Main menu

ပဲပင်ပေါက်အကြောင်းတစေ့တစောင်း

Powered by Drupal
Tue, 10/28/2025 - 14:36 -- consumer_admin

   ပဲပင်ပေါက်သည် မြန်မာလူမျိုးအများစုနှစ်ခြိုက်သည့်ဟင်းသီးဟင်းရွက် အနွယ်ဝင် တစ်မျိုးဖြစ်ပါသည်။ပဲပင်ပေါက်ကို အိမ်၌ပင်အလွယ်တကူအချိန်တိုအတွင်း အပင်ဖောက်နိုင်ပါ သည်။ ပဲအမျိုးအစားအားလုံးနီးပါး အပင်ဖောက်လို့ရပါသည်။အစေ့သေးသည့် ပဲအမျိုးသည်ကျန်းမာ ရေးနှင့်ပို၍ညီညွတ်ပါသည်။ အစေ့ကြီးသည့် ပဲအမျိုးအစားသည် စိုစွတ်မှုအချိန်ကြာလာသည်နှင့် အမျှမှိုတက်ဖို့အလားအလာ များပါသည်။ပဲတီစိမ်းသည် ပဲပင်ဖောက်ရန် အသင့်တော်ဆုံး ပဲအမျိုး အစားဖြစ်ပါသည်။ ပဲပင်ပေါက်ဖောက်ရန်လတ်တလောရိတ်သိမ်းထားသည့် မျိုးစေ့များကိုအသုံး မပြုသင့်ပါ။ ခြောက်သွေ့သည့် ပဲအမျိုးစားကောင်းကောင်းများကို ရွေး၍အသုံးပြုရပါသည်။ ပဲပင် ပေါက်ကို အပေါက်သေးသေးလေးများပါသည့် ဇကာထဲတွင်လည်ကောင်း၊ခြင်းထဲတွင်လည်းကောင်း ထည့်၍ဖောက်လို့ရပါသည်။ပဲပင်ပေါက်ဖောက်ရာတွင်ပဲတီစီမ်းကို အနည်းဆုံး(၈) နာရီခန့် ရေစိမ် ပေးထားရပါမည်။ ရေစိမ်၍ပွလာသည့် ပဲစေ့များကိုရေစစ်ထားရသည်။ ရေကုန်သွားပါကဇကာထဲကို ရေစွတ်ထားသည့်အဝတ်စပါးလေးခင်းပြီး ပဲစေ့လေးများကို ထည့်ပေးရပါမည်။ ထို့နောက်အပေါ်မှ အဝတ်စအပါးလေးတစ်ခု အုပ်ပေးထားရပါမည်။နေ့စဉ်အဝတ်စပါးလေးကို ရေမခြောက် သွားစေရန် ဂရုစိုက်ရေလောင်းပေးပြီး အခန်းအပူချိန်အတွင်း၄/၅ ရက်ခန့်ထားပေးပြီးလျှင်အပင် ပေါက်လာပါ သည်။ အဝတ်ထဲမှထိုးထွက်နေသည့် အမြစ်များကိုဖြတ်တောက်ပြီး ရေစင်စင်ဆေးကာ ကြော်စား ကြသလို ပဲပြားနှင့်လည်းရော၍ ကြော်စားကြပါသည်။ ထို့ပြင် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ မုန့်ဟင်းခါး နှင့်အသုပ်များတွင်လည်း ထည့်၍စားသုံးကြပါသည်။ အချဉ်ဖောက်၍လည်း စားသုံးကြပါသည်။ ပဲပင်ပေါက်တွင် အင်ဇိုင်းဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ အမျှင် ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါသည်။ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီးခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ဗီတာမင်နှင့်သတ္တုဓာတ် ပါဝင်သောကြောင့် ကိုယ် အလေးချိန် လျော့ချချင်သူများ စားသုံးပေးသင့်သည့် အစားအစာတစ်မျိုးဖြစ်ပါသည်။ ခန္ဓာကိုယ်တွင် သံဓါတ်နည်းသည့်အခါ သွေးအားနည်းရောဂါကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် သံဓါတ်ကြွယ်ဝသည့် အစားအစာများများ စားပေးသင့်ပါသည်။ ပဲပင်ပေါက်တွင် သံဓါတ်နှင့်ကော့ပါးဓါတ်ပါဝင်သော ကြောင့် ခန္ဓာကိုယ်တွင်းသွေးနီဥဆဲလ်များ ဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းစေ ပါသည်။ဗီတာမင် A ကြွယ်ဝသောကြောင့် အသက်အရွယ်ကြောင့်ဖြစ်သည့် အမြင်အာရုံပြဿနာ များကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းပဲပင် ပေါက်ကို အပင်ဖောက်ကာစီးပွားဖြစ် တစ်နိုင်တစ်ပိုင်ရောင်းချကြပါသည်။

DOCA(ကယား)