Main menu

ကျီးပေါင်းအတွက် အထူးကောင်းတဲ့ ဟင်းနုနွယ်ရွက်

Powered by Drupal
Tue, 10/14/2025 - 15:39 -- consumer_admin

    လည်ကုပ်ကျီးပေါင်းသည် ဇက်ကလှည့်လိုက်ရင်နာနေပြီး လက်တွေလည်းထုံကျင်၍  စာကြည့်၊ ဖုန်းကြည့်ရင်လည်း ခေါင်းကမူးပြီး လည်ကုပ်မှာလည်း အရိုးဖုလေးဖြစ်ပါက ကုပ်ကျီးပေါင်းဖြစ်ကြောင်း သိရှိရသည်။ ကုပ်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဒူးကျီးပေါင်းဖြစ်ခြင်းနှင့် ဖနောင့်အတက်ထွက်ခြင်းတွေကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းထက်တဲ့ အရွက်တစ်မျိုး ကတော့ ဟင်းနုနယ်ရွက်ပဲဖြစ်ကြောင်း၊ ဟင်းနုနယ်ရွက်အရိုင်းပင်ကို အချို့ကတော့ ဆူးကြီးရွက် ခေါ်ကြလေ့ရှိကြောင်း၊  အသုံးပြုရန်အတွက် ဟင်းနုနွယ်ကို ထမင်းဆတူရော ထောင်းပြီး တစ်နေ့နှစ်ခါအုံပေးရမည်ဖြစ်ကြောင်း၊ တစ်ခါဆေးအုံလျှင် တစ်နာရီခန့် ပြုလုပ်ပေးရန် ဖြစ်ပြီး၊ ဆေးပြုလုပ်နည်းကတော့ ဟင်းနုနယ်ပင်(ဆူးများအပါအရိုင်းပင်) အရိုး၊ အရွက်၊ အမြစ်၊ အပွင့် စသည့် ပဉ္စငါးပါး လက်တစ်ဆုပ်ကို ဆေးပင်ကြိတ်ပြီးပမာဏနှင့်ဆတူ ထမင်းနှင့်ရော၍ ဆုံတစ်ခုမှာ ထည့်ထောင်းပါ။ မိမိ အရိုးနာနေတဲ့နေရာကို တစ်ဆုံစာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင် ထောင်းပါ။ ကျီးပေါင်းဖြစ်သည့် ဂုတ်၊ခါး၊ဒူးစသည့် နာကျင်သောနေရာကို အနာဆေးထည့်သလို ထောင်းထားတဲ့ ဆေးနဲ့အရင်အုပ်ရမည်ဖြစ်ကြောင်း၊ ဆေးအုပ်ပြီးမှ ပတ်တီးစကို ဆေးအပေါ်က အုပ်ပြီး တိတ်ကပ် ပေးထားပါ။ ခြေဖနောင့်၊ တတောင်ဆစ်၊ ဒူးတို့အတွက် ဆေးအုံပြီး ပတ်တီးဖြင့်စီးပေးထားရကြောင်း၊ မနက်ခင်း တစ်နာရီကျော်ခန့်ကပ်၊ အသစ်ပြန်ထောင်း ညဖက် တစ်နာရီကျော်ခန့်ကပ် စသည်ဖြင့် တနေ့ ၂ ခါကပ်ပေးပါ။ ဆေးကိုတိတိကျကျနှင့် ဖော်စပ်ပြီး အချိန်မှန်နည်းလမ်းမှန်စွာ အသုံးပြုနိုင်လျှင် တစ်ပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပါက အရိုးကျီးပေါင်းအတွက် အမှန်တကယ်ထူးခြားလာမည်ဖြစ်ကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။

      မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်းရှိ ကုန်စိမ်းတန်းများ၌ ရောင်းချနေသော ဟင်းနုနွယ်ရွက် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)