Main menu

ဆေးအိုးပုတ်ပင်၏အစွမ်း

Powered by Drupal
Tue, 10/28/2025 - 15:15 -- consumer_admin

   နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသော ဆိုရိုးစကားအတိုင်း ဆေးအိုးပုတ်ပင်သည် အလွန် အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ကြောင်း၊ အပင်၏ပုံသဏ္ဍာန်မှာ အရွက်ရှည်ရှည် ငရုတ်ကောင်းအရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူပြီး ၎င်း၏အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်၍ သစ်ခွပန်းအပွင့်နှင့်ဆင်ပြီး အသီးမှာ သောက်ရေအိုး (သို့မဟုတ်) အိုးပုတ်ငယ် ပုံဏ္ဍာန်နှင့် ဆင်ကြောင်းသိရှိရသည်။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုပ်ခန့်အား ရေဆေးပြီးလျင် ဝါး၍ပါးစပ်အတွင်း (၅) မိနစ်ခန့်ငုံထားခြင်းကို တစ်နေ့ (၃) ကြိမ်ခန့် ပြုလုပ်ပေးပါက လျှာကင်ဆာနှင့် ပါးစပ်အတွင်းအပူနာ၊ လည်းပင်းကင်ဆာ အမျိုးမျိုးကိုသက်သာ ပျောက်ကင်း ကြောင်း၊ ဆေးအိုးရွက်အနည်းငယ်ကိုခူး၍ သုံးခွက်တစ်ခွက်ကျိုပါ ပြီးပါကထိုအရည်အားငုံခြင်း အာလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးခြင်းဖြင့် ပါးစပ်အတွင်းအပူနာ၊ သွားပိုးစား၊ သွားကိုက်သွားနာ၊ မဲ့ခရုနှင့် ပါးစပ်တွင်ပေါက်သော ရေယုံနာများကို (၃)ရက်အတွင်းသက်သာ ပျောက်ကင်းကြောင်း ဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင်  ရောင်းချနေသော ဆေးအိုးပုတ်ပင် တစ်ပင်လျှင် (၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်းသိရှိရသည်။ ဒေသတွင်းရောင်းချနေသော ဆေးအိုးပုတ်ပင်ပျိုးပင်များကို ပြင်ဦးလွင်မြို့ တို့မှမှာယူရောင်း ချကြောင်းသိရှိရသည်။

DOCA(မန္တလေး)