Main menu

မြန်မာမုန့်များဖြစ်သည့် ထန်းသီးမုန့်နှင့် မုန့်ကျွဲသည်းအကြောင်း

Powered by Drupal
Fri, 10/10/2025 - 14:29 -- consumer_admin

    ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချနေသော မုန့်များအနက် ဗမာမုန့်တစ်မျိုးဖြစ်သည့် ထန်းသီးမုန့်၊ မုန့်ကျွဲသည်းတို့မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆန်ကြမ်းကို ထန်းရည်ချို၊ ထန်းလျက်တို့ဖြင့် ပြုလုပ်ထားသော ထန်းသီးမုန့်မှာ အပေါ်ယံ မျက်နှာပြင်တွင် အုန်းသီးစိတ်အပြားလေးများနှင့် နှမ်းစေ့တို့ဖြူး၍ ပြုလုပ်ထားပြီး၊ မုန့်ကျွဲသည်းမှာ တုံတုံအိအိဖြင့် စားသုံးရာတွင် အလွန်နူးညံသောမုန့်ဖြစ်ပါသည်။ ထန်းသီးမုန့်၊ မုန့်ကျွဲသည်းများအပြင် ယခုအခါ သာကူစေ့တို့ကို ကြို၍ မုန့်ကျွဲသည်းကဲ့သို့ ပြုလုပ်ကာဓါးဖြင့် အတုံးလေးများတုံး၍ ရောင်းချလာသည်ကို တွေ့ရပြီး သာကူမုန့်ကျွဲသည်းမှာ ပိုမို၍ စေးကပ်မှုရှိပြီး စားသုံးသူများ၏ ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ရောင်းချကြောင်း  သိရှိရပြီး တစ်ပိဿာလျှင် (၈၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)