိုင်နေ ရသည်။ ဒစ်ဂျစ်တယ်နည်းပညာများသည်  သင်ယူခြင်းဆိုင်ရာအကျိုးကျေးဇူးများကို ပေးစွမ်းသော် လည်း   ဖန်သားပြင် အလွန်အကျွံအသုံးပြုမှုသည်  ကလေးငယ်များ၏ အာရုံစူးစိုက်မှုကို ပျက်ပြား စေသည်။    မိဘများနှင့်ဆရာများသည်  ကလေးများအတွက် စစ်မှန်သောစွမ်းဆောင်ရည်များ ရရှိ စေရန်နှင့်  အာရုံစူးစိုက်မှုကို ထိန်းချုပ်နိုင်ရန် အထောက်အကူဖြစ်စေသော နည်းလမ်းများကို အသုံးပြုရပါမည်။

ဖန်သားပြင်အသုံးပြုမှုအချိန်ကိုကန့်သတ်ပြီး အသုံးပြုပုံပြောင်းလဲရန် အားပေးခြင်း

      ၂၀၂၃ ခုနှစ်တွင် Young Children's Language Skills လေ့လာမှုတစ်ခုအရ Passive Screen Exposure ခေါ် ဆိုရှယ်မီဒီယာ၏ လွှမ်းမိုးမှု၊ ဗီဒီယိုများ သို့မဟုတ် တီဗွီကြည့်ခြင်းကဲ့သို့ ဖန်သား ပြင်အလွန်အကျွံ အသုံးပြုမှုအချိန်များသည် ဝေါဟာရ၊ နားလည်နိုင်စွမ်းနှင့်အာရုံစူးစိုက်မှု အားနည်း သောအပိုင်းနှင့်   ဆက်စပ်နေကြောင်း  တွေ့ရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကလေးများကို သိ မြင်နိုင် စွမ်းရှိစေရန်  ဒီဇိုင်းထုတ်ထားသော သင်ယူမှုအက်ပ်များသည်    အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိသည်။ ထို့ကြောင့် မိဘများသည်  Passive Screen Time  ကိုကန့်သတ် သင့်ပြီး  ဖန်သားပြင်အသုံးပြုပုံအား တီထွင်ဖန်တီး မှုပြဿနာဖြေရှင်းမှုနှင့်   တက်ကြွ သောတွေး ခေါ်မှုကိုအားပေးသည့်  လုပ်ဆောင်ချက်များဆီသို့ပြောင်းလဲခြင်းနှင့် ပညာပေးအကြောင်းအရာများ ကို အားပေးသင့်သည်။

ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ရန် ကိုယ်လက်လှုပ်ရှားမှုကို မြှင့်တင်ခြင်း

ကိုယ်လက်လှုပ်ရှားမှုသည်  ဦးနှောက်လုပ်ဆောင်ချက်ကို သိသာထင်ရှားစွာ မြှင့်တင်ပေး သည်။ အထူးသဖြင့်   အာရုံကြောဆိုင်ရာ စီမံခန့်ခွဲမှုများဖြစ်သည့် တားဆီးမှု၊ သိမြင်မှု၊ ပြောင်း လွယ်ပြင်လွယ်ဖြစ်မှုနှင့် အလုပ်မှတ်ဉာဏ်ကဲ့သို့  ဦးနှောက်လုပ်ဆောင်ချက်များကို   သိသိသာသာ မြှင့်တင်ပေးပါသည်။  ပုံမှန် အလယ်အလတ်မှ ပြင်းထန်သော လေ့ကျင့်ခန်းများသည် မှတ်ဉာဏ် ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်ဉာဏ် စုစည်းမှုအတွက် အရေးပါသော Prefrontal Cortex နှင့်  Hippocampus ကဲ့သို့သော ဦးနှောက်နေရာများတွင်  သွေးစီးဆင်းမှု၊ အောက်ဆီဂျင်နှင့် အာရုံကြောများကို တိုးပွားစေသည်။ ကလေးများအတွက် အားကစားပြုလုပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းတို့ကဲ့သို့  နေ့စဉ်  မိနစ်  ၆၀ ခန့်  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် မိမိကိုယ် ကို ထိန်းညှိပေးခြင်း၊ အာရုံစူးစိုက်မှုကို    မြှင့်တင်ပေးခြင်းနှင့်    အကောင်းဆုံးဦးနှောက် ဖွံ့ဖြိုးမှု တို့ကို တိုးမြှင့်ပေး သည်။  ကိုယ်လက် လှုပ်ရှားမှုများ အတွင်း အပြန်အလှန်လူမှု ဆက်ဆံရေးသည် ကလေးများစွမ်းဆောင်ရည်နှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတို့ကို တိုးမြင့်စေပြီး  သိမြင်မှုဆိုင်ရာ အကျိုး ကျေးဇူးများကို ပေါင်းစပ်ပေးသည်။

