Main menu

ဆေးခါးကြီးပင်ဆေးဖက်ဝင်

Powered by Drupal
Tue, 10/28/2025 - 15:24 -- consumer_admin

    ဆေးခါးကြီးပင်မှာ တစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁ပေမှ ၃ပေအထိမြင့်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းနှင့်ရှမ်းပြည်နယ်တွင် သဘာဝအလျောက်ပေါက်ရောက်ပြီး အချို့နေအိမ် များတွင်လည်း ဆေးအဖြစ် အသုံးပြုကြရန်စိုက်ပျိုးကြသည်။ တိုင်းရင်းဆေးကျမ်းများအဆိုအရ ဆေးခါးကြီးသည် အေးခါးသော အရသာရှိသည်။ သလိပ်နှင့်သည်းခြေကိုနိုင်၍ လေကိုအားပေး သည်။ ဝမ်းမီးကိုတောက်၍ အစာကိုကြေကျက်စေသည်။ အဖျားကိုပျောက်စေနိုင်သည်။ ဆေးခါးကြီးကို အဖျားဖြတ်ဆေး၊ အဆိပ် ဖြေဆေးနှင့် လျှာပွတ်ဆေးများဖော်စပ်ရာတွင် အသုံးပြုကြ သည်။ ဆေးခါးကြီးအရွက်ပြုတ်ရည်သည် အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းကိုက်ခြင်း၊နှင့် အဖျားရောဂါတို့ကို သက်သာ ပျောက်ကင်းစေသည်။ ဆေးခါးကြီးပြုတ်ရည် ကိုဇီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့်စသည့်(၃)မျိုးအမှုန့်နှင့် ရောစပ်သောက်သုံးပါက သွေးဖျဉ်း၊လေဖျဉ်း၊ နူနာ၊ခေါင်းကိုက်ဇက်ထိုးဝေဒနာတို့ကို သက်သာ ပျောက်ကင်းစေပါသည်။ ဆေးခါးကြီးပင်သည် အဖျားကျအာနိသင်ရှိခြင်း၊ ဆီးချိုကျအာနိသင်ရှိခြင်း၊ အသည်းအဆိပ်ဖြစ်မှုကာကွယ်သော အာနိ သင်ရှိခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းအသက်ရှူ ကြပ်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲမအီမသာဖြစ် ခြင်း လက္ခဏာများကိုသက်သာပျောက်ကင်းစေနိုင် ကြောင်း သိရှိရသည်။  ဘေးထွက်ဆိုးကျိုးအ နေဖြင့် ဆေးခါးကြီးကို ပုံမှန်ထက်ပိုမိုသောက်သုံးမိပါက ကိုယ်ဝန်ကိုပျက်ကျစေနိုင်ခြင်း၊ နားအူခြင်း၊နားလေထွက်ခြင်း၊ ခံတွင်းခြောက်ခြင်းတို့ကိုလည်း ဖြစ်စေ နိုင်ကြောင်း   လေ့လာသိရှိရ  ပါသည်။

DOCA(မန္တလေး)