Main menu

သွေးချိုဆီးချိုရောဂါရှိသူများ သတိပြုစရာ ဗီတာမင် B12 ချို့တဲ့ခြင်းပြဿနာ

Powered by Drupal
Wed, 10/08/2025 - 10:18 -- consumer_admin

ဗီတာမင် B12 သည် ကျန်းမာရေး အတွက် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါသည်။ လူတို့၏ ခန္ဓာကိုယ်ရှိ အာရုံကြောများ ကျန်းမာသန်စွမ်းစေရန်၊ ဦးနှောက်၏ ပုံမှန်လုပ်ဆောင်ချက် များကို ထိန်းသိမ်းရန်၊ ကျန်းမာသော သွေးနီဥဆဲလ်များ လုံလောက်စွာ ထုတ်လုပ်ရန်နှင့် ဆဲလ် အားလုံးရှိ မျိုးရိုးဗီဇ ပစ္စည်းများကို ဖန်တီး ရန် ဗီတာမင် B12 လိုအပ်ပါသည်။ အမျိုး အစား (၂) သွေးချို ဆီးချိုလူနာများတွင် ဗီတာမင် B12 ချို့တဲ့လျှင် သွေးအားနည်းခြင်း၊ အာရုံကြော ထိခိုက် ပျက်စီးခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ် လျော့ကျမှုကို တိုးမြင့်စေပြီး အာရုံကြော ဆိုင်ရာရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိရ ပါသည်။ သုတေသန မှတ်တမ်းများ အရ သွေးချိုဆီးချို ရောဂါကုသရာတွင် အသုံးပြုသော Metformin ဆေးကို ကြာရှည်စွာ သောက်ရသောလူနာများ၏ ၁၀ - ၃၀ ရာခိုင်နှုန်းသည် ဗီတာမင် B12 ချို့တဲ့ခြင်းလက္ခဏာများကို ခံစားနေရကြောင်း တွေ့ရှိရသည်။ Metformin ၁၅ဝဝ မီလီဂရမ်ကို လေးနှစ်ထက်ပိုသောက် သူများတွင် ဗီတာမင် B12 ချို့တဲ့မှုဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။ ထို့ပြင် ဗီတာမင် B12 လျော့နည်းသော အမျိုး အစား (၂) သွေးချိုဆီးချို ရောဂါရှိသူလူနာ များတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူ အမျိုးသမီးများတွင် ဗီတာမင် B12 ချို့တဲ့ပါက ကလေးများတွင် အာရုံကြောချို့ယွင်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် သွေးအားနည်း ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

DOCA (ဧရာဝတီ)