Main menu

မက္ကဒေးမီးယားကိုင်းပိုဖြတ်ခြင်းနှင့်အပင်ပုံသွင်းခြင်း

Powered by Drupal
Mon, 09/22/2025 - 15:48 -- consumer_admin

     ကိုင်းပိုဖြတ်ခြင်းလုပ်ငန်းကို တစ်နှစ်သားမှလေးနှစ်သားအတွင်း အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက မလိုအပ်သောကိုင်းများ ကြပ်ညှပ်နေ၍  အသီးသီးနှုန်းနည်းခြင်း၊  ''V''ပုံ သဏ္ဍာန်ဂွဆုံများဖြစ်၍  လေတိုက်ဒဏ်ကြောင့်  ကိုင်းကျိုးပဲ့ခြင်းများ  ဖြစ်ပေါ်သဖြင့်   ကိုင်းပိုဖြတ်ခြင်းလုပ်ငန်း အရေးတကြီး ဆောင်ရွက်ရန်လိုပါသည်။ အပင်ငယ်စဉ်တွင် သုံးနှစ်သားအရွယ်ခန့်အထိ  ရွက်အုပ်ကျဲနေ၍ ကိုင်းထွက်ရန် လိုအပ်ပါက ကိုင်းထွက်လိုသော နေရာအထက်ကပ်၍ အခေါက်အားထစ်ပေးခြင်းဖြင့်  ကိုင်းထွက်လာစေနိုင်ပါသည်။ အကွာအဝေး စိပ်စိပ်စိုက်၍အပင်ဝင်ဆန့်မှုများသော မက္ကဒေးမီးယားစိုက်ခင်းတွင်အပင် သက်တမ်းကြီးလာသည်နှင့်အမျှ ရွက်အုပ်များထိစပ်ကာ ရေရှည်၌အထွက်နှုန်းကျဆင်းလာနိုင်ပေသည်။ ထိုအပင်များကို ဘေးကိုင်းများဖြတ်ပေးခြင်း၊ လိုအပ်ပါက ကြားပင်များဖယ်ရှားပေးခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နေရောင်ခြည်ကို ပိုမိုမျှတစွာရရှိစေပြီး မှိုရောဂါကျရောက်မှုမှ ကာကွယ် နိုင်မည်ဖြစ်ပါသည်။

DOCA(ရှမ်း)