Main menu

ဆေးဖက်ဝင်သော ကညွတ်ပင်

Powered by Drupal
Tue, 09/23/2025 - 11:21 -- consumer_admin

     ကညွတ်တွင်ပါဝင်သော သတ္တုဓာတ်များနှင့် ပျောက်ကင်းနိုင်သော ရောဂါများ ကညွတ်တွင် ပါဝင်သော   သတ္တုဓာတ်များသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်    အရေးကြီးသည်။ ခန္ဓာကိုယ် အတွက် လိုအပ်သော သတ္တုဓာတ်များကို ကညွတ်မှရရှိနိုင်သည်။  ကယ်လ်စီယမ်ပါဝင်သော ကြောင့်  အရိုးနှင့်သွား တည်ဆောက်ပုံ မာကျောမှုကို အထောက်အကူပြုသည်။  ကညွတ်တွင် ပါဝင်သော ကယ်လ်စီယမ်သည် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိသော ပန်ကရိယဆဲလ်များအပေါ် တိုက်ရိုက် အာနိသင်ရှိသည်။ ဖော့စဖရပ်ပါဝင်မှုကြောင့် ကြွက်သားများ ကျုံ့နိုင်ဆန့်နိုင်ပြီး  နှလုံးခုန်နှုန်းနှင့် နာဗ့်ကြောတို့ကို ထိန်းသိမ်းပေးသည်။ ကညွတ်တွင် ပိုတက်ဆီယမ် အများဆုံးပါဝင်သည်။ ပိုတက် ဆီယမ်သည် ကိုယ်တွင်း ကျောက်ကပ်လုပ်ဆောင်မှုနှင့် နှလုံးခုန်နှုန်းကို  ထိန်းသိမ်းပေးသောဆဲလ် နှင့်    ကိုယ်တွင်းအရည်များကို   ထိန်းညှိပေးသည်။  သွေးဖိအားကိုလျော့ကျစေပြီး  သွေးတိုး ခြင်းမှ ကာကွယ်ပေးသည်။  သွေးဖိအားနှင့် ပတ်သက်သော အာနိသင်များရှိသည့် မဂ္ဂနီဆီယမ်ပါဝင်‌မှုကြောင့် သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်စီယမ်နှင့် ရုတင်ဓာတ်ကြောင့်လည်း  ပိုအကျိုးရှိစေသည်။ ကော့ပါးဓာတ်သည် တွယ်ဆက်တစ်သျှူးများကို ပြန် လည်ကောင်းမွန်စေသည့်အတွက် နာကျင်မှု၊ တောင့်တင်းမှုများကို သက်သာစေနိုင်သည်။ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဖြစ်တတ်သော ဝေဒနာများ၊ ကိုက်ခဲခြင်း၊ သွေးဆင်းများခြင်းတို့ကို သက်သာစေသည်။

ကညွတ်၏ အစွမ်းသတ္တိများ

     ကညွတ်တွင်   ဗီတာမင်- A  ကြွယ်ဝစွာ ပါဝင်နေသည့်အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပြီး အတွင်းတိမ်ဖြစ်ခြင်းကို သက်သာစေသည်။ အမြင်အာရုံတွင် အမည်းစက်၊ အမည်း ပြောက်များ မြင်ခြင်းမှ    သက်သာစေသည်။    ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင်  သွေး ချိုရောဂါဝေဒနာရှင်များလည်း စားသုံးနိုင်သည်။ သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်းကို   ကာ ကွယ်ပေးသည်။

    ကညွတ်သည်  အသည်းထဲရှိ အဆိပ်ကို ထုတ်ပေးနိုင်သည့်အတွက် အရက်ကိုကြာရှည် သောက်သုံးသူများ  ကညွတ်ကို  ပုံမှန်စားပေးသင့်သည်။  အရက်အလွန်အကျွံသောက်၍ မအီမသာ ဖြစ်ပါက သက်သာစေနိုင်သည်ဟု သုတေသီများက ဆိုထားသည်။ ဗီတာမင်- K  ကောင်းစွာပါဝင် သောကြောင့် အရိုးနှင့်ပတ်သက်သော ရောဂါများအတွက် အစွမ်းထက်သည်။ အရိုးသိပ်သည်းမှု ပိုကောင်းစေသည်။ ဗီတာမင်- K သည် ကယ်လ်စီယမ်စုပ်ယူမှုကို   ပိုအားကောင်းစေသောကြောင့် အရိုးပွရောဂါနှင့် အရိုးကျိုးအက်မှု ရောဂါများကို ကာကွယ်ပေးနိုင်သည်။

