Main menu

ကော်ဖီသောက်ခြင်း၏ကောင်းကျိုးနှင့်ဆိုးကျိုး

Powered by Drupal
Wed, 09/24/2025 - 14:24 -- consumer_admin

   နိုင်ငံတကာတွင် ကော်ဖီကိုတန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံ တွင်လည်း ကော်ဖီသောက်သုံးသည့် အလေ့အထရှိကြပါသည်။ မြန်မာနိုင်ငံတွင် ကော်ဖီပင်ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင်လည်း အနည်းငယ်စိုက်ပျိုး ကြပါသည်။ ပြင်ဦးလွင် ဒေသသည် ကော်ဖီစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကာ ဈေးကွက် အတွင်း နာမည်ရရှိသည့်မြို့ဖြစ်ပါသည်။ ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေး နိုင်သည့် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းခေါ် ( antioxidant ) အာဟာရဓာတ်များစွာ ပါဝင်နေပါသည်။  ကဖိန်းဓာတ်သည် သွေးထဲရှိဖက်တီးအက်ဆစ်ပမာဏကို တိုးပွားစေပြီး ထိုအက် ဆစ်များကို ခန္ဓာကိုယ်ကြွက်သားများက စုပ်ယူလောင်မြိုက်ပေးသဖြင့် ကိုယ်လက်ကိုက်ခဲနာကျင် ခြင်းကို သက်သာစေပါသည်။ ကော်ဖီသည် အူလမ်းကြောင်းလှုပ်ရှားမှုကို မြန်စေပြီး ဝမ်းသွားချင် စိတ်ကို ဖြစ်စေသဖြင့်ဝမ်းချုပ်ခြင်းကိုကင်းစေကာ အူမကြီးကင်ဆာဖြစ်ပွား နိုင်ခြေကို လျော့နည်း စေပါသည်။ ကော်ဖီသောက်ခြင်းကြောင့် ကျန်းမာရေးကောင်းကျိုး ရရှိနိုင်သလို ကော်ဖီသောက် သည့်အမျိုးအစား၊ သောက်သည့်ပမာဏ၊ အကြိမ်ရေ နှင့် သောက်သုံးသည့်သူ၏ ကျန်းမာရေး အခြေအနေပေါ်မူတည်၍ ဆိုးကျိုးအနည်းငယ်လည်းရှိပါသည်။ ကော်ဖီတွင်ပါဝင်သည့် ကဖိန်းဓါတ် သည် သင့်တော်သည့်ပမာဏတွင် လူကိုလန်းဆန်းတက်ကြွ စေနိုင်သော်လည်း သောက်သုံးသည့် ပမာဏများသည့်အခမျိုး၌ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ စိတ်ဂဏှာမငြိမ်ခြင်း နှင့် အိပ်မပျော်ခြင်း တို့ကိုဖြစ်ပေါ်စေပါသည်။

DOCA(ကယား)