Main menu

နေ့စဉ်ရှောက်ရွက် စားသုံးပေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး ရောဂါကာကွယ်နိုင်

Powered by Drupal
Wed, 09/24/2025 - 16:05 -- consumer_admin

    ရှောက်ရွက်သည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံးအနေဖြင့် အဓိကဟင်းလျာ မဟုတ် သော် လည်း ဖြည့်စွက်စာဖြစ်သည်။ အသုပ်စုံအမျိုးမျိုး၊ ငါးချဉ်၊ ပုစွန်ချဉ် နှင့်  နှမ်းဖတ်ချဉ်သုပ်များ တွင်     အနံ့မွှေးစေရန် ရှောက်ရွက်ကို  ပါးပါးလှီးထည့်၍  စားသုံးလေ့ရှိကြသည်။

   လတ်ဆတ်သောရှောက်ရွက်သည် မွှန်သောအနံ့ရှိသဖြင့်  တိုင်းရင်းဆေးပညာ အမြင်အား ဖြင့်သော် လည်းကောင်း၊ အာယုဗ္ဗေဒဆေးပညာ အမြင်အားဖြင့် သော်လည်းကောင်း အာကာသ ဓာတ်ရှိသည်ဟုဆိုသည်။ ပွင့်စေသောအခိုး၊ အာကာသရစေသောဓာတ် စာဖြစ်သည်။ အကြောကို လေလျှောက်စေသည်။ နှုတ်ကိုမြိန်စေသည်။ ခံတွင်းပျက်ခြင်းကိုကောင်းစေပြီး အစာကိုလည်း ကြေစေနိုင်သော အစွမ်းသတ္တိရှိသည်။ ရှောက်ရွက်ကို နေ့စဉ်အနည်းငယ်မျှ စားသုံးခြင်းဖြင့် အခိုးငုပ် သောရောဂါများကို ကာကွယ်နိုင်သည်။ ရှောက်ရွက်တွင် ခါးသက်သော အရသာရှိသဖြင့် ဆီးချို ရောဂါနှင့် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။  ရှောက်ပင်သည်  ဆူးရှိသော အပင် ဖြစ်သဖြင့် အာကာသပင်ဟု ဆေးကျမ်းများကဆိုသည်။ သွေးတိုးရောဂါရှိသူများသည် အာကာသ ပင်၏ အရွက်၊ အညွန့်၊ အသီးများကို  စားသုံးပေးလျှင် သွေးတိုးကြောင့်ဖြစ်သော   လေဖြတ် ခြင်း၊   ဦးနှောက်သွေးကြောပေါက်ခြင်းများကို ကာကွယ်နိုင်သည်။

    ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြော ကျဉ်းရောဂါတို့သည် ညီနောင်ရောဂါများ ဖြစ်သည်ဟု ဆရာဝန်ကြီးများက ပြောကြသည်။ ထိုရောဂါများသည် တစ်ခုဖြစ်ပြီး နှစ်ကြာလျှင်  နောက်တစ်ခု ဆက်၍ဖြစ်လာတတ်သည်။ ထိုရောဂါများသည် နာတာရှည်ရောဂါများဖြစ် သောကြောင့်    ငွေကုန်ကြေးကျများလှသည်။

    သွေးတိုးရောဂါကို ရှေးတိုင်းရင်းဆေးဆရာကြီးများက လေမသက်၍ဖြစ်သော လေတိုး ရောဂါဟုလည်း  သတ်မှတ်ကြသည်။   ယင်းရောဂါအတွက် ဓာတ်စာမှာ   ရှောက်ရွက် ဟင်းချိုဖြစ် သည်။  ရေနွေးဆူဆူတွင် ကြက်သွန်ဖြူခုနစ်မြွှာခန့်နှင့် ကြက်သွန်နီဥကြီးတစ်ဥကို ထောင်းထည့် ပါ။  ချင်းလက်တစ်ဆစ်ခန့်ကိုလည်း ဓားပြားရိုက်ပြီး ထုထောင်းထည့်ပါ။

    ထိုဟင်းချိုရည်ကို  ကြွေပန်းကန်လုံးတစ်လုံးတွင် ထည့်ပြီးသောအခါ  ရှောက်ရွက် ခုနစ်ရွက် ခန့်ကို ပါးပါးညှပ်ထည့်ပါ။ ဆားအနည်းငယ်နှင့် ပုစွန်ခြောက်အနည်းငယ်ထည့်လျှင် ပို၍အရသာ ရှိသော ဟင်းချိုတစ်ခွက်ရနိုင်သည်။ ရှောက်ရွက်ဟင်းချိုပြုလုပ်ရန် အလွန်လွယ်ကူသဖြင့် နေ့စဉ် သို့မဟုတ်  တစ်ပတ်လျှင် သုံးရက်ခန့် သောက်သုံးပေးလျှင် ဆီးချိုနှင့် သွေးတိုးရောဂါကို ကာကွယ် နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)