Main menu

မြန်မာ့ရိုးရာသနပ်ခါးအကြောင်းသိကောင်းစရာ

Powered by Drupal
Wed, 09/24/2025 - 14:23 -- consumer_admin

   မြန်မာ့ရိုးရာသနပ်ခါးကို နှစ်ပေါင်းများစွာကတည်းက မြန်မာအမျိုးသမီးများ၏ သဘာဝအလှကုန်ပစ္စည်းအဖြစ် သုံးစွဲလာခဲ့ကြပါသည်။ သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိနိ္ဒယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသတို့တွင် စိုက်ပျိုး ကြပါသည်။ သနပ်ခါးပင်သည် အပူပိုင်းဒေသများတွင် အများဆုံးဖြစ်ထွန်း ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းဒေသ များတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။သနပ်ခါးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၃၅ နှစ်ဝန်းကျင်ရှိကာ ၎င်းအချိန်သည်သနပ်ခါးပင်၏ အရည်အသွေးအကောင်းဆုံး အချိန်လည်းဖြစ် ပါသည်။ သနပ်ခါးပင်သည် အမြှင့်ပေ ၂၀ မှ ၃၀ ထိကြီးထွားနိုင်ပြီး ပင်စည်နှင့်အကိုင်းအခက်များ တွင် တစ်လက်မခန့် ရှည်သည့်ဆူးများရှိပါသည်။ အပင်ငယ်စဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသော အခါမှသာ အပွေးထူလာပါသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါပါသည်။ အပွင့်ပုံသဏ္ဍာန်မှာ သေးငယ်ပြီးအဝါနုရောင်ရှိပါသည်။ ရေမြေ ရာသီဥတု ပေါ်မူတည်ကာ တပေါင်း၊ တန်ခူးနှင့် ကဆုန်လများတွင် ပွင့်ပါသည်။ ဝါဆို၊ ဝါခေါင်နှင့် တော်သလင်းလများတွင် အသီးရင့်မှည့်ပါသည်။သနပ်ခါးပင်သည် ဘေးမြစ်များရှည်လျားဖြန့်ထွက် ကာရေသောက်မြစ်သည်လည်း ရှည်လျားပါသည်။အမြစ်များတွင်လည်း အပွေးအခေါက်ပါရှိပါ သည်။ (၅ နှစ် မှ ၆နှစ်) သက်တမ်းတွင် စတင်ရောင်းချကြပြီး (၆နှစ် မှ ၈နှစ်) ဝန်းကျင်သက်တမ်း သည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန်ဖြစ်ပါသည်။ သုသေသနများအရ မြန်မာနိုင်ငံမှထွက်ရှိသော    သနပ်ခါးသည် အရည်အသွေးအကောင်းဆုံးဖြစ်ပါသည်။

DOCA(ကရင်)