Main menu

အသားအရည်ကြည်လင်သောကဆစ်သီးအကြောင်း

Powered by Drupal
Thu, 11/06/2025 - 11:41 -- consumer_admin

    ကဆစ်သီးဆိုသည်မှာ အညာဒေသတွင် ဟင်းချက်စားသုံးသော အသီးတစ်မျိုးဖြစ်ပြီး အသီး၏ပုံသဏ္ဍာန်မှာ ကင်းပုံသီး၊ ဖရဲသီးသေးသေးလေးနှင့်တူ၍ နွယ်ပင်ရှည်အပင်မျိုးဖြစ်သလို ဟင်းချက်ရာတွင် ကြော်ချက်စားခြင်း၊ သုပ်စားခြင်းနှင့် အတို့အမြှပ်အဖြစ် စားသုံးကြကြောင်း၊ ၎င်းသည်အခွံပါးပါးလေးနဲ့ အရည်ရွှမ်းပြီးအရသာမှာ ချဉ်တင်တင်လေးဖြစ်ကြောင်း သိရှိရသည်။ ကဆစ်သီးတွင် ဗီတာမင်စီကြွယ်ဝစွာပါဝင်သောကြောင့် အသားအရေကို ကြည်လင်ဝင်းပစေ၍ ကျန်းမာစေပြီး အမာရွတ်တွေကို သက်သာစေသလို အနာကျက်မြန်စေဖို့လည်း အထောက် အကူပြုကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အဆာခံနိုင်စေ၍ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေရန်အထောက်အကူပြု၍ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးတိုးကျ စေ၍ သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးသလို နှလုံးသွေးကြောများကို ကျန်းမာစေပြီး သွေးကြောကျဉ်းရောဂါများကို မဖြစ်စေရန်တားဆီးပေးကြောင်း၊ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်သော ကြောင့် ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများကို ကျန်းမာစေပြီး ဦးနှောက်၊ နှလုံးနှင့်ကျောက်ကပ် တို့ကိုလည်း ကျန်းမာစေ၍ ရေဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် ရေဓာတ် ဖြည့်တင်းပေးကြောင်း၊ ကဆစ်သီးတွင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေနှင့် ပိုတက်စီယမ် စသည့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်၍ ကိုယ်အလေးချိန် လျော့ချသူများအနေဖြင့် ကယ်လ်လိုရီပါဝင်မှု အလွန်နည်းသောကြောင့် စားသုံးသင့်ကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ကဆစ်သီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်းသိရှိရပြီး၊ အညာဒေသ၌ ကဆစ်သီးများကို ကဆစ်မာဟူ၍လည်းခေါ်ဆိုသလို စားသုံးမှုများပြား၍ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သောကြောင့် အသားအရေစိုပြည်ကြည်လင်လှပပြီး အသားအရည်ထိန်းသိမ်းသော အမျိုးသမီးများအနေဖြင့် စားသုံးပါက အသားအရည်ကြည်လင် Glow စေကြောင်းစာပေများမှ လေ့လာဖတ် ရှု့သိရှိရသည်။

DOCA(မန္တလေး)