
အနာတစ်ခုခုဖြစ်ကာ ထိုအနာကရင်းပြီး အရေးပေါ်ဌာနကိုရောက်လာသူလူနာများ အနက် ထက်ဝက် ခန့်ကနှစ်နှစ်အတွင်း သေဆုံးသွားတယ်လို့ ဒိန်းမတ်သုတေသီ များကတွေ့ရှိထားပါတယ်။
ဒီလိုမျိုးအနာရင်းပြီးနောက် သေဆုံးရ သူတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေ၊ နောက်တစ်ကြိမ် အနာရင်းပြီးဆေး ရုံထပ်တက်ရသူတွေ၊ နှလုံးရောဂါ၊ ကင်ဆာ ရောဂါရှိသူတွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသီများက အခုလိုမျိုးရှာဖွေဖော် ထုတ်နိုင်ပြီးနောက် အနာရင်းသူတွေကို သေချာစနစ်တကျနဲ့ အနာပျောက်ကင်း ၏အောင် ကုသပေးဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်ကို အလေးပေးပြောထားပါတယ်။ ဒါ့အပြင် အနာရင်းခြင်းကလည်းလျစ်လျူ ရှုလို့မရတဲ့အရာဖြစ်တယ်လို့ သူတို့ကဆို ပါတယ်။
DOCA (ဧရာဝတီ)