Main menu

ကြက်သွန်မြိတ်အသုံးဝင်ပုံ

Powered by Drupal
Thu, 11/06/2025 - 11:44 -- consumer_admin

   ကြက်သွန်နီကို ဥအပြင် အမြိတ်များကိုလည်း ကျွန်မတို့လူမျိုးများအနေဖြင့် နည်းမျိုးစုံဖြင့် ထည့်သွင်း စားသုံးကြပြီး ကြိုက်နှစ်သက်ကြပါသည်။ ဒေသအခေါ်အရ ကြက်သွန်မြိတ်(သို့မဟုတ်) ကြက်သွန် ဖူးကို တို့စားခြင်း၊ ကြော်စားခြင်းဖြင့်၊ သုပ်စားခြင်း၊ ဟင်းရည်တွင်ခပ်ခြင်းနှင့်အသုပ်များ တွင် ထည့်သွင်း စားသုံးခြင်းဖြင့် အများဆုံးအသုံးပြုကြရာ ကြက်သွန်မြိတ်စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကိုအားကောင်းစေခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ နှလုံးရောဂါကိုကာကွယ်ပေးခြင်း၊ သွေးကြောများကိုချဲ့ပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျော့ချပေး ခြင်း၊ သွေးတွင်းကိုလက်စထရောကို လျော့ချပေးခြင်း၊ သွေးတိုးခြင်း၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင် ကြပ်ရောဂါကိုလည်းပျောက်ကင်းစေခြင်း၊ သလိပ်ကိုဖယ်ရှားပေးပြီး နှလုံးသွေးကြောပိတ်ဆို့ခြင်းကို လည်း ကာကွယ်ပေးခြင်း၊ ကြက်သွန်မြိတ်တွင် ပါဝင်သောအဆီဓာတ်သည် အအေးမိခြင်းနှင့်နှာခေါင်း ပိတ်ဆို့မှုကိုလည်းသက်သာစေခြင်း စသည့်ဖြင့် ခန္ဓာကိုယ်အတွက် အကျိုး ကျေးဇူး များစွာရရှိစေ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး အထောက်အကူပြုသော အစားအစာတစ်မျိုး ဖြစ် ပါသည်။ သို့သော် ဆေးဝါးသုံးစွဲပက်ဖြန်းမှုများရှိနိုင်သည့်အတွက်  စားသုံးသည့်အခါဓာတ်ကြွင်း ပြဿနာ များမဖြစ်ပွား စေရန် ရေဖြင့်စင်ကြယ်စွာဆေးကြောသန့်စင်၍ စားသုံးပေးသင့်ပါသည်။ မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင်ရောင်းချသည့် ကြက်သွန်မြိတ်တစ်စည်း(၂၀၀)ကျပ်၊၃စည်း(၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။