Main menu

အသားအရည်ကြည်လင်သောကန်စွန်းရိုးနီ

Powered by Drupal
Fri, 10/17/2025 - 11:30 -- consumer_admin

    ကန်စွန်းရိုးနီပြုတ်ရည်သည်  ငွေကုန်သက်သာပြီး ခန္ဓာကိုယ်အတွက် အကျိုးများစေ၍ သွေသားသန့်စင်သလို ကိုယ်တွင်းအပူကင်းစင်ပြီး အသားအရည်ကြည်လင်လာခြင်းကြောင့်  ကျားမ မရွေးသောက်သုံးရန်လိုအပ်ကြောင်း၊  ရေနှင့်စင်ကြယ်စွာဆေးကြောပြီးသော ကန်စွန်းရိုးနီနှစ်စည်း ခန့်ကို ဆားအနည်းငယ်၊ ထန်းလျက်နှစ်လုံးခန့်၊ မန်ကျည်းသီးမှည့်အနည်းငယ်နှင့် ရေတစ်လီတာခန့် ထည့်ပြီး မီးဖိုပေါ်တွင်ဆူပွက်အောင်မိနစ် ၂၀ ခန့်ကြာအောင်တည်ပါ။ ၎င်းပြုတ်ရည်အား မနက်တစ်ခွက်၊ အိပ်ခါနီးအစာနဲ့ဝေးချိန်တစ်ခွက်၊ တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားကိုကောင်းစေကြောင်း၊ ကိုယ်တွင်းအဆိတ်အတောက် များကိုဖယ်ရှားပေးကြောင်း၊ သွေးသားကိုသန့်စင်စေပြီး မီးယပ်သွေးဆုံးဝေဒနာများကို သက်သာ စေကြောင်း၊ ဆီးပူခြင်းနှင့် ဆီးကျောက်တည်ခြင်းများကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ် အတွက်လိုအပ်သော သံဓာတ်ကိုဖြည့်တင်းပေးကြောင်း၊ လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးဟောင်းများ၏ သက်တမ်းသည် ရက်ပေါင်း ၁၂၀ ခန့်ဖြစ်သဖြင့် သွေးသစ်သွေးသန့်များဖြစ်ပေါ်လာစေရန် အချိန် ၄ လခန့်မှန်မှန်သောက်သုံးပေးပါက သွေးသားသန့်စင်ပြီး အသားအရည်စိုပြည်လှပလာမည် ဖြစ်ကြောင်း စာပေများမှလေ့လာသိရှိရသည်။ ကန်စွန်းရိုးနီသည် လယ်ကန်သင်းရိုးများတွင် အလေ့ကျပေါက်‌သလို  စိုက်ခင်းများတွင်လည်း ရေသွင်း၍စနစ်တကျစီးပွားဖြစ် စိုက်ပျိုး‌‌ရောင်းချ ကြောင်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင်‌ ရောင်းချနေသော ကန်စွန်းရိုးနီလက်ဆုပ် တစ်စည်း လျှင် ၂၀၀ ကျပ်၊ ကန်စွန်းရွက်နုအညွှန့် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်းသိရှိရသည်။  

DOCA(မန္တလေး)