Main menu

ပျားရည်၏ အာနိသင်အကျိုးကျေးဇူးများ

Powered by Drupal
Fri, 10/03/2025 - 11:16 -- consumer_admin

   ပျားရည်ကို နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါ တယ်။ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေနဲ့သားမက အစားအသောက်များ မှာလည်း ထည့်သွင်း သုံးဆောင်ကြပါတယ်။ များသောအားဖြင့် စူပါမားကတ်တွေမှာ ရရှိနေတဲ့ ပျားရည်တွေဟာ ပိုးသန့်စင်ပြီးသား ပျားရည်အမျိုးအစား ဖြစ်နေတတ်ပါတယ်။ ပိုးသန့်စင်ထားတဲ့ ပျားရည်တွေမှာတော့ အရောင်အသွေးဆွဲဆောင် မှုရှိအောင်၊ တာရှည်ခံအောင် ပြင်ဆင်ထားတဲ့အတွက်ကြောင့် အာဟာရဓာတ်တချို့ ပျက်စီးသွားပါတယ်။

  ပျားရည်ဆိုတာက ပျားကောင်လေးတွေ စုဆောင်းထားတဲ့ ပန်းဝတ်ရည်လေးတွေကို စစ်ထုတ်ထားတဲ့ အရည်ပါ။ အာဟာရဓာတ်တွေ ကြွယ်ဝသလို အရသာက ချိုပါတယ်။ သကာရည်လို စေးပျစ်ပျစ်ရှိပြီး အရောင်က အဝါရောင် ဖျော့ဖျာ့ကနေ အဝါရောင် ရင့်ရင့်တွေအထိ အမျိုးမျိုးရှိနိုင်ပါတယ်။ အရသာရှိတဲ့ ပျားရည်မှာ ကာဗိုဟိုက်ဒရိတ်ပရိုတင်း၊ ပိုတက်ဆီယမ် စတာတွေပါဝင်နေပါတယ်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဟာ ရောဂါပိုးများကိုသေစေတဲ့အပြင် တစ်ရှူးများကို အသစ်ပြန်လည်ဖြစ် ပေါ်ဖို့ အားပေးကူညီတာကြောင့် အနာကျက်မြန်စေပါတယ်။ နိုင်ငံတချို့က ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာများ ကိုကုသရာမှာ ပျားရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သာမန်ပျားရည် အတိုင်း အနာကုသရာမှာ အသုံးပြုခြင်းတော့ မဟုတ်ပါဘူး။ ဆေးဝါးအဆင့် အသုံးပြုနိုင်အောင်ပြင်ဆင် ထုတ်လုပ်ရပါသေးတယ်။ အစာအိမ်အနာဖြစ်စေနိုင်တဲ့ H Pylori ဘက်တီးရီးယားကို ကုသရာမှာပျားရည် ကလည်း အားဖြည့်ကူညီပေးနိုင်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ဝမ်းပျက်ခြင်းအတွက် ပျားရည်ကိုဆေး အနေနဲ့ အသုံးပြုပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ အအေးမိချောင်းဆိုးပြီး လည်ချောင်းနာချိန်မှာ ပျားရည်ဟာ ဆေးတခွက်ပဲ ဖြစ်ပါတယ်။ ရေနွေးထဲမှာ သံပုရာသီး ညှစ်ထည်ပြီး ပျားရည်ထည့်သောက်ခြင်းဟာ လည်ချောင်းနာခြင်းနဲ့ အအေးမိတုပ်ကွေးကို သက်သာ စေပါတယ်။ ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

DOCA (ဧရာဝတီ)