Main menu

ကျွဲကောသီးစားခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

Powered by Drupal
Fri, 10/17/2025 - 12:02 -- consumer_admin

   ကျွဲကောပင်သည် ရှောက် သံပရာ လိမ္မော်ပင်စသည်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင် သည်။ ကျွဲကောပင်၏ ရုက္ခဗေဒအမည်မှာ စစ်တြပ်ဒီကျူမန်နား (citrus decumana) ဖြစ်သည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်း ခေါ်ကြသည်။ ကျွဲကောပင်သည် မလေးကျွန်းစုနှင့် ပိုလီနီးရှင်းကျွန်းများတွင် မူလပေါက်ရောက်၍ နောက်မှ မြန်မာနိုင်ငံသို့ မလ္လာယုကျွန်းဆွယ်နှင့် အိန္ဒိယနိုင်ငံတို့မှ တဆင့်ရောက်လာသည်။ ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျွဲကောပင်များကို တွေ့ရသည်။ ကျိုက္ခမီခရိုင်၊ မုတ္တမနယ်၌ ကျွဲကောခြံများရှိလေသည်။ မြန်မာနိုင်ငံတွင် ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း၊ မျိုးပွားယူကြသည်။ အကိုင်းကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်လည်းကြီးထွား၍ အသီးလည်း ပိုမိုဖြစ်ထွန်းသည်။ ကျွဲကောပင်များကို အတန်းလိုက် စိုက်ပျိုးထားသည်ကိုတွေ့ရသည်။ ကျွဲကောပင် စိုက်ပျိုးသောအခါ တပင်နှင့် တပင် အနည်းဆုံး ပေ ၂၀ ခန့်ခွာ၍ စိုက်ပျိုးရသည်။ အစေ့မျိုးစေ့မှ ပေါက်လာသော ကျွဲကောပင်သည် နှစ်မှ နှစ်ခန့်ကြာလျှင် သီးသည်။ မိုးဥကျအချိန်မှစ၍ ပန်းပွင့်ပြီး အသီးများသည် တော်သလင်းမှ ပြာသိုလအတွင်း မှည့်ကြသည်။ ကျွဲကောပင်သည် ပေ ၃၀၊ ၄၀ အထိမြင့်နိုင်သည်။ ကျွဲကောသီးသည် ခပ်လုံးလုံးဖြစ်၍ အချင်း လက်မမှ လက်မခန့် အထိရှိသည်။ အခွံသည် ထူသည်၊ စိမ်းသည်၊ မှည့်လျင် အဝါရောင်သန်းလာသည်။ အတွင်း၌ ရှောက်သီးမှာကဲ့သို့ အမြွာလိုက်အသားရှိသည်။ အသားသည် အရည်ရွမ်းသည်။ ကျွဲကော်သီးသည် အချဉ်ဓာတ်ပါသော အရည်ရွှမ်းသီးဖြစ်သည်။ကျွဲကောသီးသည် အစိမ်းရောင် သို့မဟုတ် အဝါရောင် အခွံအောက်တွင် အဖြူရောင်အသားတစ်ထပ်ရှိပြီး အဖြူရောင်အောက်တွင်မှ  အသီးအမွှာလေး များကို တွေ့နိုင်သည်။ ကျွဲကောသီးတွင် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် လူ့ကိုယ်ခန္ဓာ အတွင်းရှိ ဆဲလ်များပျက်စီးမှု့ကို ကာကွယ်ပေးသော ဓာတ်များပါ၀င်သောကြောင့် ကျန်မားရေး အတွက် အထောက်အကူပြုသည်။ ကျွဲကောသီးစားခြင်းက ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိသည်။ကျွဲကောသီးတွင် အာဟာရဓာတ်များစွာ ပါဝင်သည်။ ကျွဲကောသီးတွင် ပိုတက်စီယမ်၊ ဗီတာမင်စီ အပါအ၀င် အခြားဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗီတာမင်စီသည် လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု့ကို ကာကွယ်ပေးပါသည်။ ပိုတက်စီယမ်သည် သွေးဖိအားကို ထိန်းညှိပေးသောကြောင့် သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းတို့မှ ကာကွယ်ပေးသည်။ ကျွဲကောသီးတွင် အမျှင်ဓာတ်ပြည့်၀စွာပါဝင်သည်။ကျွဲကောသီးတစ်လုံးတွင် အမျှင်ဓာတ် ၆ဂရမ် ပါဝင်သည်။ လူတစ်ယောက်လျှင် တစ်နေ့ကို အနည်းဆုံ အမျှင်ဓာတ် ၂၅ဂရမ် လိုအပ်သည်။ ထို့ကြောင့် ကျွဲကောသီးသည် အမျှင်ဓာတ် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အမျှင်ဓာတ်သည် အူအတွင်းရှိ ကောင်းသော ဘက်တီးရီးယား များအတွက် အစာအရင်းအမြစ်လည်း ဖြစ်သည်။ ကျွဲကောသီးသည် အမျှင်ဓာတ်ပါသောကြောင့် အရိုးသန်မာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း၊ အူနှင့် ဦးနှောက်ကျန်းမားရေးအတွက် အထောက်အကူပြုခြင်းနှင့် နာတာရှည်ရောဂါသည်တို့အတွက်လည်းကောင်းသည်။ ကျွဲကောသီး သည် ကိုယ်အလေးချိန်ကျအောင် ကူညီနိုင်သည်။ ကယ်လိုရီဓာတ် အနည်းငယ်သာပါဝင်သော ကြောင့် ကိုယ်အလေးချိန်တက်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ထို့အပြင် ပရိုတင်းနဲ့အမျှင်ဓာတ် ပါ၀င်သောကြောင့် အာဟာရပြည့်၀မှုကိုလည်း ရရှိပါသည်။ ကျွဲကောသီးတွင် antioxidants ဓာတ် ကြွယ်၀စွာပါဝင်သည်။ကျွဲကောသီးတွင် ပါဝင်သော antioxidants ဓာတ်သည် လူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များကို ဖျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသည်။ကျွဲကောသီးတွင် antioxidant အပြင် အခြားantioxidant ဒြပ်ပေါင်းများစွာလည်း ပါဝင်ပါသည်။ ကျွဲကောသီးတွင် အဓိကပါဝင်သော antioxidantဓာတ်များမှာ naringenin နှင့် naringinတို့ဖြစ်သည်။ ကျွဲကောသီးတွင် ပါဝင်သည့် antioxidants သည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးအတွက် အထောက်အကူပြုပါသည်။ ကျွဲကောသီးကိုစားသုံးခြင်းက နှလုံးကျန်းမာရေး ကိုမြှင့်တင်ပေးနိုင်ပါသည်။ကျွဲကောသီးသည် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော ပမာဏကို လျှော့ချခြင်းဖြင့် နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိသော သွေး၊ ဆီး နှင့်ပတ်သက်သောရောဂါ များဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ကျွဲကောသီးတွင် သကြားဓာတ်ပါဝင်မှု နည်းသော ကြောင့် ဆီးချိူရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ ဆီးချိုရောဂါရှိလျှင် အရေပြားအရောင် ပြောင်းခြင်း၊ သွေးလည်ပတ်မှုနည်းပါးခြင်းနှင့် အမြင်အာရုံနှင့် ကျောက်ကပ်ပြသနာများဖြစ်ပေါ်ခြင်း၊ အိုမင်းခြင်းတို့ပါဖြစ်နိုင်ပါသည်။ထို့ကြောင့် ကျွဲကောသီး၏ အခွံမှဆီသည် antioxidants များစွာ ပါဝင်ပြီး အရေပြားရှိအမည်းရောင် ထုတ်လုပ်မှုကို လျော့နည်းစေနိုင်သည်။ကျွဲကောသီးတွင် ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးနိုင်သော ဂုဏ်သတ္တိရှိပြီး  ကျွဲကောသီး အခွံမှရသော အဆီများသည် ဘက်တီးရီးယားပိုးမွှားများ ပျံ့နှံ့မှုကို နှေးကွေးစေပါသည်။ ကျွဲကောသီးသည် ကင်ဆာဆဲ (လ်) များကိုသတ်ဖြတ်နိုင်ပြီး ကင်ဆာပျံ့နှံ့ခြင်းကို တားဆီးနိုင်သည်။ ကျွဲကောသီးအခွံမှရသော အဆီသည် အကျိတ်ကြီးထွားမှုကို နှေးကွေးစေသည်။ကျွဲကောသီးတွင် ပါဝင်သော antioxidants များထဲမှ အဓိကတစ်ခုဖြစ်သည့် naringenin သည် ဆီးကျိတ်ကင်ဆာနှင့် ပန်ကရိယကင်ဆာဆဲလ်များကို သတ်ဖြတ်ပေးကြောင်းနှင့် အဆုတ်ကင်ဆာပျံ့နှံ့ခြင်းကို လျော့ပါး စေကြောင်း  သိရှိရပါသည်။ ကျွဲကောသီးကို သရေစာအဖြစ် စားသုံးနိုင်သည့်အပြင် ချက်ပြုတ်ရာ တွင်လည်း ရှောက်သီး၊ သံပုရာသီးတို့အစားအသုံးပြုနိုင်သည်။ ကျွဲကောသီးသည် လူသားတိုင်း လိုအပ်သော ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်များမျှတစွာပါဝင်ပြီး သကြားဓာတ် နည်းသောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးဖြစ်သည်။ အိုမင်း ရင့်ရော်ခြင်းကင်းဝေးပြီး အရွယ်တင်နုပျိူစေခြင်းကြောင့် လူသားတိုင်း စားသုံးသင့်ပါသည်။ ကျွဲကောသီးသည် မန္တလေးဈေးကွက်တွင် တစ်လုံးကို အလုံးသေးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ် နှင့် အလုံးကြီးလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ် ထိအစားစား ရောင်းချလျက်ရှိပါသည်။

DOCA(မန္တလေး)