Main menu

နံနက်စာအတွက် သစ်သီးများ (Fruits for breakfast)

Powered by Drupal
Wed, 10/08/2025 - 10:16 -- consumer_admin

နံနက်စာအတွက် ကြက်ဥနဲ့ပေါင်မုန့် မီးကင်ပြီးစားနေတာလား။ အံ့အားသင့်ဖွယ် ကောင်းကျိုးပေးတဲ့    သစ်သီးတွေကို ပေါင်းစပ်စားသုံးကြည့်သင့်ပါတယ်။ သစ်သီးတွေရဲ့ ၊ အရောင်၊ ပုံသဏ္ဌာန် နဲ့ အသား၊အနု၊ အကြမ်း စတာတွေပေါ်မူတည်ပြီး အင်တီအောက်စီးဒင့်နဲ့ ဖိုင်တိုကမ်မီကယ်တွေ ပါဝင်မှုကွဲပြားပါ တယ်။ စားသုံးလိုက်တဲ့ သစ်သီးအမျိုးအစားပေါ် မူတည် ပြီး အကျိုးရလဒ်တွေလည်း မတူညီပါဘူး။

          သစ်သီးသုံးမျိုးကို နံနက်စာအဖြစ် ပေါင်းစပ်စားသုံးမယ်ဆိုရင် ရလာနိုင်တဲ့ကောင်းကျိုး တွေက အံ့မခန်းပါပဲ။ ကျန်းမာစေတဲ့အပြင် အလှအပအတွက် အထောက်အကူဖြစ်စေ တာကြောင့် နံနက်စာကို အတွဲ အစပ်အတိုင်း စားသုံးကြစေလိုပါတယ်။

          ရောင်ရမ်းမှုလျော့စေဖို့ ချယ်ရီသီး၊ နာနတ်သီး၊ ဘလူးဘယ်ရီသီးသုံးမျိုးကို ရောစပ်စားသုံး သင့်ပါတယ်။ နာနတ်သီးမှာ ဗီတာမင်စီနဲ့ ဘရိုမီလင်အင်ဇိုင်းတွေပါဝင်လို့ အူလမ်းကြောင်း ရောင်ရမ်းမှုကို ကောင်းမွန်စေတယ်။ ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်။ အသားဓာတ် ချေဖျက်ဖို့ လှုံ့ဆော်ပေးတဲ့ အာနိသင်တွေ ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ အင်တီအောက်စီးဒင့်တွေ များစွာပါဝင်တယ်။  ဘလူးဘယ်ရီသီး နဲ့  ချယ်ရီသီးမှာနက်ပြာရောင်၊ အနီရောင် တွေကို ပေးစွမ်းနိုင်တဲ့    အဓိက  အင်တီအောက်စီးဒင့် ဖြစ်တဲ့  Anthocyanin ပါဝင်ပါတယ်။

          အဆိပ်အတောက်ပြေစေတဲ့ နံနက်စာအတွက်ဂိုဂျီဘယ်ရီ (Gojiberry)သီး၊ ဖရဲသီးနဲ့ သံပရာသီး စားသင့် တယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ဆိုရင် ရေဓာတ် ပြည့်ဝ ဖို့လိုအပ်ပြီး အဲဒီ အဆိပ်အတောက်တွေကို  စွန့်ပစ်ဖို့လိုပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး  အဆိပ် အတောက်ကင်းစင်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ လိုင်ကိုပင်း(Licopin)နဲ့ ဗီတာမင်အေ၊   ဗီတာမင်စီတွေပါဝင်လို့ ဓာတ်တိုးပစ္စည်းတွေကို ဓာတ်ပြယ်စေပြီး အဆိပ်အတောက် ကင်းစင်စေပါ တယ်။

DOCA (ဧရာဝတီ)