
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ကျေးရွာများတွင်တောင်သူများ ခဝဲသီးပင်များ စိုက်ပျိုးကြသည်။ခဝဲသီးတွင် အဆီပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုလည်းနည်းကာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဇင့်၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များပါဝင်သော ကြောင့် ကျန်းမာရေးအတွက်အကျိုးများစွာရရှိပါသည်။ခဝဲသီးချိုချိုလေးကို ဟင်းချိုချက်စား၊ ဆီပြန် ချက်စားလျှင် အရသာရှိပါသည်။ခဝဲသီးသည် သွေးထဲမှအညစ်အကြေးများကို အထိရောက်ဆုံး သန့်စင်ပေးပြီး အသည်းကိုကျန်းမာအောင် လုပ်ဆောင်ပေးနိုင်ပါသည်။အမျှင်ဓာတ်များစွာပါဝင်သော ကြောင့် ဝမ်းချုပ်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဆီချို၊ သွေးချိုရောဂါ ဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဝိတ်ကျစေခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊လေအောင့်ခြင်း၊ရင်ပူခြင်းများကို သက်သာစေခြင်း စသည့်အစာအိမ် ရောဂါများမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ကျန်းမာရေးအကျိုးကျေးဇူးများရရှိသည့်အပြင် အိမ်ရှင်မများအတွက် ဈေးဖိုးသက်သာပြီး ထမင်းမိန်စေသော ခဝဲသီးကို မင်းလှမြို့၊ ( မြို့မ) ဈေးကြီး တွင် တစ်တောင့်လျှင် ၅၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)