Main menu

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောဗူးညွန့်

Powered by Drupal
Fri, 10/17/2025 - 12:13 -- consumer_admin

    ဗူးညွန့်သည် အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အစာခြေစနစ်နှင့် ဝမ်းချုပ်ခြင်း များကိုသက်သာ စေကြောင်း၊ ဝမ်းမှန်စေ၍ အစာခြေစနစ်ကိုအထောက်အကူပြု၍ အူမကြီးကိုသန့်စင်ပေးကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာပြီး ရောဂါကင်းစေရန် ဘူးသီး သီးနှံကိုစားပေးသင့်ကြောင်း၊ ဗူးညွန့်သည် အစာကြေစေရန် အကောင်းဆုံးအားဖြည့်ပေးနိုင်ကြောင်း၊ ခန္ဓာကိုယ်အပူငြိမ်းစေ၍ ရေဓာတ်ဖြည့်ပေးကြောင်း၊ အစာအိမ်ကိုအေးစေ၍ ခန္ဓာကိုယ်၏ အပူချိန်ကို‌လျှော့ချပေးကြောင်း၊ ချွေးအရမ်းထွက်သော နွေရာသီတွင် ဗူးညွန့်များကိုစားသုံးပေးခြင်းဖြင့် ရေဓာတ်ကိုပြည့်ဝစွာ ဖြည့်ဆည်းပေးကြောင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဗူးညွန့်များကိုစားသုံးခြင်းဖြင့် အပူကြောင့်ဖြစ်သောခံတွင်း (ပါးစပ်) ထဲတွင်အနာပေါက်ခြင်းများကို သက်သာစေကြောင်း၊ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေသောကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအား ဖြည့်ပေးကြောင်း၊ ဦးနှောက်နှင့် အာရုံကြောကိုကျန်းမာစေသော (Choline) ဓာတ်ပါဝင်သောကြောင့်  မှတ်ဉာဏ်ကောင်းစေ၍ ဦးနှောက်စွမ်းရည်ကို တိုးတက်နိုင်စေနိုင်သလို စိတ်ဖိစီးမှုနှင့် စိတ်ဓာတ် ကျတာတွေကိုသက်သာစေနိုင်ကြောင်း၊ ဗူးညွန့်အရွက်တွင် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အဆာ ခံနိုင်၍ ကယ်လိုရီပါဝင်မှုလည်းနည်းပြီး ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ စသည်တို့ကြွယ်ဝသောကြောင့် ဝိတ်ချသူများစားသုံးသင့်ကြောင်း၊ ဗူးညွန့်သည်အမျှင်ဓာတ် ကြွယ်ဝ ခြင်းကြောင့် အဆာခံနိုင်၍ ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့်  ကြွက်သားများကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးကြောင်း လေ့လာသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ဗူးညွန့်တစ်စည်းလျှင် (၂၀၀) ကျပ် ပေါက်ဈေးများဖြင့် ‌ရောင်းချကြောင်း၊ ဈေးချိုချိုနှင့် အလွယ်တကူဝယ်ယူစားသုံးနိုင်၍ ကျန်းမာရေးအတွက် အမျှင် ဓာတ်ကြွယ်ဝသော ဗူးရွက်များကိုစားသုံးသင့်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)