Main menu

“ ဟင်းနုနွယ်စားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ”

Powered by Drupal
Mon, 10/27/2025 - 15:59 -- consumer_admin

  ဟင်းနုနွယ်အပင်သည် အလေ့ကျပေါက်သောအပင်တစ်မျိုးဖြစ်သည်။ ဟင်းနုနွယ်ပင်တွင် ဆူးပါသောအပင်နှင့်ဆူးမဲ့အပင်ဟူ၍ နှစ်မျိုးရှိပြီး၊ နှစ်မျိုးစလုံးကျန်းမာရေးအတွက် ကောင်းကျိုး အမြောက်အများပေးသည့် အပင်ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

          ဟင်းနုနွယ်ရွက်တွင် ပါဝင်သည့် ဗီတာမင်နဲ့သတ္တုဓာတ်များ၌ ရောဂါများကို ကာကွယ်ပေးနိုင် သည့်အပြင် အာဟာရဓာတ်များစွာ ပေးစွမ်းနိုင်သောအရွက်ဖြစ်သောကြောင့် စူပါအစားအစာအဖြစ် တင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါသည်။

ဟင်းနုနွယ်အရွက်တွင်သာမက အရိုးများမှလည်း အာဟာရဓာတ်ပြည့်ဝစွာပါရှိပြီး အခြား သောဟင်းရွက်များထက် အာဟာရဓာတ်ပါဝင်မှုပိုများခြင်း၊  ကယ်လိုရီပါဝင်မှု ၄၁ ရာခိုင်နှုန်းရှိသည့် အတွက် ဗီတာမင်ကေ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ အမျှင်ဓာတ် ၊ ဖောလစ်အက်စစ်နှင့် ကယ်လစီယမ် ဓာတ်များပါရှိသောကြောင့် အရိုးများကြံ့ခိုင်သန်မာအောင် ပေးစွမ်းနိုင်ခြင်း၊ အူမကြီးကင်ဆာနှင့်   ရင်သားကင်ဆာကို တိုက်ဖျက်ပေးနိုင်ခြင်း၊ သွေးတွင်းရှိ ပရိုတင်းဓာတ်များမပျက်စီးအောင် ကူညီ ပေးပြီး သွေးပေါင်တက်ခြင်းနှင့် နှလုံးရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ မျက်စိတိမ်စွဲရောဂါမှကာကွယ် ပေးနိုင်၍ သက်ကြီးရွယ်အိုတွေမှာ အသက်ကြီးလာသော အခါဖြစ်တက်သည့် အမြင်အာရုံမှုန်ဝါး စေပြီး မျက်စိကွယ်ပျောက်အန္တရာယ်မှကာကွယ်ပေးနိုင်ခြင်း၊ သွေးဖိအားကျခြင်းကြောင့် ခေါင်းကိုက် ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိသည့် အပင်တစ်မျိုး ဖြစ်ပါသည်။ အထူးအနေဖြင့် အသက်ငယ်ရွယ်စဉ်ကပင် ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်ကြီးရင့် လာသည့်အချိန်တွင် မျက်စိကွယ်ပျောက်သွားခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း လေ့လာ သိရှိရပါသည်။

ဟင်းနုနွယ်ရွက်ကို ကြော်၍လည်းကောင်း၊ သုပ်၍လည်းကောင်း၊ ဟင်းချိုရည်အဖြစ်လည်း ကောင် အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)