Main menu

သံပုရာသီး၏အစွမ်းထက်အာနိသင်

Powered by Drupal
Fri, 10/17/2025 - 15:00 -- consumer_admin

   မြန်မာ့ရိုးရာအစားအစာများထဲတွင် အသီးအရွက်သုပ်များစားလေ့ရှိသောအခါသံပုရာသီး နှင့် မန်ကျည်းသီးကိုအသုံးပြုကြပါသည်။ သံပုရာသီးသည်ရနံ့မွှေးသောကြောင့် အနံ့အသက်ကို လည်းထိန်းပါသည်။   အအီစာများစားပြီးသည့်အခါ ၊   ခေါင်းမူးသည့်အခါသံပုရာရည်ကိုဖျော် သောက်လိုက် လျှင်ကြည်လင်လန်းဆန်းနိုင်စွမ်းရှိပါသည်။ ခရီးသွားသည့်အခါ သံပုရာသီးကို အိတ်ထဲဆောင် သွားပါက ကားမူးသည့်အခါ အလွယ်တကူရှူလို့ရနိုင်ပါသည်။ သံပုရာသီးသည်  ဗီတာမင်စီကြွယ်ဝသော အရည်ရွှမ်းသောအသီးတစ်မျိုးဖြစ်ပါသည်။ အမျှင်ဓာတ်၊ ကယ်လ်ဆီ ယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်စသည့်သတ္ထုဓာတ် များစွာကြွယ်ဝစွာပါ ဝင်ပါသည်။ သံပုရာသီး၏အစွမ်းထက် အာနိသင်များမှာ အသားအရေထိန်းသိမ်းရာတွင်အသုံး ဝင်ခြင်း၊ အစာချေဖျတ်နိုင်စွမ်းရှိခြင်း၊ ကိုယ်အလေးချိန်လျှော့ချရာတွင် အသုံးပြုနိုင်ခြင်း၊ ဝမ်းချုပ် ခြင်းမှကာကွယ်ပေးခြင်း၊ ဆီးချို သွေးချို နှင့်နှလုံးရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဆစ်နာခြင်း၊ မျက်စိကျန်းမာရေး၊ အဖျားရောဂါ၊ ဂေါက်ရောဂါ နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ များမှလည်းကာကွယ်ပေးနိုင်ပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများ သော်လည်း သွေးကျဆေးသောက် နေရသူများနှင့် အခြားကျန်းမာရေးပြဿာနာရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားသုံးသင့်ပါသည်။ ထိုသို့ ကျန်းမာရေးအတွက်အထောက်အကူပြုသော အစွမ်းထက်သည့် အာနိသင်များပါဝင်သည့် သံပုရာသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် တစ်လုံးလျှင် (၁၀၀)ကျပ်နှုန်း၊ (၁၂) လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   

DOCA(မန္တလေး)