
လူ့န္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့ ချွေးထွက်များတဲ့အခါ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးမှု ဖြစ်တတ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ဆိုရင် အောက် ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။
အဆီတွေကိုလောင်ကျွမ်းစေတဲ့ အုတ်ဂျုံစားသင့်ပါတယ်။ အုတ်ဂျုံက ကြွက်သားတွေ ပြန်လည် တည်ဆောက်ဖို့ အသင့်တော်ဆုံး အစားအစာ ဖြစ်ပါတယ်။ အုတ်ဂျုံက ကြွက်သားတွေ အတွက် စွမ်းအင်ဖြစ်စေလို့ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ စားသင့်တဲ့အစားအစာ တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် သုံးနာရီအတွင်း အုတ်ဂျုံနဲ့ပြုလုပ် ထားတဲ့အစားအစာ တွေ စားပေး သင့်ပါတယ်။
ကြွက်သားတွေ ပြန်လည်တည်ဆောက်ဖို့ ကြက်သားစားသင့်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီး တစ်နာရီအတွင်းမှာ ကြွက်သားတွေပုံမှန်အနေ အထားအတိုင်းပြန်ဖြစ်အောင် ခန္ဓာကိုယ်က ပြန်လည်တည်ဆောက်ရပါတယ်။ ကြက်သား၊ ဥအမျိုးမျိုးနဲ့ငါးမှာပါတဲ့ ပရိုတင်း ဓာတ်ကနေ ကြွက်သားတွေအတွက် လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုရရှိပြီး ကြွက်သားသန်မာ မှုနဲ့ကြီးထွားမှုကို အားပေးပါတယ်။
၂၁ ရာစုမှာ လူတွေရဲ့နေထိုင်မှုပုံစံ ပြောင်းလဲလာလို့ အထိုင်များ လာတာ၊ အဆီများတဲ့ ပြည့်ဝဆီနဲ့ စီမံထားတဲ့ Snaps တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အားလူးချောင်းကြော်၊ လမ်းဘေး အစားအစာ တွေနဲ့ အချိုရည်တွေက အာဟာရမဖြစ်ဘဲ ရောဂါအမျိုးမျိုးဖြစ်ပွားစေလို့ ရှောင်ကြဉ်သင့်ပါတယ်။ လူတိုင်းအစာစားချိန်၊ အိပ်ချိန်မှန်ရမယ့်အပြင် နေ့စဉ်နာရီဝက်ကနေ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးနဲ့ ရေကူးပြုလုပ်ပေးသင့်ပါကြောင်း ရေးသားလိုက်ရ ပါတယ်။
DOCA (ဧရာဝတီ)