   ကညွတ်တွင်   Asparagine   ခေါ်သည့်    အမိုင်နိုအက်စစ် ပါဝင်သောကြောင့်   ဆီးရွှင်ဆေး အဖြစ် သုံးသည်။  ဒူလာပါဒရက်၊ ‌လေးဖက်နာ၊ ဖောရောင်ခြင်းတို့ အတွက်လည်း အစွမ်းထက်သည်။ ဆီးပူ၊ ဆီးအောင့်နှင့် သည်းခြေရောဂါများအတွက်  အပင်အမြစ်ရည်ကို ပျားရည်၊ နွားနို့တို့ဖြင့်ရော သောက်ပါကသက်သာပျောက်ကင်းစေသည်။သုတေသီများ၏ အဆိုအရ အစာခြေစနစ်ကို ကောင်း မွန်စေကာ  ဝမ်းဗိုက်အဆီကျစေသဖြင့် ကိုယ်အလေးချိန်လျှော့လိုသူများ စားသင့်သည်။

   ကညွတ်သည် Glutathione  ဓာတ်ပေါင်းကြွယ်ဝပြီး အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင် မှုကိုဖြစ်စေ၍    ကိုယ်ခံအားကို     ပိုမိုတိုးတက်ကောင်းမွန်စေသည်။ နေလောင်ခြင်းနှင့် အသက်ကြီး လာ၍  အသားအရေညစ်ခြင်းတို့ဖြစ်စေသော   အရေပြားဆိုင်ရာပြဿနာများကို ကာကွယ်ပေး သည်။ ရောင်ရမ်းမှုကိုလျော့ကျစေပြီး   အသည်းကျန်းမာရေးကို   ကောင်းမွန်စေသည်။ ထို့ပြင် က ညွတ်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးပြီး ကင်ဆာဖြစ်စေတတ်သော ဒြပ်ပေါင်းများနှင့် တ ခြားအန္တရာယ်ဖြစ်စေတတ်သော  ဖရီးရယ်ဒီကယ်ကဲ့သို့ ဒြပ်ပေါင်းများကို  ပြိုကွဲစေသည်။  ကညွတ် ကိုစားသုံးခြင်းဖြင့်  အရိုးကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ လည်မျိုကင်ဆာနှင့် အဆုတ် ကင်ဆာတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။  ကညွတ်သည် အိုမင်းရင့်ရော်မှုကို နှေးကွေး စေသည့် အပြင် ခရမ်းလွန်ရောင်ခြည်  သို့မဟုတ် ပြင်ပလေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်သော အရေ ပြား ရောင်ရမ်းမှုကို ကာကွယ်ပေးသည်။ ကညွတ်တွင် Thiocyanin ဓာတ် ပြည့်ဝစွာပါဝင်မှုကြောင့် အရေပြားထဲရှိ   အဆိပ်အတောက်များကို    လျော့ပါးစေပြီး  နေလောင်ဒဏ်ကို ကာကွယ်ပေးသည်။

ကညွတ်နှင့်ဓာတ်မတည့်သူများ

   ကညွတ်သည် ကယ်လိုရီအလွန်နည်းသည်။ ကညွတ် ၁၀၀ ဂရမ်တွင်   ကယ်လိုရီ ၂၀ ခန့်သာ ပါသည်။ အမျှင်ဓာတ်အရင်းအမြစ်ဖြစ်သော ကညွတ်ကိုစားသုံးခြင်းဖြင့် အစာကြေ၊ လေကြေစေပြီး ကိုယ်ခံစွမ်းအားကို  တိုးတက်မြင့်မားစေသည်။ ဆီးစွန့်ရ တွင် နာကျင်သည့်  ဆီးအိတ်ရောင် ရောဂါ နှင့်  အဆစ်ရောင်ရောဂါရှိသူများသည် ကညွတ်စားသုံးရန်မသင့်လျော်ပေ။ ကညွတ်သည် မတူညီ သောအခြေအနေ၊ အမျိုးအစားနှင့် စိုက်ပျိုးမှုအနေအထားတို့ပေါ် မူတည်၍   တချို့လူနှင့် တိရစ္ဆာန် များကို အန္တရာယ်ဖြစ်စေသည်။ ကညွတ်နုနုကိုအစိမ်းစားပါက လူကိုအဆိပ် အတောက်ဖြစ်စေ သည်။  အဆိပ်ရှိ၍ စားနိုင်သောအစိတ်အပိုင်းသည် ချက်ပြုတ်မှသာ အဆိပ်ကိုပျောက်ကွယ် စေ နိုင်သည်။

အရွယ်တင်နုပျိုစေခြင်း

     ရှေးယခင်ကတည်းက ကညွတ်ရိုးကို အူမကြီးနှင့်ပတ်သက်၍ ခံစားရသောရောဂါများတွင် ဆေးအဖြစ် သုံးခဲ့ကြသည်။  Lutein၊  Zeaxanthin၊ Carotene  နှင့် Cryptoxanthin   တို့ကဲ့သို့ သော   ဓာတ်တိုးဆန့်ကျင်မှုကို ကောင်းစွာကာကွယ်နိုင်သော အရင်းအမြစ်များပါဝင်သည်။  အင်ဆူ လင် ခေါ် ကစီဓာတ်တစ်မျိုးပါရှိနေသောကြောင့် ဝမ်းမချုပ်စေဘဲ အူကိုသန့်စင်စေကာ အူမကြီးကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။  ကညွတ်ထဲရှိ   Glumatic၊ Glycine၊ Cysteine  ဟူသော   အစွမ်း ထက်မြက်သည့် အမိုင်နိုအက်စစ်ပါရှိသည့်အတွက် အရွယ်တင်နုပျိုစေသည်။ ကညွတ်သည်   သဘာ ဝ ဆီးဆေးဖြစ်သောကြောင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးပြီး  အရွယ်တင်နုပျိုစေသည်။

     ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေခြင်း ကညွတ်သည်  ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲတွင် Lithium များစေနိုင်သောကြောင့်    အလွန်အကျွံ စားသုံးသောအခါ  Lithium များ ခြင်း၏  ဆိုးကျိုးများ ရှိလာစေနိုင်သည်။ စားသုံးမှုလွန်ကဲလျှင် သန္ဓေ သား၏ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး  မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နှင့်  နို့တိုက်မိခင်များ  အလွန် အကျွံမစားသင့်ပေ။  ခန္ဓာကိုယ်ထဲမှ ရေများကို   ထုတ်ပယ်ပေးပြီး   မလိုသောအငန်ဓာတ်နှင့် အရည် ဓာတ်ပါဝင်မှုကို လျော့နည်းစေသည်။ သွေးတိုးရောဂါ သို့မဟုတ် ခန္ဓာကိုယ်တစ်သျှူးများတွင်  ရေစု နေတတ်သော  Edema ရောဂါခံစားနေရသူများအတွက်   အကျိုးပြုပေးနိုင်သော ဓာတ်စာ ဖြစ် သည်။  ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို    သက်သာပျောက်ကင်းစေနိုင်သော  အာနိသင်ရှိပေ သည်။

ကညွတ်၏ကောင်းကျိုးများ

     ကညွတ်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ် ခြင်း၊ အရွယ်တင်ခြင်း၊ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါနှင့် နှလုံးကျန်းမာရေးတို့အတွက် သင့်လျော်သည်။    အမျိုးသမီးများ ဟော်မုန်းမညီညွတ်ခြင်း၊ ကျောက် ကပ်နှင့် သည်းခြေတို့တွင်  ကျောက်တည်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း၌ လေပွခြင်း၊ နာတာ ရှည်အဆုတ်တီဘီကဲ့သို့သော မြစ်ခြောက်နာ၊ ကိုယ်ခံအားနည်းရောဂါ၊ အရည်ဝမ်းလျှောခြင်း၊  အာရုံကြောနာကျင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ လေးဖက်နာရောဂါများအတွက် စားသုံး နိုင်သည်။  တချို့တွင်  ကညွတ်ကို အနာစိမ်း၊ အနာခြောက်၊ တင်းတိပ်တို့တွင် ပွတ်လိမ်းပေးနိုင် သော အကျိုးကျေးဇူးများရရှိစေသည်။ ကညွတ်တွင်  ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိသည်။

ချင့်ချိန်စားသုံးသင့်

     ကညွတ်တွင်ပါဝင်သော Oxalic Acid ဓာတ်ပေါင်းကြောင့် ဆီးအနံ့ပြောင်းခြင်း၊  ဓာတ်မ တည့်သည့်သူများတွင်    ခြေဖျား၊     လက်ဖျားများရောင်ရမ်းခြင်း၊ ကိုယ်ဝန်ဆောင်နှင့်  နို့တိုက် မိ ခင်များ   ဟော်မုန်းကိုထိန်းစေတတ်ခြင်းတို့ကြောင့်အစားအစာပမာဏတစ်ခုအနေဖြင့်သာ စားသုံး သင့်သည်။ ကညွတ်စားသုံးခြင်းဖြင့် သွေးထဲရှိ  Uric  Acid  ကို ထုတ်ပေးတတ်သောကြောင့်   အရိုး အဆစ်ရောင်ရမ်းနာ တစ်မျိုးဖြစ်သော ဂေါက်ရောဂါအခံရှိသူများ အနေဖြင့် ချင့်ချိန်စားသုံး သင့် သည်။ တချို့သောသူများတွင် ဓာတ်မတည့်မှုကြောင့်  အနည်းငယ်စားရုံဖြင့် ဒုက္ခရောက်တတ် သည်။ ဓာတ်မတည့်မှု လက္ခဏာရှိပါက အရေပြားနှင့်မျက်စိတွင်   ယားယံနီရဲစေနိုင်ပြီး  ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်သည်။ ကညွတ်နှင့် ဓာတ်မတည့်မှုပြင်းထန်လျှင် နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲ ကျပ်ခြင်း ၊  ပန်းနာ၊  ဝမ်းလျှောခြင်း၊  ခေါင်းမူးခြင်းတို့ဖြစ်လာနိုင်ကြောင်း အကြံပြု ရေးသားလိုက် ပါသည်။

 Source: ဒေါက်တာလပြည့်ခင်                                             

DOCA(ပြည်ထောင်စုနယ်မြေ)