Main menu

မာလကာရွက်၏ အကျိုးကျေးဇူး

Powered by Drupal
Fri, 10/17/2025 - 15:24 -- consumer_admin

  မာလကာသီးကို လူအများကြိုက်နှစ်သက်၍ စီးပွားဖြစ်စိုက်ပျိုးမှုများလာကြပြီး မာလကာပင် စိုက်ပျိုးသူများလည်း စီးပွားရေးအဆင်ပြေလာကြပါသည်။ မာလကာပင်သည် လူသားတို့အတွက် အသီးကို စားသုံးမှုပြုနိုင်သည့်အပြင် အရွက်မှာလည်း ကျွန်မတို့လူမျိုးများမှာ ရှေးယခင်ကတည်းက ဆေးဝါးအဖြစ် အသုံးပြုလာကြပါသည်။ မာလကာရွက်သည် ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်း များကဲ့သို့သော ဒြပ်ပေါင်း များပါဝင်သည့်အတွက် ခံတွင်း အတွင်းရှိဘက်တီးရီးယားများကိုသေစေရန် ကူညီပေးပါသည်။ သွားဖုံးသို့ မဟုတ် သွားပတ်လည်ရှိ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေခြင်း၊ မာလကာရွက်တွင် မေ့ဆေးအာ နိသင် အနည်းငယ်ရှိသည်။ မာလကာအရွက် အစိမ်းကို သေချာစွာဆေးကြော ပြီး သွားကိုက်သည့် နေရာတွင် ဝါး၍မာလကာရွက်မှထွက်သည့် အရည်များကို ခဏကြာအောင် စိမ်ထားပြီးမှ ထွေးထုတ်ပေးခြင်း၊ အရွက်(၅-၁၀)ရွက်ခန့်ကို ရေနှင့် အတူပြုတ်ပြီး ပြုတ်ရည်ကိုခံတွင်းသန့်ဆေးရည်အဖြစ် ငုံခြင်း၊ ပလုပ်ကျင်းပေးခြင်း၊ အရွက်အစိမ်းကို ကြေညက်နူးညံ့သည်အထိ ကြိတ်ချေ၍ သွားကိုက်သည့် သွားဖုံးသို့မဟုတ် သွားပေါ်တွင်လိမ်းပေးအုံ ပေးခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း သိရှိရသည်။

DOCA(မန္တလေး)