
မြန်မာနိုင်ငံ၌ နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးမျိုးရှိသည့်အနက် နွေရာသီတွင် အပူချိန် ပိုမြင့်မားသော် လည်း ၂၀ ရာစုနောက်ပိုင်းမှစ၍ မည်သည့်ရာသီဥတုတွင်မဆို အပူချိန် သိသိ သာသာ မြင့်တက်လာ လျက်ရှိသည်။
ယနေ့ခေတ်တွင် နည်းပညာများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ လူသားတို့၏ အသုံး အဆောင် ပစ္စည်းများမှာလည်း များပြားလာရာ အပူဒဏ်သက်သာစေရန် ယပ်တောင်၊ ပန်ကာ၊ Air Cooler၊ Aircon စသည်ဖြင့် ပြောင်းလဲသုံးစွဲလာကြသည်။ လေအေးပေးစက်များကို လူတန်းစေ့အသုံးမပြုနိုင် သေးသော် လည်း ပန်ကာကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
ပူအိုက်စွတ်စို သောမိုးရာသီနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပန်ကာ အသုံးပြု မှုများလာခြင်းကြောင့် အီလက်ထရွန်နစ်စျေးကွက်၌ ပန်ကာများ ရောင်းအား ကောင်းမွန် လျက်ရှိသည်။ လူတချို့က ကျန်းမာရေး အသိအမြင် ရှိသော်လည်း ချွေးမပြန်အောင် ပန်ကာ ဖွင့်အိပ်တတ်ကြရာ ဘေးကင်းစေရန် ပန်ကာအသုံးပြုနည်းတချို့ကို အောက်ပါ အတိုင်း အကြံပြုလိုပါသည်။
• ပန်ကာကို အိပ်ရာဘေးတွင် ကပ်ဖွင့် ပြီးမအိပ်ပါနှင့်။ ပန်ကာကို ဦးခေါင်းပိုင်း တွင်ထား၍ မဖွင့်ပါနှင့်။ ပန်ကာလေနှင့် တိုက်ရိုက်မထိအောင်နေပါ။
• မိမိအိပ်စက်သောနေရာ၏ အပေါ်ဘက် ဝေးဝေးတွင်ထား၍ ဖွင့်သင့်သည်။
• ပန်ကာကို တစ်နေရာတည်းသို့ မျက်နှာမူ၍ မဖွင့်ပါနှင့်။ Rotate (ခေါ်) ဘယ်ညာ ပတ်ဝန်း ကျင်သို့ ပတ်ချာလည်နေသော ခလုတ်ကိုနှိပ်ထားသင့်သည်။
• နံနက်မိုးလင်းခါနီးတွင် အပူလျော့လေ့ရှိသည်။ ထို့ကြောင့် ပန်ကာကို timer ပေး၍အိပ်ပါ သို့မဟုတ် တစ်ရေးနိုးချိန်တွင် ပန်ကာကိုပိတ်ထားသင့်သည်။
• ညအိပ်ချိန် ဟောက်တတ်သောသူများအတွက် ပန်ကာလေနှင့် လုံးဝမသင့်တော်ပေ။ ခံတွင်းနှင့် လေပြွန်ကို မြန်မြန် ခြောက်သွေ့စေပြီး မကြာခဏနိုးစေနိုင်သည်။
• ပန်ကာဖွင့်၍အိပ်လေ့ရှိသော ကလေးငယ်များ၏ကျန်းမာရေးသည် ၇၀ ရာခိုင်နှုန်းခန့် သိသိသာသာ ဆိုးရွားစေနိုင်ကြောင်း ကျန်းမာရေးသုတေသီများက သတိပေးထားသည်။
DOCA (ဧရာဝတီ)