
လသာပင်သည် ချုံရောင်နွယ်ရောင်ဖြစ်သည်။ လသာပင်သည်ခရမ်းရောင်နှင့်အဖြူရောင် ဟူ၍ နှစ်မျိုးရှိကြောင်းသိရပြီ ၁၂ရာသီစလုံးပွင့်၏၊ နွေရာသီ၌ထူးကဲစွာပွင့်၏၊ နွေ၏နေပူရှိန် ကို၎င်း၏ အပွင့်အရွက်တို့ဖြင့် များစွာအကာကွယ်ဖြစ်စေသည်။ ၎င်းပင်သည် ပဉ္စငါးပါးကိုချိုး ဖြတ်၍ကြည့်ပါက အဖြူရောင်အစေးများထွက်သည်။ အပင်သည်လွန်စွာအသက်ပြင်းသည့် အပြင်အပူဒဏ်ကိုလွန်စွာ ခံနိုင်သော အအေးကြိုက်သည့်အပင်မျိုးဖြစ်သည်။ ရှင်သန်ကြီးထွား ပေါက်ဖွားလွယ်သည်။ လသာ အရွက်ကို ဖောရောင်သူများ ဆီးပူးညောင်းကျရှိ၍ ဓာတ်ချုပ်သူများ ပြုတ်၍သုတ်စားခြင်း၊ အတို့အမြုပ် လုပ်စားခြင်းဖြင့် သက်သာစေနိုင်ကြောင်း၊ ဆီးချုပ် ဝမ်းချုပ်သူများ အရွက်နုနု၂ရွက်ကိုရေနွေးဖျော၍ စားသုံးပေးပါကသက်သာစေနိုင်ကြောင်း ၊အပွင့်ကို ကြော်စားလျှင်မှိုကဲ့သို့အရသာရှိပြီး ဆီးဝမ်းကို သက်သာစေနိုင်ကြောင်း၊ ငှက်ဖျား ကြောင့်အသည်းရောင်အသားဝါဖြစ်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း ကြောင့်ဖြစ်သော ကိုယ်ဖော ခြင်းပျောက်ကင်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
