Main menu

နှလုံးနှင့်အာရုံကြောစနစ်ကျန်းမာစေနိုင်သော ငှက်ပျောဖူး

Powered by Drupal
Fri, 10/17/2025 - 13:55 -- consumer_admin

    ငှက်ပျောဖူးသည် ကျန်းမာရေးအကျိုးများပြီး အရသာရှိသော်လည်း အများကြီး စားသုံးပါက လေချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ ငှက်ပျောဖူးတွင် ethanol ပါဝင် သောကြောင့် ဘတ်တီးရီးယားပေါက်ဖွားခြင်းမျိုးမဖြစ်အောင်ကာကွယ်ပေးပါသည်။ အနာကျက် မြန်စေနိုင်သလို ကူးစက်တတ်သောရောဂါများမှလည်း ကာကွယ်ပေးပါသည်။ ငှက်ပျောဖူးသည် သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရှိသူများအနေဖြင့်စားသုံး ပေးနိုင် ပါသည်။ ငှက်ပျောဖူး ၏အကျိုးကျေးဇူးတစ်ရပ်မှာ ဟီမိုဂလိုဘင်ပမာဏကိုမြင့်တက် စေသော ကြောင့် သွေးနီဉဆဲလ် ထုတ်လုပ်မှုကိုတိုးစေပါသည်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ ငှက်ပျောဖူးစားသုံးပေးခြင်းဖြင့် နို့တိုက်မိခင်များအနေဖြင့် နို့ထွက်များ စေဖို့ထောက်ကူပေးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း မဖြစ်အောင်ကာကွယ်ပေးခြင်း၊ သားအိမ်ကိုကျန်းမာစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းမှန်စေခြင်း၊ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်သောကြောင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါ များမဖြစ် အောင်ကာကွယ်ပေးခြင်း၊ အရွယ်မတိုင်ခင်အိုမင်းခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း၊ကိုယ်အ လေးချိန် ကျအောင်ထောက်ပံ့ပေးခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာစေခြင်းနှင့် အာရုံကြောစနစ်ကိုကောင်းမွန်စေခြင်းစသည့် ကျန်းမာရေး ဆိုင်ရာအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ကြောင်းသိရှိရပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ငှက်ပျောဖူးတစ်ဖူးလျှင် အကြီး(၁၅၀၀)၊အလတ်(၁၀၀၀)၊အသေး(၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)