Main menu

မိုးရာသီဓာတ်စာ မာလကာသီးနှင့် ကျန်းမာရေး

Powered by Drupal
Wed, 09/24/2025 - 11:58 -- consumer_admin

     အင်္ဂလိပ်လို   Guava၊   ရုက္ခဗေဒအရ Psidium  Guajava  ဟုအမည်ရသော မာလကာပင် ကိုမြန်မာနိုင်ငံနေရာအနှံ့ ပေါများစွာတွေ့ရသည်။မာလကာသီးသည်မိုးရာသီစာ သစ်သီးတစ်မျိုးဖြစ် ၍ မိုးရာသီတွင် အသီးလှိုင်လှိုင်ထွက်ရှိသည်။ စျေးနှုန်းသင့်တင့်ကာအလွယ်တကူ ဝယ်ယူရရှိနိုင်သော ကြောင့် မာလကာသီးကို  လူတန်းစေ့စားနိုင်ကြသည်။အမျိုးအစားပေါ်မူတည်၍မာလကာသီး၏ အတွင်းပိုင်းအသားမှာ အဖြူရောင်(အူဖြူသီး)နှင့် ပန်းရင့်ရောင် သို့မဟုတ် ကြက်သွေးဖျော့ရောင် (အူနီသီး)ဟူ၍နှစ်မျိုးရှိသည်။

    လတ်ဆတ်သောအသီး၏အတွင်းသားမှာချို၍ ကြွပ်ဆတ်ကာရနံ့မွှေးသည်။ အသီးမှည့်သွား သောအခါအတွင်းထဲရှိအသားမှာပျော့အိကာ ပိုချိုပြီး ပို၍မွှေးလာသည်။အသီးထဲတွင် အလွန်မာ သော အစေ့များစွာပါရှိပြီးကြေညက်အောင် ဝါးစားပေးသင့်သည်။ အပေါ်ယံအခွံမှာ အစိမ်းဖျော့သို့မ ဟုတ် အစိမ်းရင့်ရောင်နှင့် စိမ်းဝါရောင်တို့ဖြစ်ပြီးထိုအခွံကိုလည်းစားနိုင်သည်။မာလကာသီးကို သူ့ချည်း သက်သက် အဆာပြေစားသုံးလေ့ရှိပြီး အခွံနွှာ၊ရေခဲ စိမ်၍ဆား၊နွယ်ချိုမှုန့်နှင့်ငရုတ်သီးမှုန့် တို့ထည့်ပြီးစားကြသည်။

မာလကာသီးနှင့် မာလကာရွက်တို့၏ ကျန်းမာရေး

     မာလကာသီးကိုတစ်ကြိမ်သာဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံးရှောင်ရှား ဟု ဆိုရိုးစကား ရှိသည်။ အသီးသာမက အရွက်၊ အစေ့နှင့် အခွံတို့ကလည်းလွန်စွာ ဆေးဖက်ဝင်သည်။ မာလကာ သီးတွင် ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရောနှင့် ဆိုဒီယမ်တို့  လုံးဝမပါရှိသည့်အပြင် ကယ်လိုရီ နှင့်အဆီဓာတ်အနည်းငယ်သာပါရှိသည်။    အမျှင်ဓာတ်ကြွယ်ဝသောကြောင့်လူသားတို့၏ကျန်းမာရေရးကို  များစွာအထောက်အကူဖြစ်စေသည်။ မာလကာသီးက ဗီတာမင် - C စုဝေးရာ အရင်း အမြစ်ဖြစ်ပြီး လိမ္မော်သီးတွင်ပါရှိသော ဗီတာမင်-C ထက် ငါးဆပိုသည်။ ၁၀၀ဂရမ်အလေးချိန်ရှိ သောမာလကာသီးတွင် ဗီတာမင်- A ၂၅၀ I.U၊ ဗီတာ မင်- B   (ခေါ်)  သီအာမင် သုည ဒသမ ၇ မီလီဂရမ်၊ နီအာစင် ၁ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်-C ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရပ်စ် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၁ ဂရမ်၊  ပရိုတင်း ၁ ဂရမ်နှင့် ကယ်လိုရီ ၇၀ ခန့်ပါရှိသည်။

