Main menu

မြန်မာနိုင်ငံမှကော်ဖီစေ့ အရည်အသွေး

Powered by Drupal
Wed, 10/22/2025 - 10:58 -- consumer_admin

      မြန်မာ့ကုန်းမြေမြင့်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၃၀၀) ခန့် ရှိတဲ့ အပူလျော့ပိုင်းဒေသတွေမှာ တည်ရှိကြပါတယ်။ ကော်ဖီကို မိုးရာသီမှာ စိုက်ပျိုး၍ ခြောက်သွေ့ရာသီ ရောက်ရင်တော့ ရိတ်သိမ်းပြီး ကော်ဖီစေ့အဖြစ် ထုတ်လုပ်ကြပါတယ်။ ဒီလိုကောင်းမွန်တဲ့ သဘာဝ အခြေအနေများကြောင့် ထိပ်တန်းအရည်အသွေးရှိ ကော်ဖီစေ့ကို ထုတ်လုပ်ရရှိကြပါတယ်။ ကော်ဖီကို အရည်အသွေးသတ်မှတ်တဲ့ အဖွဲ့အစည်းများရဲ့ စစ်တမ်းများအရ မြန်မာ့ကော်ဖီစေ့အများစုမှာ (၈၅) မှတ်ကျော်ရရှိတယ်လို့ သိရပါတယ်။

     နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ယခုအခါမှာတော့ မြန်မာ့ကော်ဖီဟာ တစ်ခေတ် ဆန်းသစ်လာပြီလည်း ဖြစ်ပါတယ်။ ကော်ဖီထုတ်လုပ်မှု တစ်ခေတ်ဆန်းလာပြီးနောက် ထောင်ပေါင်း များစွာသော ဆင်းရဲသားလယ်သမားတွေနဲ့ မိသားစုများဟာ နေထိုင်မှုဘဝတွေ အဆင်ပြေလာပြီး ဝင်ငွေတိုးပွားလာကြပါတယ်။ မြန်မာ့ကော်ဖီ ထုတ်လုပ်မှုလုပ်ငန်းအများစုမှာ လယ်သမားများ၊ အမျိုးသမီးများနဲ့ လူငယ်များလုပ်ကိုင်ကြတဲ့ အသေးစားလုပ်ငန်းများဖြစ်ကြပါတယ်။

    မြန်မာနိုင်ငံရဲ့ ကော်ဖီထုတ်လုပ်မှုဟာ နည်းပါးပေမဲ့ အထူးတန်းဝင်သည့် ကော်ဖီစေ့များ ထုတ်လုပ်နိုင်တဲ့နိုင်ငံအဖြစ် အာရှတွင်ရပ်တည်နိုင်ရန် စိတ်အားထက်သန်လျှက်ရှိပါတယ်။ မြန်မာ့ ကော်ဖီစေ့ ပြည်ပတင်ပို့မှုကဏ္ဍအနေဖြင့်    ကော်ဖီထုတ်လုပ်သည့် အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ကော်ဖီစေ့ထုတ်လုပ်ရန် အဓိကလိုအပ်တဲ့ ကုန်းမြင့်ဒေသများနဲ့ မျှတသောအပူချိန် စသည့်သဘာဝအခြေခံကောင်းများ ပိုင်ဆိုင်ထားပါတယ်။ မြန်မာနိုင်ငံမှထုတ်လုပ်တဲ့ အထူးတန်းဝင်ကော်ဖီများက ကြွယ်ဝမျှတသော အနံ့အရသာပါဝင်မှုကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ အသိအမှတ်ပြုတာခံရပါတယ်။

           ကော်ဖီထုတ်လုပ်မှုဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်တိုးတက်လျှက်ရှိပြီး ကော်ဖီစိုက်ခင်းပေါင်း ဟက်တာ၂၀၀၀၀မှ ကော်ဖီစေ့တန်ချိန် ၇၀၀၀ခန့် ထုတ်လုပ်လျက်ရှိပါတယ်။     အထူးတန်းဝင်ကော်ဖီ ထုတ်လုပ်မှုမှာလည်း တန်ချိန် (၁၀၀၀) ခန့်ရှိပါတယ်။ မြောက်ပိုင်းကုန်းမြင့်ဒေသများမှာစိုက်ပျိုးတဲ့ ကော်ဖီများအနက် ၈၀ ရာခိုင်နှုန်းမှာ အာရေဗီးယား Arabia ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းမှာ ရိုဘမ်စ်တာ ကော်ဖီ (Robusta) ဖြစ်ပြီး တောင်ပိုင်းမြေနိမ့်ဒေသများတွင် စိုက်ပျိုးကြပါတယ်။ ၂၀၁၇ ခုနှစ်တွင် မြန်မာ့ကော်ဖီစေ့ တန်ချိန်ပေါင်း ၈၆၀၊ တန်ဖိုးအားဖြင့် ယူရို ၁.၂ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။

(DOCA ဧရာဝတီ)