မှတ်ဉာဏ်ပြန်လည်ဖြည့်တင်းရန် ပုံမှန်အိပ်စက်ခြင်း အစီအစဉ်ကိုဖန်တီးခြင်း

          အာရုံစူးစိုက်မှုနှင့်    သင်ယူနိုင်မှု စွမ်းရည်အတွက် မှတ်ဉာဏ်စုစည်းမှုနှင့် စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိမှုနှင့်  ပုံမှန်အိပ်စက်မှု အစီအစဉ်များကို  ဖော်ဆောင်ခြင်းသည်  အသိဉာဏ်အား ပြန်လည် ဖြည့်တင်းရန် မရှိမဖြစ်လိုအပ်ပါသည်။   အာရုံကြောဆိုင်ရာ  သိပ္ပံနည်းကျ သုတေသန ပြုချက်များ အရ အသက်ခြောက်နှစ်မှ  ၁၂  နှစ်ကြားကလေးများအတွက် ဦးနှောက်၏ လုပ်ဆောင်မှု အကောင်း ဆုံးဖြစ်ရန်အတွက် တစ်ညလျှင် အိပ်ချိန်  ၉ နာရီမှ  ၁၂  နာရီအထိ ပုံမှန်အိပ်စက်ရန် လိုအပ် ကြောင်း  သိရသည်။   မအိပ်ခင်  ဖန်သားပြင်အသုံးပြုမှုကိုလျှော့ချခြင်းနှင့်  အိပ်ရာဝင်ချိန်ဓလေ့ထုံးတမ်းများကိုချမှတ်ခြင်းသည်     သဘာဝအိပ်စက်ခြင်းစက်ဝန်း ထိန်းညှိမှုယန္တရားများကို ပံ့ပိုးပေး ခြင်းဖြင့်   အိပ်စက်ခြင်းအရည်အသွေးကို    တိုးတက်စေသည်။ တစ်သမတ်တည်း အိပ်စက်ခြင်းပုံစံ များသည် စိတ်ခံစားမှုများကို  ထိန်းညှိပေးကာ  နေ့ဘက်တွင်  ပိုမိုကောင်းမွန်သောအာရုံစူးစိုက်မှု၊ သင်ယူမှုနှင့်ပညာရေးဆိုင်ရာစွမ်းဆောင်ရည်များကို  အားကောင်းစေသည်။

အာရုံစူးစိုက်မှုကို မြှင့်တင်ရန် ဖန်သားပြင်မပါသော နေရာများနှင့် အချိန်များကို ဖန်တီးခြင်း

ပညာရပ်ဆိုင်ရာ ရှုထောင့်မှကြည့်လျှင်    ပတ်ဝန်းကျင်ထိန်းချုပ်မှုသည်  လူတစ်ဦးချင်းစီ၏ သိမြင်မှု၊ စိတ်ခံစားမှုနှင့်   အပြုအမူဆိုင်ရာ အကြောင်းအရာများကို ရည်မှန်းချက်နှင့် လိုက်လျောညီ ထွေဖြစ်စေရန်အတွက် ပြုပြင်နိုင်ရန် ပံ့ပိုးပေးသည်။ ဖန်သားပြင်မပါသော  နေရာများနှင့် အချိန်များ ကို ဖန်တီးခြင်းသည် သိမှုလွန်ကဲမှုကို လျှော့ချပြီး စဉ်ဆက်မပြတ် အာရုံစူးစိုက်လေ့ကျင့် ရန်နှင့် ကလေးများ မိမိကိုယ်ကို ထိန်းချုပ်မှုတို့ကို   မြှင့်တင်ရန် အားကောင်းသောနည်း လမ်းတစ်ခု ဖြစ်သည်။ ကလေးများအား အာရုံထွေပြားခြင်းမရှိဘဲ   အလုပ်များကို   အာရုံစူးစိုက်လုပ်ဆောင်ရန် တွန်းအားပေးပါသည်။