ဆီးချိုရောဂါအတွက် မာလကာသီးစားပါ

  မာလကာသီးကို  အိန္ဒိယနိုင်ငံရှိ  The University of Allahabad တွင် သုတေသနပြုစမ်း သပ်ခဲ့ရာ မာလကာသီးအခွံသည် သွေးထဲရှိသကြားပမာဏကို  မြင့်တက်စေနိုင်သော်လည်း အသီး အတွင်းရှိ အသားနှင့်အစေ့တို့က သွေးထဲရှိ ဂလူးကို့စ်ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဆီးချိုရောဂါဝေဒနာသည်များ မာလကာသီးကို အခွံဖယ်၍ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းကျိုးပြုသည်။ တိုကျိုမြို့ရှိ The Yakult Central Institute for Microbiological Research တွင်    သုတေသနပြုလုပ်ခဲ့ရာ  မာလကာရွက်ကို ရေနွေးကြမ်းအဖြစ် သောက်ပေးခြင်း ဖြင့် အင်ဆူလင်ပမာဏပြောင်းလဲခြင်းမရှိဘဲသွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကို ထိထိ ရောက်ရောက် ဟန့်တားပေးနိုင်၍ ဆီးချိုရောဂါဝေဒနာသည်များ ယုံကြည်စိတ်ချစွာ သောက်သုံး သင့်ကြောင်း အကြံပြုထားသည်။

ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းအတွက် မာလကာသီးစားပါ

     မာလကာသီးတွင်အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသော ဗီတာမင်-C၊ ကယ်ရိုတီ နွိုက်စ် နှင့် ပိုတက်ဆီယမ်တို့ပါရှိသည့်အပြင်  လူသားတို့၏  အူနှင့် ကလီစာတစ်သျှူးများကို ကောင်း ကျိုးပြုသည့် astringentsဓာတ်ပေါင်းစုတို့ အမြောက်အမြားပါရှိခြင်းကြောင့် အူထဲရှိ မကောင်း သောဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်ခြင်း၊ အလွန်သေးငယ်သော ရောဂါပိုးမွှားများ ကြီးထွားလာမှုကို တားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသော အရိအချွဲများကို ဖယ်ရှားသန့်စင်ပေးနိုင် ခြင်း စသည့်အစွမ်းသတ္တိများကြောင့် မာလကာသီးစားခြင်းဖြင့်ဝမ်းလျှော ၊ဝမ်းပျက်ရောဂါ၊ဝမ်းကိုက် ရောဂါ၊အစာအိမ်နှင့် အူရောင်ခြင်းတို့ကိုကောင်းစွာကုသပေးနိုင်သည်။ ထို့ပြင် မာလကာရွက်ကို ရေနွေးကြမ်းခတ်သောက်ပေးခြင်းဖြင့် အူကိုအဆိပ်အတောက်ဖြစ်စေသည့် ပိုးမွှားများအား ဟန့် တား ကာကွယ်ပေးသောကြောင့် ကာလဝမ်းရောဂါမဖြစ်စေဘဲ အော်ဂလီဆန်ပျို့အန်ခြင်းများကို လည်း သက်သာစေသည်။

သွေးတိုးရောဂါအတွက် မာလကာသီးစားပါ

    မာလကာသီးသည် သွေးထဲရှိ မကောင်းသော ကိုလက်စထရောများကို လျှော့ချပေး ကာ သွေးခဲခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ထို့ပြင်အမျှင်ဓာတ်နှင့် သဘာဝ Hypoglycemia တို့ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်း သွေးဖိအားကျစေသည်။လူတစ်ယောက်၏တစ်နေ့တာ ပိုတက် ဆီယမ်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို   မာလကာသီးကြီးကြီး တစ်လုံးမှ ရရှိနိုင်သည်။ ထို့ကြောင့် မာလကာ သီးစားခြင်းက သွေးတိုးရောဂါသက်သာစေနိုင်သကဲ့ သို့  ယင်းရောဂါနှင့်ဆက်စပ်သော နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ခြေ အလားအလာတို့ကိုလည်း လျှော့ချပေးနိုင်သည်။

ကင်ဆာရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ

     မာလကာသီး၏အတွင်းထဲရှိအသားထက်အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကပိုမိုဆေးစွမ်းထက်သည်။ အထူးသဖြင့် မာလကာသီး(အူနီသီး)အခွံထဲတွင်ပါရှိသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့်  Lyco-pene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော Free Radical များကို တိုက်ထုတ်ပေးပြီး အမျိုးသားများ ဆီးကျိတ်ကင်ဆာ နှင့်အမျိုးသမီးများ ရင်သား ကင်ဆာအကျိတ်ကြီးထွားလာမှုတို့ကို  တားမြစ်ပေးနိုင်သည်။  ထို   Lycopene  ဓာတ်က သားအိမ် ခေါင်း ကင်ဆာဖြစ်နိုင်ခြေအလားအလာကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချ ပေးနိုင်ကြောင်း  အရီဇိုးနား တက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြသည်။

