Main menu

ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍အသိပေးကြေညာချက်

Powered by Drupal
Thu, 10/30/2025 - 11:05 -- consumer_admin

 

၁။        စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့မဟုတ်) စပါး တင်း (၂,၅၀၀) နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များသည် မြန်မာဆန်စပါး အွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရ ယူရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်အမှတ် (၈၂/ ၂၀၂၄) ကို ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

၂။         မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော သိုလှောင်ရုံများအနေဖြင့် လည်း လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို MyRO Website ရှိ မိမိ၏ Account တွင် မပျက်မကွက် စာရင်းထည့်သွင်းပေးရန်၊ ပြည့်စုံမှန်ကန်သော အချက်အလက်များကို တာဝန်ယူ၊ တာဝန်ခံ၍ ထည့်သွင်းပေးရန်နှင့် အခါအားလျော်စွာ လာရောက်စစ်ဆေး ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသိပေးနှိုးဆော်အပ်ပါသည်။

၃။        အထက်အပိုဒ် (၁) ပါအတိုင်း သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ပျက်ကွက်လျှင် ဖြစ်စေ၊ အပိုဒ် (၂) ပါ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းအား ပြည့်စုံမှန်ကန်စွာ သတ်မှတ်ချိန် အတွင်း ဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၈၂/ ၂၀၂၄) ပါ သတ်မှတ်ချက်များနှင့်အညီ အရေးယူခြင်း (သို့မဟုတ်) မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်း (သို့မဟုတ်) နည်းလမ်းနှစ်ရပ်စလုံးဖြင့် အရေးယူခြင်းကို ဆောင်ရွက်မည်ဖြစ်၍ သိရှိလိုက်နာ ဆောင်ရွက်ရန် နှင့် သိရှိလိုသည်များရှိပါက www.myro.com.mm တွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ရုံးများတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန