Main menu

ဆလပ်ရွက်

Powered by Drupal
Fri, 10/17/2025 - 15:38 -- consumer_admin

   ဆလပ်ရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာက အီဂျစ်နိုင်ငံတွင် စတင်စိုက်ပျိုးကြသည်။ အီဂျစ်လူမျိုးများသည် ဆလပ်အစေ့ကိုဆီထုတ်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ဆလပ်ပင်သည် အစေ့သာမက အရွက်လည်းစားကောင်းပြီး အသားကင်များနှင့်တွဲဖက်၍စားသုံးရသလိုအတို့ အမြှုပ်အနေနှင့် လည်းစားသုံးကြပါသည်။ ဆလပ်ရွက်တွင် ရေဓာတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့်သကြားဓာတ်တို့ပါဝင်ပါသည်။မြန်မာလူမျိုးများသည် ရှေးယ ခင်တည်းက ငပိရည်နှင့် အတို့အမြှုပ်များဖြင့်စားကြသည်မှာ ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး ထမင်းစားလည်းမြိန်စေပါသည်။ အတို့ အမြှုပ်ဖြစ်သော ဆလပ်ရွက်ကို မြင်းခြံမြို့အေးမြသီတာ ဈေးတွင် တစ်စည်းလျှင်(၁၀၀၀)ကျပ်နှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)