သွားနှင့် ခံတွင်းရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ

     မာလကာရွက်ထဲတွင်ပါရှိသော  Gu-aijaverin ခေါ် Flavonoids ဓာတ်ပေါင်းက သွားပိုး ရောဂါဖြစ်စေသော   ဗက်တီးရီးယားများ   ကြီးထွားခြင်းကို   ဟန့်တားကာကွယ်ပေးနိုင်သည်။ လည်ချောင်းနာခြင်း၊ လည်မျိုနှင့်အာသီးရောင်ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း စသည့် ခံတွင်းရောဂါအမျိုးမျိုးတို့အတွက် မာလကာရွက်ပြုတ်ရည်နွေးနွေးဖြင့် အာလုတ်ကျင်းပေးနိုင်သည်။ ထို့ပြင် Astringents ခေါ်   တစ်သျှူးများကိုကျုံ့ကာ   သွေးတိတ်စေသော အစွမ်းသတ္တိပါရှိသည် ့အတွက် ဗီတာမင်-C  ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သွားဖုံးရောင်၍ သွေးယိုစီးခြင်းကိုလည်း ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။

အရေပြားပြဿနာများအတွက် မာလကာသီးစားပါ

     နိုက်ဂျီးရီးယားနိုင်ငံရှိ   Federal Uni-versity  of  Technology   ၌   လေ့လာစမ်း သပ်ချက် များအရ မာလကာရွက်တွင် ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည့်အစွမ်း သတ္တိပါရှိနေခြင်း ကြောင့်  ခွဲစိတ်ထားသောဒဏ်ရာများကို  ပိုးမဝင်စေရန်၊ အရေပြားပေါ်ရှိ ကူးစက်နာများကို ပိုးသေစေရန်၊ အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိခိုက်မှုဖြစ်ပွားပါက သွေးတိတ်ပြီး အနာမြန်မြန် ကျက် စေရန် စသည်တို့အတွက် မာလကာရွက်ကို ရေစင်စင်ဆေးကာ ကြိတ်ခြေပြီး အုံပေးနိုင်သည်။ ထို့ပြင် သွေးဆိပ်တက်၍ ခန္ဓာကိုယ်ယားယံခြင်း အတွက်မာလကာရွက်ကို ရေစိမ်ပြီးချိုးပေးသင့် သည်။ဦးရေပြားပေါ်တွင်ဒက်ပေါက်ခြင်းနှင့်   ဆံသားများခြောက်သွေ့ခြင်းတို့အတွက် မာလကာရွက် အရည် လိမ်းပေးနိုင်သည်။ မာလကာရွက်ထဲတွင် ဗီတာမင်-A   ပါရှိခြင်း ကြောင့်   ဆံသားအမြစ ်များသန်မာအောင် စွမ်းဆောင်ပေးနိုင်သည်။ ကျန်းမာသန့်ရှင်းသော အသားအရေပိုင်ဆိုင်လိုပါက မာလကာရွက်နုများနှင့် လတ်ဆတ်သော  မာလကာသီးတို့ကို ရောပြုတ်၍ နေ့စဉ်ရေချိုးပေး ခြင်း ဖြင့် အသားအရေပေါ်ရှိ  အဆိပ်အတောက်များကို ဖယ်ရှားပစ်ပြီး  စိုပြည်လှပလာပါလိမ့် မည်။

အထွေထွေရောဂါများအတွက် မာလကာသီးစားပါ

      အိပ်မပျော်ခေါင်းမကြည်ခြင်းနှင့် ခေါင်းမူး၊ခေါင်းကိုက်ခြင်းဝေဒနာများအတွက်  မာလကာ ရွက်ကို ရေဆေးပြီး လက်ဖြင့်ပွတ်ခြေကာရှူပေးရုံမျှဖြင့် ဝေဒနာများပျောက်ကင်းစေနိုင်သည်။ တာမင်-Cကြွယ်ဝသည့်အတွက် မာလကာသီးကိုမှန်မှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းဆေးဝါးကုထုံးများတွင်ဝက်ရူးပြန်ဝေဒနာရှင်များကို မာလကာရွက် ပြုတ် ရည်ဖြင့်ရေချိုးစေပါသည်။ နှာစေး၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကျပ်နှင့် အဆုတ်ရောဂါဝေဒနာ ရှင်များ မာလကာရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့်  သက်သာစေနိုင်သည်။

   မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်းမာလကာသီး Lotion ကို လိမ်းလိုက် သောအခါ အသီးထဲတွင်ပါရှိသော ဗီတာမင်-A နှင့် ဗီတာမင်-C များက အသားထဲသို့စိမ့်ဝင်သွားပြီး အစိုဓာတ်ထိန်းပေးကာ အရေးအကြောင်းများမရှိတော့ဘဲ မျက်နှာအသားအရေကို ချောမွေ့ဝင်းမွတ် လာစေသည်။ အဆီများပြီး ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များလည်း ယုံကြည်စိတ်ချစွာ လိမ်းနိုင်ပါသည်။ အလှကုန်စျေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ထားသော အလှပြင်ပစ္စည်းများ က အတော်အတန် စျေးနှုန်းမြင့်မားသည်။   သို့သော် ကုန်ကျစရိတ်နည်းနည်းနှင့် အာနိသင်ရှိသော မာလကာသီး Lotion ကိုမိမိအိမ်တွင်အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ရှေးဦးစွာ မာလကာသီးနှစ်လုံးကို အခွံနွှာ၍ကြိတ်စက်ထဲထည့်ပြီး အစေ့များကြေသွားသည် အထိနှစ်မိနစ် ခန့် ကြိတ်ထားပါ။ ထို့နောက်  အပူခံခွက်တစ်ခုထဲသို့ ပျားရည်လေးဇွန်းထည့်၍ Micro-wave ထဲ တွင်  အပူရှိန်ပြင်း ပြင်းဖြင့် ပျားရည်ပျော်သွားသည်အထိ   ၁၀  စက္ကန့်မျှ အပူပေး ပါ။  ပျားရည်ထဲသို့ သံလွင်ဆီ လေးဇွန်းထည့်၍ရောမွှေပေးပါ။ထိုအရောအနှောများထဲသို့  ကြိတ်ထားသော မာလကာ သီး အနှစ်ရည်များ အားလုံးလောင်းထည့်ပြီးတစ်ပြေးညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။ ၎င်းတို့ကို  Micro-wave  ထဲထည့်၍  အငွေ့ပြန်သွားသည ်အထိ  စက္ကန့်  ၃၀  ခန့်  အပူပေး ပါ။  သိပ်မအေး ခင် အဖုံးလုံသော ဘူးတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကိုလုံအောင် ပိတ်ထားပါ။ အေးသွားသောအခါ ထို Lotion ဘူးကိုရေခဲသေတ္တာထဲသိမ်းပါ။ထိုသို့ပြုလုပ် သောLotion ထဲတွင် တာရှည် အထားခံရန် ဖြည့်စွက်ဓာတုပစ္စည်းလုံးဝမပါရှိသည့်အတွက်အခန်း အပူချိန်တွင်ထား ပါက  အာနိသင်ပျက်ပြယ် စေနိုင်၍သတိပြုသိမ်းဆည်းပါ။အချိန်နှစ်လကျော်ကြာ  ပြုလုပ်ပြီး သော  Lotion  ကိုမသုံးပါနှင့်။

သတိပြုရန်

     မာလကာသီးက သွေးချုပ်စေတတ်၍ ရာသီသွေးအဆင်းလွန်သူများ မှန်မှန်မှီဝဲစားသုံးပေး သင့် သော်လည်းပုံမှန် ဓမ္မတာလာသူများနှင့်ဓမ္မတာမမှန်သူများရာသီလာစဉ် မာလကာသီးလုံးဝ မစားပါနှင့်။ မာလကာသီးအခွံက အနည်းငယ်ဖန်၍ အခွံနွှာစားတတ်ကြသည်။ တချို့ကလည်း မာလကာစေ့က အူအတက်ပေါက်စေနိုင်သည်ဟု ယုံကြည်ကြသည်။ အမှန်တကယ်မှာ မာလကာသီး ၏ အသားထက်အခွံနှင့်အစေ့တို့က ကျန်းမာရေးကို ပိုမိုအကျိုးပြုစေသော အစိတ်အပိုင်းများဖြစ် သည်။ထို့ကြောင့်အခွံနှင့်အစေ့တို့ကိုပါညက်ညက်ဝါး၍  စားပေးသင့်ပါသည်။

မှတ်ချက်

     မာလကာသီး  သေးသေးကျစ်ကျစ်က အဖန်ဓာတ်များပြီးချောင်းဆိုး၊ သလိပ်ပွစေတတ်၍ထို အသီးမျိုး ကိုရှောင်ပါ။ အပေါ်ယံအခွံပြောင်တင်းပြီး အပြစ်အနာအဆာကင်းသော အသီးတို့ကို သာရွေးချယ်ပါ။ မာလကာသီး၏သဘောသဘာ၀သည် အပင်မှခူးဆွတ်ပြီးနောက် တဖြည်းဖြည်း မှည့်လာ တတ်၍ အခန်းအပူချိန်တွင် ထားပေးသင့်သည်။ အပူဓာတ်စာအသီးဖြစ်၍ ရေခဲသေတ္တာထဲ သိမ်းဆည်းမထားသင့်ပေ။

Source: ဆောင်းပါးရှင် - ပေါက်ပေါက်                                    

DOCA(ပြည်ထောင်စုနယ်မြေ)