၂၀၂၄  ခုနှစ်   ဒစ်ဂျစ်တယ်ခေတ်တွင် ကလေးများ အတွက်   ဘဝနေထိုင်နည်း   လေ့လာမှု သုတေသနသည် အိပ်ခန်းများကဲ့သို့  ဖန်သားပြင်လွတ် နေရာများသတ်မှတ်ခြင်းနှင့်  အိမ်စာလုပ်ချိန် သို့မဟုတ် မိသားစုအစာစားချိန်များကဲ့သို့ ဖန်သားပြင်မပါသော အချိန်များကို  စီစဉ်ထား ရန်  အကြံပြုထားသည်။  ထိုအလေ့အကျင့်များသည် ကလေးများနှင့် မိသားစု အပြန်အလှန် ဆက်ဆံရေးကို မြှင့်တင်ခြင်းဖြင့် ကလေးများ၏ အာရုံစူးစိုက်မှုကို အားပေးသည်။ မိဘများက ဖန်သားပြင်ကိုသတိထား၍ အသုံးပြုခြင်းနှင့် ဖန်သားပြင်များ ကို   ထိန်းသိမ်းခြင်းသည်  ကလေး များ အား ဆိုရှယ်မီဒီယာ၏ အနှောင့်အယှက်များကို လျှော့ချပေးပြီး ပိုမိုကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာထိန်းညှိမှုကို ဖွံ့ဖြိုးတိုးတက်စေပြီး    ဦးနှောက်ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုကို အားကောင်းစေသည်။

လက်တွေ့ဘဝနှင့် လိုက်လျောညီထွေရှိသော လူမှုဆက်ဆံရေးကို မြှင့်တင်ခြင်း

ကလေးဘဝ အစောပိုင်းတွင် ဖွဲ့စည်းတည်ဆောက်ထားသော ဆော့ကစားမှုများ နှင့် ဒီဇိုင်း ထုတ်ထားသော သင်ယူမှုအက်ပ်များသည် ကလေးဘဝဖွံ့ဖြိုးမှု အဆင့်အားလုံးအတွက် အာရုံစူး စိုက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လိုက်လျောညီထွေရှိသော တွေးခေါ်မှုကို ဦးစားပေးသည့် ဦးနှောက် စနစ်များကို ပြုစုပျိုးထောင်ပေးသည်။ ကလေးများအား မျှဝေခြင်း၊ အလှည့်ကျ လုပ်ဆောင်ခြင်း ၊ အပြန်အလှန်ဆက်သွယ်ခြင်း၊ ညှိနှိုင်းခြင်းနှင့်  ပဋိပက္ခဖြေရှင်းခြင်းကဲ့သို့ မရှိမဖြစ်လိုအပ်သော လူမှုဆက်ဆံ ရေးစွမ်းရည်များ တိုးတက်စေရန်  ကူညီပေးပါသည်။ ထိုလှုပ်ရှားမှုများသည် ကလေး များအတွက် လူမှုစည်းမျဉ်းစည်းကမ်းများကို   လေ့ကျင့်ပေးပြီး   မတူညီသောရှုထောင့်များကို နား လည်သဘောပေါက်စေရန်   ဘေးကင်းလုံခြုံပြီး အပြန်အလှန်အကျိုးပြုသော ပတ်ဝန်းကျင်ကို ပံ့ပိုး ပေးခြင်းဖြင့် သင်ကြားပေးရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)