
ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုး ဖြစ်၍ အဆုတ် ၊ အူမကြီးကို ကောင်းမွန်စေသောသီးနှံတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ် ပေးနိုင်ကြောင်းလေ့လာသိရှိရပါသည်။ နွေရာသီတွင် စားသုံးပေးလျှင် အထူးသင့် လျော်သော သီးနှံ တစ်မျိုးဖြစ်ပြီး ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူး တတ်သောသူ၊ ဖြူဖတ်ဖြူရော် ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါ ခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ သွေးတိုးနှင့်ကျောက်ကပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းရှိ အပူများ ကိုစုပ်ယူပေးသောကြောင့် လူတိုင်းစားသုံးပေးသင့်ပါသည်။
ကျောက်ဖရုံသီးကို မျိုးစေ့ဖြင့်စိုက်ပျိုးကြလေ့ရှိပြီး ဒေသမျိုးတွင်အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီးနှစ်ပေနှင့်အထက်အရှည်မျိုးဟူ၍ရှိသည်။ အလုံးလတ်မျိုးကို စီးပွားဖြစ်မြေတွင် လွှတ်၍စိုက်ပျိုးကြပြီး အလုံးကြီးများကို အချို့ဒေသများတွင်စင်တင်၍သော်လည်းကောင်း၊ သစ်ပင်ကြီးများ နှင့် တဲများအပေါ်တွင်တင်၍သော်လည်းကောင်း နှစ်ပတ်လည်စိုက်ပျိုးထားကြ သည်။ မျိုးအားလုံးသည် အပြင်ခွံတွင် ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။ အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက်စီးပွားဖြစ်အများဆုံး မြေလွှတ်၍စိုက်ပျိုးကြသည်။ မိုးတွင်းတွင်စိုက်ပျိုးပြီး(၂) လကြာ သောအခါတွင်ခူးဆွတ်ကြရသည်။ ၁ချိုးလျှင်အလုံး(၁၂၀)(၂) ရက်ခြားတစ်ခါခူးစွတ်ရပါသည်။ ကျောက်ဖရုံသီးသည် ခူးဆွတ်ပြီး(၁)လကြာထိထား၍ရပါသည်။ ကျောက်ဖရုံသီးကို မြင်းခြံမြို့အေးမြသီတာဈေးတွင် တစ်လုံးလျှင်(၁၅၀၀-၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက် ဖရုံသီးရောင်းချသူများထံမှ သိရှိရသည်။
DOCA(မန္တလေး)